ထိုင်းဝန်ကြီးချုပ် တက်မယ့် အိန္ဒိယ Republic Day

Tuesday, January 24, 2012

လာမယ့် သောကြာနေ့၊ ဇန်န၀ါရီ ၂၆ ရက်နေ့မှာကျတဲ့ ၆၃ နှစ်မြောက် အိန္ဒိယ Republic Day မှာ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ ထိုင်းဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝတ်ထ်ကို အိန္ဒိယ၀န်ကြီးချုပ် မာမိုဟမ်ဆင်းက ဖိတ်ကြားထားတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်ဟာ ထိုင်းဝန်ကြီးချုပ်ယင့်လတ်အတွက် ပထမဆုံး အိန္ဒိယခရီးစဉ် ဖြစ်ပါတယ်။

အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုကနေ လွတ်လပ်ရေးရပြီးတဲ့နောက် အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တွေက အိန္ဒိယနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြဌာန်းတဲ့နေ့ကို Republic Day ဆိုပြီး နှစ်တိုင်း မြို့တော်နယူးဒေလီမှာ ကျင်းပတာမှာ နိုင်ငံတကာက ခေါင်းဆောင်တွေကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားလေ့ရှိပါတယ်။ မနှစ်ကတော့ အင်ဒိုနီးရှားသမတ ဆူစီလိုဘန်ဘန်းကို ဖိတ်ခဲ့ပါတယ်။

ယင့်လတ် အိန္ဒိယကို ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရောက်နေတုန်းမှာ အိန္ဒိယ-ထိုင်း နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး သဘောတူ စာချုပ်တွေလည်း ချုပ်မယ်လို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved