တချိန်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းဆိုတာ စက်ဘီး အချင်းချင်းတိုက်ရင်တောင် မော်တော်ဗဟီကယ်က ပြာယီပြာယာနဲ့ ချက်ခြင်းကို ရွှေ့ခိုင်းဖယ်ခိုင်းတဲ့ နာမည်ကျော် ဗွီအိုင်ပီ လမ်းမကြီးပေါ့ဗျာ၊
အခုတော့ သူလဲပဲ အိုဟောင်း နွမ်းလျ မျက်နှာပန်းမလှတော့ရှာပါဘူး၊
သောကြာနေ့ ညနေ ၃ နာရီလောက်ကထဲက သာမာန် (၃စီးတိုက်တယ်ပြောတာပဲ) ယဉ်တိုက်မှုတခု ကမ္ဘာအေးဘုရားလမ်းမကြီးနဲ့ ဘူတာရုံလမ်း ( စာတိုက်မှတ်တိုင်အနီး )မှာ ဖြစ်ပွားခဲ့ပါတယ်၊
ညနေ ၆း၀၀ အထိ ရန်ကုန်မှ တံတားလေးလမ်းဝ အသွား ယဉ်ကြောတဖက်ပိတ်ဆို့
နေပါတယ်၊ အကြောင်းမူကား... လိုင်စင်လွယ်လွယ်ရ၊ လက်တချောင်းထောင် ယဉ်ကြောပြောင်းလို့ရနေတဲ့ ဂနေ့ မြန်မာပြည်ကြီးရဲ့ ယဉ်မောင်းလောက အိုလောဘ ကြားမှာ ထိလွယ်လျလွယ်
သေကြေလွယ်တဲ့ ပေတစ်ရာဘဝတွေ ထဲက ယဉ်အက်စီးဒင့်မလှတော့ .. အမြင်မတော်လို့ ဆင်းရိုက်လိုက်ပါတယ်။
အရည်အချင်းမပြည့်မီတဲ့ ယဉ်မောင်းလိုင်စင်တွေ လွယ်လွယ်ထုတ်ပေးတာတွေ၊ လမ်းကြောစည်းကမ်းမဲ့နေတာတွေ၊ ယဉ်ထိန်းတွေအလုပ်မလုပ်တာတွေ၊ တာဝန်ပေါ့လျော့မှုတွေကြောင့် ယာဉ်တိုက်မှုတွေက ဖြစ်နေတာပါ။
အဲသည်နေ့ဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ယာဉ် / လမ်း အန္တရာယ် ကင်းရှင်းရေး ပြပွဲပြိုင်ပွဲ ( တပ်မတော် ခန်းမ ) မှာ ပြတဲ့နေ့ပေါ့ဗျာ။ မီးပွိုင့် ဆိုတာလည်း အခစား ယာဉ်ထိန်း လို့ မှတ်ရလောက်အောင် ယာဉ်ထိန်း နဲ့ ကားသမား နဲ့ Adjust လုပ်လို့ ရနေရင် သည်လိုအဖြစ်မျိုးတွေ ဖြစ်နေမှာပါပဲခင်ဗျာ။