အခြေအနေ မကောင်းတဲ့ ရန်ကုန်က ၈ ထပ်တိုက်

Friday, January 20, 2012

ဓာတ်ပုံများနှင့် သတင်း - မြတ်မိုး/ဧရာဝတီ

အလုံမြို့နယ် အထက်ကြည့်မြင်တိုင်လမ်းမကြီး အမှတ် ၃၆၇
ကန်တရိုက်တိုက်သစ်သည် ဇန်န၀ါရီ ၁၉ရက် ည ၉နာရီတွင် တိုက်အောက်ခြေ၏
အနောက်ဘက်ခြမ်းသည် မြေကြီးထဲ နိမ့်ဝင်ပြီး ၆လက်မ နီးပါ အက်ကွဲသွားကြောင်း
အဆိုပါ တိုက်တွင် နေထိုင်သူများထံမှ သိရသည်။

''ကြွိ ကြွိ ဆို အသံတွေ ကြားပြီး ပြိုကျသံတွေကြားတော့ ကျွန်တော်တို့
နောက်ဖေးကို ပြေးကြည့်လိုက်တာ နောက်ကတိုက်ကနေ ရေပိုက်တွေ ပြတ်ထွက်ကုန်တယ်၊ အက်ကွဲပြီး ပြိုကျနေတာတွေ့တော့ အဲဒီတိုက်ကို လှမ်းအော်ပြီး ပြောရတယ် "ဟု ဆင်စွယ်လမ်းတွင် နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ပထမထပ်မှ နောက်ကျောဘက်ခြမ်းမှ စတင်ပြီး ၄လက်မ၊ ၅လက်မ စတင် အက်ကွဲ ပြိုကျခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ၆လက်မထိ အက်ကွဲပြိုကျနေကြောင်း မြို့နယ်စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပေါ်တွင် နေထိုင်သူများနှင့် ဘေးပတ်ဝန်းတွင် နေထိုင်သူများ စုစုပေါင်း ၂၂၉ ဦးကို မြို့နယ် အတွင်းရှိ အ.မ.က ကျောင်းများတွင် ယာယီနေထိုင်ခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။

''ကျွန်တော်တို့ နောက်လမ်းကလူတွေလဲ မနေရဲလို့ အကုန်ဆင်းပြေးရတယ် ဆိုမှတော့ အဲဒီတိုက်ကလူတွေလဲ အ၀တ်တစ်ထည် ကိုယ် တစ်ခုနဲ့ အခုဆင်းနေကြတာ" ဟု အက်ကွဲပြိုကျနေသော တိုက် အနီးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် အက်ကွဲပြိုကျနေသော နေရာကို မူလ တည်ဆောက်သည့် ဆောက်လုပ်ရေး ကုမဏီနှင့် စည်ပင်မှ တာဝန်ရှိသူများ ပြုပြင်နေသည်။

၈ထပ်တိုက် တစ်တိုက်လုံးကို ဖြိုချပြီး ပြန်လည် တည်ဆောက်ရန် မလွယ်ကူသဖြင့် အကြီးစားပြင်ဆင်ရန် စီစဉ်မည်ဖြစ်ပြီး သတ်ဆိုင်ရာ မြို့နယ်စည်ပင်၏
တိုက်၏ အခြေအနေ စစ်ဆေးမှုပေါ် မူတည်ပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း တိုက်ခန်းတွင် နေထိုင်သူများက ဆိုသည်။

အဆိုပါ တိုက်ကို CCG ဆောက်လုပ်ရေး ကုမဏီက လွန်ခဲ့သော ၄နှစ် နီးပါးက
တည်ဆောက်ထားခြင်းဖြစ်သည်။




11 comments :

  1. Anonymous said... :

    တိုက်ကအသစ်ကြီးရှိသေးတယ်၊ခုလိုဖြစ်တာစည်ပင်ကအသုံးမကျတဲ့အင်ယာတွေမှာတာဝန်လုံးဝရှိတယ်။ဒီပုံစံအတိုင်းပြန်ပြင်နေတာနောက်ဘယ်လောက်ခံမှာလဲ။အဲလို့ရာထူးကိုအသုံးချပြီးတာဝန်အမှန်မယူခဲ့ဘူးဆိုရင်၊တရားစွဲဖို့လုပ်ကြပါ။ဒီအင်ယာတွေနဲ့စင်ကာပူလိုလုပ်မယ်ပြောကြသေး ဟေ ဟေး...။

  1. ဘဘုန်း 8-2 (ဘန်ကောက်) said... :

    အဲ... ပြန်ပြင်တာတော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲလေ... ဖြစ်နိုင်ရင် အားလုံးကို ဖျက်ပြီး အသစ် ပြန်ဆောက်မှ စိတ်ချရမယ် ... သူများနိုင်ငံတွေဆို .. သက်တမ်းပြည့်ရင် ပျက်ပျက် မပျက်ပျက် ပြိုပြို မပြိုပြို အားလုံးထုဖြိုပြီး ပြန်လုပ်ကြတာပါ.. ပြန်ပြင်တာ စိတ်မချရဘူး ... အဲဒီတိုက်မှာ နေတဲ့ သူများလဲ ဆက်ပြီး မနေသင့်တော့ဘူးလို့ ထင်ပါတယ်.. သက်ဆိုင်ရာ တာဝန်ရှိသူများ.. အသစ်ပြန်လည်တည်ဆောက်ရန် အပြုသဘောအရ အကြံပေး တင်ပြလိုက်ပါတယ်ဗျာ... လုံးဝ လုံးဝ စိတ်မချရတဲ့ ပြန်လည်ပြုပြင်မှု့ တစ်ခု သာ ဖြစ်ပါတယ်ဗျာ..

