Facebook မှာတွေ့ပြီး လက်ထပ်လိုက်ကြတဲ့ အမျိုးသား ၂ ဦး

Thursday, January 12, 2012


ထိုင်းမှာ အမျိုးသား ၂ ယောက် လက်ထပ်ပြန်ပြီ။
ပြီးခဲ့တဲ့ စနေနေ့ Trang ခရိုင် ထဲက Huay Yot မြို့မှာ လူကြီးစုံရာနဲ့ မင်္ဂလာဆောင်လိုက်သူတွေကတော့ အသက် ၂၇ နှစ်အရွယ် Thongchai Rattanakaew နဲ့ အသက် ၃၀ အရွယ် Chumwit Sudsai တို့ ဖြစ်ပါတယ် တဲ့။

သူတို့ရဲ့ ၀ိဝါဟကို နှစ်ဘက်မိဘတွေတက်တယ်၊ ဧည့်သည်တော် ၂၀၀ လောက် ရှိမယ်လို့ ဆိုပါတယ်။

သတို့သမီးကောင်လေး Thongchai ရဲ့ မိဘများက သတို့သားကောင်လေးဆီက ဘာမှ မတောင်းပါဘူး တဲ့။ ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန်နားလည်မှုက ငွေကြေးထက် ပိုအရေးပါတယ်လို့
သတို့သမီးကောင်လေး Thongchai ရဲ့ မေမေက ဆိုပါတယ်။

သားမက်အတွက် စားသောက်ဆိုင်တဆိုင် ဖွင့်ပေးဖို့ ပြင်နေတယ်၊ သားမက်တော်က အချက်အပြုတ်ကောင်းတယ်လို့ ဆိုပါတယ်။

သတို့သားကောင်လေးက Chon Buri ခရိုင် ရေတပ်စခန်းမှာ အမှုထမ်းခဲ့သူပါ။ ပထမဆုံး သူတို့ ၂ ယောက် Facebook မှာ သူငယ်ချင်းဖြစ်ခဲ့တယ်။ တောင်ပိုင်းသားချင်းမို့ အွန်လိုင်းသူငယ်ချင်းဖြစ်သွားရာကနေ
အခုတော့ ငြားသွားကြပါပြီ။ ချစ်သက်တမ်း ၃ နှစ် ကြာခဲ့တယ်လို့ ဆိုပါတယ်။


http://wikimyanmar.co.cc မှာတော့ အာဝါဟ၊ ၀ိဝါဟကို ဒီလို တွေ့ရပါတယ်

အာဝါဟ၊ ၀ိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။

အာဝါဟ - ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊
ဝိ၀ါဟ - မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း လို့အဓိပ္ပါယ်ရသည်။

4 comments :

  1. Anonymous said... :

    အင်းးးးးးးးးးးးးးး ဘာမှ မပြောလိုပါဘူး၊ သူ့ကံနဲ့သူ ပါလာတာဆိုတော့ :D

  1. Anonymous said... :

    two human being are happy. so i m happy. and we all also should be happy

  1. Anonymous said... :

    Aww Lawka lawka .. If all men marry to men and women marry to women, humanity will disappear .... But OK 21.12.2012 is coming ...

  1. Anonymous said... :

    For me no problem marry men to men because lots of human on the world now so we do want growing population.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved