အလံနီစိုက်ခံရတဲ့ မုံရွာကအိမ်များ

Wednesday, January 25, 2012

မုံရွာမြို့ အာဏာပိုင်တွေက အိုးဘိုတောင်တိုးချဲ့ရပ်ကွက်မှာ အလံနီတွေ လိုက်စိုက်နေတယ်လို့ မုံရွာက လာတဲ့ စာတစောင်မှာ ရေးထားပါတယ်။ ပုံတွေလည်း ပူးတွဲ ပါပါပတယ်။ အလံစိုက်ထားတဲ့ အိမ်တွေဟာ ရွေ့ပြောင်း ရမယ့် အိမ်တွေလို့ ဆိုပါတယ်။

မုံရွာမြို့၊ အိုးဘိုတောင်(တိုးချဲ့) ရပ်ကွက်မှ လူနေအိမ်ခြေများအား ရွှေ့ပြောင်းခိုင်းခြင်း
နေ့စွဲ။ ။၂၄၊ ၁၊ ၂ဝ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အိုးဘိုတောင်(တိုးချဲ့) ရပ်ကွက် တောင်မှ မြောက်သို့လားသော် ထင်းရှုးလမ်း၊ အောင်မြေလမ်း၊ ဖွားဖက်တော်လမ်း၊ စွယ်တော်လမ်း။ အရှေ့မှ အနောက်သို့လားသော် ၁၃လမ်းနှင့် ၁၄လမ်း ကြားရှိ အိမ်ထောင်စုပေါင်း ၇၇ လုံးအား ခရိုင် အတွင်းရေးမှူးဆိုသူ၏ နှုတ်မိန့်ဖြင့် နေရာ ရွှေ့ပြောင်းပေးရမည်ဟု အိုးဘိုတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ဆိုသူက လာရောက် ပြောဆိုပါသည်။

၎င်းအပြင် ရွှေ့ပြောင်းပေးရမည့် အိုးအိမ်များမှ လျှပ်စစ်မီးကြိုးများကိုလည်း အောင်ချမ်းသာမြို့သစ်၊ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း၊ ရဲတစ်ယောက်၊ လျှပ်စစ်လိုင်းမင်း အပါအဝင် လူ ၄-ယောက်က လာရောက်ဖြတ်တောက်ရာ အိမ်ပိုင်ရှင်များက ပြန်လည်သွယ်လိုက်၊ ဖြတ်ပစ်လိုက်ဖြင့် ၃-ကြိမ် ရှိပြီ ဖြစ်ပါသည်။

ထို အိမ်ရွှေ့ပြောင်းရာတွင် နစ်နာသော အိမ်ရှင်များအတွက် ဖျက်၊ ရွှေ့ပြောင်း စရိတ်ကို တွက်ချက်ရာ၌ အိုးဘိုတောင် အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့် အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးသူရိန်ဝင်း ဆိုသူလည်း ပါဝင်ပါသည်။ သို့သော် နစ်နာပြောင်းရွှေ့စရိတ်အား ငွေကြေးအတိုင်းအတာသာ တွက်ချက်ပေးပြီး စရိတ်စကအား လုံးဝ မပေးပါ။

လက်ရှိ နေထိုင်လျက်ရှိသော အိမ်ဝင်းထက် အဆပေါင်းများစွာ ကျဉ်းမြောင်းသော ပေ ၂ဝx၆ဝ အကွက် များကိုသာ ပြန်လည်ပေးမည် ဖြစ်ပါသည်။ ရွှေ့ပြောင်း ခံရသော အိမ်ပိုင်ရှင်များက မကျေနပ်သောကြောင့် တင်ပြပေးပါရန် တောင်းခံအပ်ပါသည်။

ရွှေ့ပြောင်းခံရသော အိမ်ပိုင်ရှင်များ
အိုးဘိုတောင် (တိုးချဲ့) ရပ်ကွက်
မုံရွာမြို့၊ စစ်ကိုင်းတိုင်း













4 comments :

  1. bluebird said... :

    why are they being forced to move?

  1. Anonymous said... :

    ဒီလို အချိုးတွေချိုးလာတာ များလှပြီ ဒီနိုင်ငံမှာ ပြည်သူလူထုတွေကို အသာလွတ်အဲလိုတော့ လုပ်မသွားပါနဲ့ နှစ်ဦးနှစ်ဘက်စဉ်းစားပေးစေလိုပါတယ်
    သိပ်သနားစရာကောင်းတဲ့ ဒိုပြည်သူလူထုတွေ နောက်ထပ်မနာစေချင်တော့လို့ပါ နားလည်ပေးပါ လူထုတွေကို

  1. Anonymous said... :

    army government is like this

  1. JP said... :

    စာနာပါတယ်ဗျာ ကျနော်တို့လည်း အဲလိုခံရဖူးပါတယ် အရမ်းဒုက္ခရောက်ခဲ့ပါတယ် ဘယ်နေရာလဲလို့တော့မပြောတော့ဘူးနော် ကြောက်လို့ ဟဲဟဲဟဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved