ဖောင်ကြီးသင်တန်း

Sunday, January 22, 2012

သင်တန်းခန်းမ အတွင်းဘက် မြင်ကွင်း
ဒါက သင်တန်းခန်းမ အပြင်ဘက် မြင်ကွင်း

ကျင်းပဆဲ ၃ လကြာ ဖောင်ကြီးသင်တန်းလို့ သိရပါတယ်။

သင်တန်းမှာ ဘာတွေ သင်တယ် မသိရပါ။

8 comments :

  1. Anonymous said... :

    ဒီမိုကရေစီ တည်ဆောက်နေတဲ့ အခုလို အချိန်မျိုးမှာ ဒီကျောင်းက လုံးဝ ရှိမနေအပ်တော့ပါ။

  1. Anonymous said... :

    မွေးမြူရေး၊ စိုက်ပျိုးရေး အကြောင်းတွေလဲ သင်ရတယ်လို့ ကြားဖူးပါတယ်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးကကော နောင်မှာ ဆက်ရှိနေအုံးမှာလား?

  1. မျိုးမြန်မာ said... :

ုဒီမိုကရေစီခေတ်မှာ ပိုတောင် လိုဦးမယ်ထင်ပါတယ်၊ ပြည်သူ့  ၀န် (အစိုးရ ၀န် မဟုတ်ပါ) ကို ထမ်းကြမယ့် ၀န်ထမ်းတွေ အတွက် သိသင့်သိအပ်တဲ့ ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ကျင့်ဝတ်၊ခံယူချက်တွေ ကို လေ့ကျင့်သင်ကြားပေးဖို့  Civil Service Institute ကတော့ ခေတ်အဆက်ဆက် လိုအပ်မှာပါ၊ စစ်အစိုးရ နှစ် ၂၀ ကာလအတွင်းမှာ တပ်မတော်က အရာရှိတွေကို ၀န်ထမ်းအဖွဲ့ အစည်း အသီးသီးမှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့တယ်၊ ၀န်ထမ်းအဖွဲ့ အစည်း အကြီးအကဲ ရာထူးတွေကိုတောင် တိုက်ရိုက်ပေးခဲ့တယ်၊ ဒါကြောင့်လည်း အရပ်သား ၀န်ထမ်းတွေအတွက် တက်လမ်းတွေ ပိတ်ဆို့ ပြီး နစ်နာခဲ့ရတယ်၊ ကြိုးစားချင်စိတ်တွေ ကုန်ဆုံးခဲ့ရတယ်၊ စစ်သားဘဲ စစ်တပ်မှာ အုပ်ချုပ်ရေး သင်ပေးပြီးသား၊အတွေ့ အကြုံရှိပြီးသား ဆိုပြီး အရပ်ဘက်မှာ ထင်ရာစိုင်းကြတာကြောင့် ၀န်ထမ်းအဖွဲ့ အစည်းတွေရဲ့  စွမ်းဆောင်မှု ကျဆင်းလာတယ် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုကိုလည်း အဲသည် စစ်သားဟောင်း အရာရှိတွေက ဘဲ ဦးဆောင်လုပ်လာခဲ့တယ်။
    အခု ခေတ်ပြောင်းသွားပါဘီ၊ စစ်တပ်ကနေ အရပ်ဘက် လွှဲပို့ နေတာတွေ ရပ်ပါတော့၊ ဒီစစ်အရာရှိတွေကို လေ့ကျင့်ပေးခဲ့တာက စစ်တိုက်ဖို့ ပါ စစ်မှုထမ်းဖို့ ပါ၊ ဖြတ်လမ်းနည်းနဲ့ အရပ်ဘက် ရာထူးတွေ တက်ယူဖို့ မဟုတ်ပါဘူး။
    အရပ်ဖက် ၀န်ထမ်းအဖွဲ့ အစည်းတွေမှာ တာဝန်ထမ်းကြမယ့် ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်တဲ့ ပြည်သူ့ ဝန်ထမ်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်၊ စနစ်တကျလေ့ကျင့်ပေးဖို့ တာဝန်ရှိတာက ပြည်သူ့  ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့  တစ်ဖြစ်လဲ ရာထူးဝန်အဖွဲ့ ပါ၊ သမ္မတကြီး ဒေါက်တာမောင်မောင်ရဲ့ သား ဦးကျော်သူ ဦးဆောင်တဲ့ ရာထူးဝန်အဖွဲ့ အနေနဲ့  ကိုယ့်တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ပိုင်ပိုင်နိုင်နိုင် စေတနာပါပါ အသုံးချပြီး အရပ်ဖက် ၀န်ထမ်းအဖွဲ့ အစည်းတွေ အတွက် လူမှန်နေရာမှန် ပြည်သူ့ ဝန်ထမ်း စစ်စစ်ရွေးချယ်ရေး အခုက စ ပြီး အလေးပေး ဆောင်ရွက်သင့်ပြီလို့ ထင်ပါတယ်၊ ဒါမှ ပြောင်းလဲလာတဲ့ စနစ်နဲ့ အညီ အရည်အသွေး ပြည့်ဝတဲ့ ပြည်သူ့ ဝန်ထမ်းတွေနဲ့ ဖွဲ့ စည်းထားတဲ့  ၀န်ထမ်းအဖွဲ့ အစည်းတွေဖြစ်လာပြီး တိုင်းပြည်နဲ့ လူမျိုးကို ထိထိရောက်ရောက် အလုပ်အကျွေးပြုနိုင်မှာ ဖြစ်ပါတယ်။

  1. Anonymous said... :

    ပထမပုံကတော့ သင်တန်း နည်းပြမလာခင် ဒီလိုဘဲ ပင်ပန်း လို့ အိပ်နေတာပါ။ ဒါကို အကောင်းမမြင်ဘဲ အဆိုးမြင်ရှုထောင့်ကနေ ရိုက်ပြီး အွန်လိုင်းတင်ထားခြင်း ဖြစ်ပါတယ်။ ဘယ်သင်တန်းမဆို နံနက်ပိုင်း ၅ နာရီ လောက်ထပြီး PT ပြေး ပြန်လာတော့ သင်ခန်းစာဝင်နဲ့ ပင်ပန်းလိုပါ။ ဒုတိယပုံကတော့ သင်တန်းမှ အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေရတော့ ပျော်ရပါတယ်။

  1. Anonymous said... :

    သင်တန်းဆိုတာကပင်ပန်းချည်းဘဲလေ
    သင်တန်းတတ်တဲ့သူတိုင်းသိပါတယ်
    ဘယ်သင်တန်းမဆို၅မီနစ်ပဲအချိန်ရရအိပ်ကြတယ်
    ကိုယ်တွေ.ပါ။

  1. Anonymous said... :

    ပြည်သူ့ဝန်ကို ထမ်းမည့် ၀န်ထမ်းအသစ်တွေကို လူငယ်မျိုးဆက်သစ်တွေထဲကနေပြီး ရွေးချယ်လေ့ကျင့် ပေးနေတာဖြစ်တဲ့အတွက် စစ်မှန်တဲ့ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးသင်တန်းတွေကတော့ ပိုပြိးတောင် လိုအပ်နေဦးမှာပါ။ အထူးသဖြင့် လာဘ်မစားဖို့ကို သင်ပေးတဲ့ သင်တန်းမျိုးပေါ့

  1. Anonymous said... :

    ဒီသင်တန်းကို ၀ါဓရိုက်သွင်းသင်တန်းမဖြစ်စေလိုပါ..
    ကွန်ပြူနစ်တိုင်းပြည်တွေလို ၀ါဒကို၇ိုက်သွင်းဖို့ ဒီသင်တန်းကို စလုပ်ခဲ့တယ်ဆိုတာလူတိုင်းသိပါတယ်..
    ဒီသင်တန်းတက်ဖူးသူတိုင်းသိမှာပါ..ပြည်သူအကျိုးပြုဆို
    တာထက် နိုင်ငံတော်အစိုးရမူဝါဒတွေကို ၀န်ထမ်းတွေကို
    ရိုက်သွင်းဖို့ တစ်လမ်းမောင်းစနစ်ကို သွတ်သွင်းဖို့.
    အမိန့်ကိုနာခံစေဖို့ ရည်ရွယ်ပြီး ဖွင့်လိုက်ခဲ့တယ်ဆိုရင်
    မမှားပါဘူး..
    ဒီသင်တန်းကိုဆက်မရှိစေနဲ့လို့မပြောလိုပါဘူး..
    ရှိမယ်ဆိုရင်လည်း ပြည်သူ့အကျိုးပြု အတွက် ကောင်းရာကောင်းကြောင်းတွေ .ဒီမိုကရေစီ
    ကိုဖေါ်ဆောင်နိုင်မယ့် စနစ်တွေကိုဦးစားပေးသင်ပေးစေလိုပါတယ်..

  1. Anonymous said... :

    ဖောင်ကြီးဆင်း တော့ ...........
    ပြောင်းပြန် ပြန်ကြည့်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved