![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfdfmM5VrS301pcOcQYQnEB5cznv9lC9q8xaghv0NPqxPu_6mMuFvo_q5dfUbQ4uMsbgi7preab0WFHkBtFRqkdibTMrvV13h20dNdUJauC3fi23BOCTzrTRvwH9kZ9lpDzqEYEoGcuB4/s400/2011-11-07-06-w6.jpg)
ဒီနေ့ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တွေ့ဖို့ စီစဉ်ထားကြပါတယ်။
၈၈ ဘက်က မင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် ၈ ဦး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။
မကြာသေးမီက ထောင်အသီးသီးက ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ဒီမိုကရေစီခေါင်းဆောင်နဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ကြမှာ ဖြစ်ပါတယ်။
ခေါင်းဆောင် အသီးသီး ၁၉၈၈ ခုနှစ်မှာ တွေ့ဆုံမှု ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ မကြာခဏ ထိန်းသိမ်းခံကြရတာကြောင့် မဆုံဖြစ်ခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ချိန်တွေမှာ ၈၈ ခေါင်းဆောင်တွေ ထောင်ထဲ ရောက်နေကြပါတယ်။
မြန်မာပြည်ကတော့ ဟုတ်နေပြီ၊ သတင်းတွေမှာတွေ့တာတော့ ဒေါ်စုကလည်း ဒေါ်စု၊ ကိုမင်းကိုနိုင်နှင့် ၈၈ ကလည်း ၈၈၊ ကိုဇာဂနာကလည်း ကို ဇာဂနာ (ဇာဂနာကဇာနာပဲ)၊ (သီးလေးသီးကလည်း သီးလေးသီး (ဒီလောက်ပျက်လုံးတွေထုတ်တာတောင် အဖမ်းမခံရသူများ)၊ ကိုကျော်သူကလည်း ကိုကျော်သူ (ကိုဇာဂနာက သူ့ကိုလာမတွေ့လို့စိတ်ဆိုး၊ ကိုဇာဂနာအမေကိုတော့ သူကိုယ်တိုင် မြေကျအောင်လုပ်ပေးခဲ့ရပြီး) :)၊ ဦးခင်ညွှန့်ကလည်း ဦးခင်ညွှန့် (ဂျာနယ်မင်းသားကြီး)၊ ဟဟ၊ အားလုံးကတော့ လျှော့မယ်ပုံမပေါ်ဘူး၊ ဦးဦးသိန်းစိန်ကတော့ ဘယ်လိုတွေးနေမလဲမသိဘူး။ ကိုကိုသန်းရွှေ၊ ကြိုင်ကြိုင်နှင့်တကွ သားသမီးမြေးမြစ်များကလည်း ထိုင်ကြည့်ပြီး ဘာတွေတွေးနေမလဲမသိဘူး။ နောက်ဆုံးတော့ အရှင်ပဲထွက်လား အသေပဲထွက်လား ထွက်တဲ့ဆရာကြီး မင်းသိင်္ခကို သတိရပါတယ်။