  1. Anonymous said... :

    Mostly nearly all of the new building cannot be trusted.Any time it can be colapse.Because,mostly all are( *Ah sinnt sinnt Khoe ja lo Bya).If earth quake tremble in Rangoon,I think 95% of these buildind,build from 1980 till now,can be grounded.the cement problem,un qualified contracters and engineers were involved.So,totally,it is not safe,and it all must be checked deeply.

  1. Anonymous said... :

    We have good material & good labour, the only we need is good Technology.

  1. Anonymous said... :

    This Building is not fit for occupation and must be demolished ASAP.

    No one must live there. Even the neibouring houses may not be safe in the event of collapse of this building.

    Oo Maung, UK

  1. မင်းသူရိန်(ကိုရီးယား)......

    ပြန်ပြင်မယ်ဆိုတာ...အဆောက်ဦးတစ်ခုမှာအောက်ခြေ
    ယိုင်နဲ့ သွားရင်၊မလုပ်သင့်တဲ့ကိစ္စတစ်ခုပါ...အောက်ခြေ
    ဖောင်ဒေးရှင်းမှမကောင်းတာကိုဆက်နေရင်၊တရုတ်ပြည်
    ငလျှင်ဘေးမှာတိုက်တွေပြို၊လူတွေသေသလိုအဖြစ်ဆိုး
    မျိုးနဲ့ ကြုံတွေ့ ရမှာပါ။တကယ်ဆိုစည်ပင်သာယာကတာဝန်ရှိသူတွေ၊အင်ဂျင်နီယာတွေအနေနဲ့ ၊အသစ်ပြန်ပြီးအ
    စကနေပြန်ဆောက်တာစိတ်အချရဆုံးပါ၊နောက်ပြီးအခု
    ဖြစ်သွားတဲ့ကုမ္ပဏီရဲ့ အဆောက်ဦးတွေအားလုံးကိုပြန်
    လည်စစ်ဆေးပြီးအမြန်ဆုံးအရေးယူဆောင်ရွက်သင့်ပါတယ်။

  1. Anonymous said... :

    တိုက်က အလုံးလိုက် တတိုက်လုံး နိမ့်၍စောင်းမသွားဘူးဆိုရင် ဖြိုချစရာမလိုပါ
    ပျက်တဲ့အပိုင်းကိုသာ ပြုပြင်ရန် လိုပါသည်။
    ရေပြင်ညီ နိမ့်ဆင်းသွားရင်တောင် ဖြိုချစရာမလိုပါ၊

  1. tun aung ko said... :

    88 နောက်ပိုင်းမှာ ရန်ကုန်စည်ပင် က ဆောက်လုပ်ရေး ကန်ထရိုက် ကုလားတွေ ရဲ. လက်ထဲကို လုံးဝရောက်သွားတယ်။ ဒီနေ.အရည်အသွေး မှီတဲ့ ကုမဏီ ဘယ်သူများရှိ လို.လဲ။ ငလျင် 6 ရစ်ချာတာ စကေးလောက် လှုပ်ရင် ကို ရန်ကုန်တမြို.လုံးပြားသွားနိုင်တယ်။

  1. ကိုတိုး said... :

    တရုပ်ပြည်မှာ စီချွမ်ငလျင်လှုပ်ပြီးတော့ ပျိုကျသွားတဲ့အဆောက်အဦးများနဲ့သက်ဆိုင်တဲ့ တာဝန်ရှိ အင်ဂျင်နီယာ များကို death penaltyပေးလိုက်တယ်။ ကဲအခု ဘယ်လိုလုပ်မလဲ? ငလျင်မလှုပ်ပဲ ပျိုတာကတာ့ အင်းးးးးးးးးးးး

  1. Anonymous said... :

    စင်ကာပူလိုဖြစ်အောင်လုပ်မယ်တဲ့။ရယ်ရတယ်၊စည်ပင်ကပိုက်ဆံယူပြီးလိုင်စင်ချပေး၊ကန်ထရိုက်ကကြုံရာဈေးပေါပေါနအင်ဂျင်နီယာငှား၊ပန်းရန်၊လက်သမားခေါ်၊soil testမရှိ၊ materialကြုံရာသုံး၊Inspector မရှိ၊အနရာယ်ဝေးအောင်တိုက်နဲ့နေတဲ့သူတွေဘုရား၊တရားနဲ့နေကြပေါ့ဗျာ။

  1. banyahtut said... :

    မြန်မာပြည်ရဲ့ ဗိသုကာ တွေ့နဲ့ ဒီလောက်တောင် အသုံးမကျ ဘူးလား
    သူများနိုင်ငံတွေ့မှာ အထပ်ကိုးဆယ် တစ်ရာဆောက်နေတာ ဘာသံမှမကြားရဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved