YPI က ထုတ်ပြန်တဲ့ နိုင်/ကျဉ်း လွတ်စာရင်း
Friday, January 13, 2012
~
Yangon Press International
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇ နာရီ ၁၅ မိနစ်
လားရှိုးထောင်မှ ကိုမင်းဇေယျာ၊ ကိုမင်းဟန်၊ မဟန်နီဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်မည်ဟု မိသားစုဝင် အတည်ပြု၊
ဘူးသီးတောင် အကျဉ်းထောင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် အပါအ၀င် ၉ ဦးလွတ်မြောက်မည်ဟု အတည်ပြုနိုင်ပြီး ၁ ဦးကျန်ရှိမည်ဟုလည်း သိရသည်။
လက်ရှိပြုစုထားသည့် စာရင်းအရ ဘူးသီးတောင် ထောင်တွင် နိုင်ကျဉ်း ၁၀ ဦးထိန်းသိမ်းထားသည်ကို သိရသည်။
ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။
မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား ၁၁၊ မ ၂ ဦး တို့လွတ်မြောက်သည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲ ချမှတ်ခံထားရသူ မသက်သက်အောင် လည်း ယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကို လှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။
လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ၊ သရက်ထောင်မှ ကိုသန်းဇော် ပါဝင်သည်။
~
7 comments :
  1. Anonymous said... :
  1. Anonymous said... :
    ပိုပြီးစိတ်ဝင်စားဖို.ကောင်းလာပြီ။ပြည်ပက ဘာတွေဆက်အော်ကြဦးမလဲ။
  1. Johnny said... :
    သမ္မတကြီး ဦးသိန်းစိန်ကိုအပြည့်ဝထောက်ခံပါတယ်။ကျွန်တော်တို့နိုင်ငံတော်ကြီးရဲ့အနာဂါတ်ငြိမ်းချမ်းပါစေ။
  1. Htun said... :
    We must organise and our good future is not so far.we need good leader.see other country(esp Singapore)
  1. Anonymous said... :
    ပြည်ပကအော်ပုံတွေပြောင်းသွားပြီ။
    ဒီမိုကရေစီ"မ"ရရှိရေး..ဒို့အရေး ထောက်ပံကြေးတွေမလာတော့လို့...:)))))
  1. Anonymous said... :
    that's right! "ပြည်ပကအော်ပုံတွေပြောင်းသွားပြီ။
    ဒီမိုကရေစီ"မ"ရရှိရေး..ဒို့အရေး ထောက်ပံကြေးတွေမလာတော့လို့.."
  1. myathitnge said... :
    အမှန်တကယ်ကို ၀မ်းသာစရာ ကောင်းတာပါ။မိသားစုတွေ ပြန်လည်ဆုံစည်းမှုအတွက် မျက်ရည်ကျတဲ့အထိ ၀မ်းသာရပါတယ်။ဦးသိန်းစိန်အစိုးရကို အတိုင်းအတာ တခုအထိတော့ ထောက်ခံပါတယ်။ အစိုးရနဲ့ အတိုက်အခံပါတီတွေ၊ လက်နှက်ကိုင်အဖွဲ့ အစည်းတွေ စည်းလုံးညွတ်စွာနဲ့ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်လာနှိုင်ရင်တော့ တိုင်းပြည်ရဲ့အနာဂါတ်ဟာ လှပလာတော့မှာပါ။အဲဒီလို ဖြစ်ဖို့အတွက် ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ အတိတ်ကနာကျည်းချက်တွေကို ဘေးဖယ်ထားပြီး အတိတ်က အမှားတွေကို သင်ခန်းစာယူ ရလိမ့်မယ်ထင်ပါတယ်။မြန်မာပြည် ငြိမ်းချမ်းပါစေ..........
    မြသစ်ငယ်
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved