ဝန်ကြီး၊ ညွှန်မှူးများနဲ့ ဂေါက်

Friday, January 20, 2012



(ဓာတ်ပုံ - stevemccurry.wordpress.com)

အစိုးရဌာနဆိုင်ရာ အကြီးအကဲများ ဂေါက်ရိုက်ကစားခြင်းအတွက် တင်ပြလိုပါတယ်
အားကစားနည်းတစ်ခုကို ဆန့်ကျင်ခြင်းမဟုတ်ပါကြောင်း နားလည်စေချင်ပါတယ်

ဂေါက်ကစားခြင်း၏ ကုန်ကျစရိတ်ကို အယ်ဒီတာကြီး သိမည်ဖြစ်ပါတယ်ခင်ဗျား

ဒါက အကြောင်းမဟုတ်သေးပါ
အစိုးရသစ်လက်ထက်တွင် Clean Government, Good Governance ကို ဖော်ဆောင်လျက်ရှိရာ နံနက် 09း00 နာရီနှင့် 163း0 နာရီအကြား ကစားခြင်းမှာ
ကောင်းသော အစိုးရလုပ်ငန်းဖော်ဆောင်ခြင်းနှင့် ဆန့်ကျင်နေပါသည်၊

ရံဖန်ရံခါ ဌာနလေးလပတ်၊ နှစ်ချုပ်အစည်းအဝေးအထိမ်းအမှတ်အနေဖြင့် ကစားခြင်းမှာ စည်းရုံးရေးအရ ကောင်းမွန်ပါတယ်
နေ့စဉ် ရုံးစောဆင်းပြီး လက်အောက်ဝန်ထမ်းများရှေ့မှာ ဂေါက်ရိုက်ထွက်တာ နိုင်ငံတော်ရဲ့ ဖော်ဆောင်လုပ်ငန်းကိုရော လက်အောက်ဝန်ထမ်းများကိုပါ စော်ကားရာကျပါတယ်

ဂေါက်ကွင်းတာဝန်ခံများသည်လည်း အစိုးရ ၀န်ထမ်းများဖြစ်ရာ ရုံးချိန်အတွင်း ဌာနအကြီးအကဲများ ဂေါက်လာကစားခြင်းသည် ရှက်စရာဖြစ်ပါသည်
လက်အောက်ဝန်ထမ်းများမှ တင်ပြချက်များ နှောင့်နှေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရသောလုပ်ငန်းများ ကြန့်ကြာနိုင်သလို မှားယွင်းနိုင်ပါတယ်

ဝန်ကြီး၊ MD,DG၊ ညွှန်မှူးများမှာ စစ်တပ်မှ ပြောင်းရွှေ့လာသူပိုများရာ အရပ်သား ၀န်ထမ်းများ(အရာရှိ/အခြားအဆင့်)မှ ကြောက်ရွံ့မှုရှိကြပါသည်
Prisedentများ၊ လွှတ်တော် လူကြီးများတောင် မိမိတို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းကို ကိုယ်ပိုင်ချိန် မအားသည့်အကြားမှ ဆောင်ရွက်ကြရာ ၀န်ကြီးများနှင့် MD,DG များ အနေဖြင့် မလုပ်သင့်ကြပါ
ငွေကြေးနှင့်ပတ်သက်ဆောင်ရွက်ရသော ဌာန(ုစီးပွားရေး/ ဘဏ္ဍာရေး/ ကန်ထရိုက်)များမှ အကြီးအကဲများ ကစားပါက နစ်နာမှူပင် ဖြစ်စေနိုင်ပါသည်

နိုင်ငံတော် Prisedentထံသို့ mediaမှတစ်ဆင့် တင်ပြစေလိုပါတယ်
မဟုတ်ပါက ဌာန/ နာမည်ဖြင့် တင်ပြက နစ်နာစေနိုင်သဖြင့် ဖြစ်ပါတယ်
ရန်ကုန်နှင့် နယ်မှာဆိုလျှင် ပြည်တွင်းအခွန်မှ ဦးစီးအရာရှိအများစုက ဂေါက်ရိုက်ခြင်းကို ရုံးချိန်ရောရုံးချိန်ပြင်ပတွင် ကစားနေကြရာ မသင့်တော်ပါ
စစ်ဆေးအရေးယူသင့်ပါတယ်

သို့မှသာ အစိုးရဌာနများတွင် အထက်အောက်ကြည်ညိုလေးစားမှုရှိကြပြီး လုပ်ငန်းတိုးတက်နိုင်မှာပါ
နိုင်ငံအကျိုးမျှော်ကိုး တင်ပြခြင်းဖြစ်ပါတယ်

တိုင်းပြည်ချစ်သူတစ်ဦးအနေဖြင့် ဂျာနယ်များကို ယုံကြည်လေးစားတင်ပြစေတာပါ

နိုင်ငံတော်အကြီးအကဲသိစေရန်နှင့် ၀န်ကြီးများ၊ MD,DG ကြီးများ ပြုပြင်လျှင် ကျေနပ်ပါသည်
လေးစားစွာဖြင့်

6 comments :

  1. Anonymous said... :

    postကိုထောက်ခံပါတယ်စာလုံးပေါင်းလေးတော့ဂရုစိုက်ပြီးမှတင်ပါ။အဲဒီ့နောက်မှာအဂတိမှူတွေတသီတတန်းကြီးဆိုတာလဲပြောပြဦးလေ...။

  1. Oo Maung, UK said... :

    This behaviour of the employees at any grade is not acceptable. It is a sort of corruption at the expense of the employer which is the Government and the Tax payer or the People of the country.
    This practice should be stopped at all levels up to the highest.

  1. kyawmyint said... :

    There is also the rubbish "Hole in one" news in the newspaper which doesn't make any sense to us ordinary people.Waste of valuable space for the paper.

  1. Anonymous said... :

    အေးဗျာ မြန်မာပြည်မှာက စီးပွားရေးလုပ်တယ် အစိုးရအရာရှိ ဖြစ်တယ် ဆိုရင် ဂေါက်မကစားတတ်ဘူး ဆိုရင်ပဲ လူရာမ၀င်တော့ သလိုဖြစ်နေတယ်။ နယ်ူမို.တွေကပိုဆိုးပါတယ်။ မဆလ လက်ထက်က ကောင်စီရုံးအဖွဲ.မှူး လိုလူက အခုကျတော့ နယ်မှာ အရှင်သခင်ကိုး။ ခ ၀ တ လိုစစ်တပ် ကလူက ပိုဆိုးသေးတယ်။ အောက်ခြေက လူတွေက ခေတ်ပြောင်းပေမဲ့ အကျင့်တွေက မပြောင်းကြ သေးပါဘူး။

  1. Anonymous said... :

    ဆရာတော်တပါးက မိန့်ဖူးပါတယ်
    ဝန်ထမ်းတွေ အလုပ်ချိန်စောပြီးပြန်တာဟာ
    ငါးပါးသီလနဲ့ငြိစွန်းပြီး သူတပါးပစ္စည်းခိုးသလို
    သခိုးပဲတဲ့ ကျွန်တော်တို့ တိုင်းပြည်က
    ပညာတက် လူကြီးလူကောင်းအမည်ခံ
    သူခိုးများ ဘုရားရှင်ခိုးတိုင်း "နိဗ္ဗာန်သို့
    လျှင်မြန်စွာ ရောက်ရပါလို့၏ "
    လို့ဆုတော့ တောင်းကြသဗျ
    ဆုတောင်းတိုင်းသာ. . ပြည့်မယ်ဆိုရင် . . .
    ဒီဘဝ . .ဒီမျှနဲ့ပဲ . . .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved