ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင်တွင် ကွယ်လွန်ခဲ့

Tuesday, January 31, 2012




ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ရောက်ရှိစဉ် ဒေသခံတဦးထံမှ ရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ပါဝင်သော ဓာတ်ပုံ (ဓာတ်ပုံများ-ထားဝယ်မြို့ တော်/facebook)

Facebook တွင် အများစိတ်ဝင်စားနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွဲရိုက်ထားသည့်ဓာတ်ပုံတွင် ပါဝင်သူ မောင်မြင့်ထူးသည် စစ်အရာရှိတဦးဖြစ်လာပြီး ရန်ကုန်ရှိ စစ်ကြောရေးစခန်းတခုတွင် သေဆုံးသွားခဲ့သည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ Facebook တွင် ရေးထားသည်။

ဖမ်းဆီးစစ်ကြောခံရသည့် အကြောင်းရင်းနှင့် သေဆုံးချိန်ကို ဖော်ပြထားခြင်း မရှိပေ။

"ပုံမှာပါတဲ့ ဗိုလ်ချုပ်နံဘေးက မောင်မြင့်ထူးဟာ တပ်မတော်မှာ ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ပြီး အာဏာရှင် ဦးနေ၀င်း လက်ထက်မှာ အာဏာရှင် စနစ်ကို ဆန့်ကျင်ဖီဆန်တဲ့ အဖေတူသား ဗိုလ်မှူးဗထူးရဲ့ သား ဗိုလ်ကြီးမြင့်ထူးဟာ ရေကြည်အိုင် ဖက်ဆစ်အကျဥိးစခန်းထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်" ဟု
ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရေးထားသည်။

"အဲဒီ သမိုင်းတွေကို နောက်လာနောင်သားတွေ အတုယူသင့်ပါတယ်။ အဖေရော သားပါ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတဲ့ ထားဝယ်သားတွေ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အားလုံးကို အလေးအမြတ် ဂုဏ်ပြုလိုက်ပါတယ်" ဟု ၎င်းက ဆက်လက် ရေးသား ဖော်ပြထားသည်။

ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင်တွင် ကွယ်လွန်သည်ဟူသော အချက်အလက်နှင့် ပတ်သက်ပြီး စစ်တပ်အတွင်းရေးများကို ဖွင့်ချနေသည့် "စည်းလုံးခြင်းရဲ့အင်အား" အင်တာနက်စာမျက်နှာ http://photayokeking.blogspot.com/2009/03/blog-post_4306.html တွင်လည်း တွေ့ရသည်။

ရေကြည်အိုင်သည် ရန်ကုန်မြို့ရှိ နာမည်ကျော် စစ်ကြောရေးစခန်းတခုဖြစ်သည်။

ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း နိုင်ငံရေးသမားများ အပါအ၀င် ထိန်းသိမ်းခံရသူ အများအပြားကို စစ်ထောက်လှမ်းရေးတပ်ဖွဲ့က အထူး နှိပ်စက်ညှဉ်းပန်းရာတွင် ထိုစခန်းကို အသုံးပြုကြသည်။

ထိုစခန်းတွင် စစ်ကြောခံရစဉ် ဒုက္ခိတဖြစ်သွားသူ၊ သေဆုံးသူ အများအပြား ရှိသော်လည်း ထိုအကြောင်းအရာတို့ကို စုံစမ်းဖော်ထုတ် ဖွင့်ချမှုများ မရှိသေးပေ။

ထားဝယ်သား တစ်ဦးက ဗိုလ်မှူးဗထူး၏သား ပါဝင်သော ယင်းဓာတ်ပုံကို သိမ်းဆည်းထားခြင်း ဖြစ်ပြီး တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ရောက်ရှိစဉ် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အသက် ၈၈ နှစ်အရွယ် ထားဝယ်သား ဦးရန်ရှင်း (၈၈)နှစ်က ဒေါ်အောင်ဆန်းစုကြည်အား
သမိုင်းဝင်ပုံ လက်ဆောင်ပေး

ညွှန်း - http://moemaka.blogspot.com/2012/01/son-of-col-ba-htoo.html

အင်္ဂါ ည ၈း၀၀ နာရီ မှတ်ချက် - ခေါင်းစဉ်တွင် ဗိုလ်မှူးဘထူး ဟု ရေးသားခဲ့ပြီး ယခု ဗိုလ်မှူးဗထူး ဟု ပြင်ဆင် ရေးသားလိုက်ပါသည်

3 comments :

  1. Anonymous said... :

    Qintana is now in Myanmar.

    Get all past stories of atrocities , either in Myanmar or English ......

    try to get access to him while he is in Myanmar and hand those to him.

    He will get interpretation later.

    give all of you Contact Details in case if you all are necessary to be contacted to .

    do it now as soon as u see this message.

    and get him and give him ...to all in Myanmar Naing Ngan .............

    or post to him.

  1. honey said... :

    ရေကြည်အိုင်လူသတ်စခန်းကို
    အမြန်ဆုံးဖယ်ရှားပေးပါ။
    စစ်ကြောရေးကလူမဆန်မှုကို
    ထိထိရောက်ရောက်အေ၇းယူတားမြစ်ပေးပါ။
    လူမျိုးအချင်းချင်းမျိုးသုန်းစေပါသည်။

  1. Anonymous said... :

    အဲဒီလူသတ်စခန်းကို အခုမဖယ်ရှားနဲ့ ဦး သူတို့ အလှည့်ရောက်တဲ့ အခါပြန်အသုံးချဖို့ လိုသေးတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved