ဈေးကွက်

Thursday, January 19, 2012


ဇန်န၀ါရီ ၂၀ ရက်နေ့ထုတ် Hot News ဂျာနယ်

အချပ်ပို ခေါ် supplement အဖုံး
မှာ ဦးခင်ညွန့်တို့ပုံများ ထည့်ထားပါတယ်။
မျက်နှာဖုံးမှာတော့ ကချင်ဒေသပုံတွေ ထည့်ပါတယ်။

အချပ်ပိုလို့ ခေါ်ကြတဲ့ စာမျက်နှာက နောက်ဆုံးရသတင်းတွေ၊ အရောင်းသွက်အကြောင်းအရာတွေ ဓာတ်ပုံတွေ ထည့်ကြတာပါ။ ဖြန့်မယ့်ရက် သို့မဟုတ် အဲဒီနေ့ မတိုင်ခင်မှ ပုံနှိပ်ကြတာပါ။

ဂျာနယ်အရောင်းသမားတွေ၊ အရောင်းဆိုင်တွေက အချပ်ပိုရဲ့ အနေအထားကို အရင် ကြည့်ပါတယ်၊ အချပ်ပိုက မျက်နှာဖုံးထက် ပိုပြီး ရောင်းပန်းလှမယ် လို့ သူတို့ ယူဆရင် အချပ်ပိုကို အပေါ်ဆုံး တင်လိုက်ရုံပါပဲ။

ဂျာနယ်က တပတ်ကြာရင် ပုပ်ကုန် ဖြစ်သွားပါပြီ။ အရောင်းသွက်စေရေးအတွက် အချပ်ပိုက တော်တော်လေး စကားပြောပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved