ကိုနေမျိုးဇင်ရဲ့ ထောင်ဒဏ် ၁၀ နှစ် ဆုရ ဆောင်းပါး

Monday, January 16, 2012



စစ်သားလေးရေ။ ရန်ကုန်က ထောင်ပျော် အဘ တယောက် စစ်အာဏာရှင် စနစ်ကို ရဲရဲတောက် တော်လှန်နေတဲ့ ဘဘကြီး တစ်ယောက်က ဒီနေ့ ပြောလိုက်တယ်။
" သူ့မြေ မကျဉ်း ကိုယ့်ကွင်း မပိတ် " စေချင်ဘူးတဲ့။
သွားလမ်း ပြေပြေ ၊ ပြန်လမ်း ချောချော ဖြစ်စေချင်တယ်တဲ့။


လွတ်လပ်မှ အမျှဝေပါ လို့ ပြောခဲ့တဲ့ ငါတို့ အဖိုး အဖွားတွေ မျက်နှာကို ပြန်ထောက်ပြီး ငါတို့ အတူတူ ချစ်ခင်စည်းလုံးစွာနဲ့ ငါတို့ ဘ၀တွေ ခိုင်မာအောင် ငါတို့ အနာဂတ်တွေ လှပအောင် အတူတူ အလုပ်လုပ်ကြမယ်လေ။ ကိုင်းကျွန်းမှီ ပေါ့။

စစ်သားလေးတို့ရေ ။ မင်းတို့ ငါတို့ ဘေးနိုင်ငံတွေကို ကြည့်လိုက်စမ်း ။ သူတို့ ဆီက မျိုးဆက်သစ် ကလေး သူငယ်လေးတွေ ရဲ့ မျက်ဝန်းလေးတွေဟာ တောက်ပ ကြည်လဲ့ ငြိမ်းချမ်း ကြည်နူးလို့ .................
အားမကျ ဘူးလား စစ်သားလေးရေ....။

အထက်ပါစာစုကတော့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ခေါ်) ဘလော်ဂါ ညီတိုးငြိမ်းချမ်း ထောင်ဒဏ် ၁၀ နှစ် ဆုရရှိခဲ့တဲ့ ဆောင်းပါးပါ ကောက်နုတ်ချက်ပါ။

ကိုနေမျိုးဇင်က ထောင်က လွတ်ပြီးပြီးချင်းပဲ ဘလော့ဂ်မှာ စာတွေ ပြန်စရေးနေပါပြီ။ ထောင်ကျတဲ့ဖြစ်စဉ်မှာ သူ့ရဲ့ အတွေ့အကြုံတွေကို စပြီး ဖောက်သည်ချနေတာ ဖတ်ရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved