KIA ဖမ်းမိတဲ့ ကလေးစစ်သား

Monday, January 23, 2012

KIA က ဖမ်းမိတဲ့ တပ်မတော်သားတချို့ရဲ့ ဓာတ်ပုံပါ။
ပုံထဲမှာ အသက်မပြည့်သေးသူတဦး ပါဝင်နေပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မုံကိုးဒေသမှာ ဒီဇင်ဘာ ၇ ရက်က ဖမ်းမိတယ်၊ ဒီဇင်ဘာ ၁၃ မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

37 comments :

  1. zinko said... :

    ကြည့် လဲ ရွှီးပါ ....

  1. Exo Chick said... :

    မြန် မာ စစ် တပ် က AK47 မ ကိုင် ဘူ: ထင် တယ် ဘာ ဘဲ ပြော ပြော ငြိမ်: ချမ်: ရေး ဖော် ဆောင် နေ တဲ့ အ ချိန် မှာ ဒီ လို အ ပြတ် ပြတ် နဲ့နှ ခေါင်း သွေး ထွက် မဲ့ အ ဖြစ် တွေ ကို ရှောင် သင့် ပါ တယ် KIA အ နေ နဲ့ ရော် အ စိုး ရ အ နေ နဲ့ ရော လို့ မြင် ပါ တယ်
    ကိုယ် ပိုင် အ မြင် ပါ လွတ်လပ် စွာ ကွဲ လွဲ နိုင် ပါ တယ်

  1. Anonymous said... :

    လက်တွေ့ တွေ့နေတော့လဲ မုံလာဥလုပ်လို့ မရတော့ဘူးပေါ့ကွာ။ဒို့ရွာက ကလေးတွေတော့ မနည်းတော့ဘူးဟေ့ ဘူတာ ကားဂိတ်တွေမှာ ညမှောင်မှောင် အပေါ့သွားတုန်း အမှောင်ထဲမှာ ပုန်းနေတဲ့ စစ်သားတွေက ဖမ်းပြီး တပ်ထဲ ဆွဲခေါ်သွားတာ။ဖမ်းမှာ ကြောက်လို့ မတိုင်ရကြဘူး။ သိတယ်မဟုတ်လား။

  1. Anonymous said... :

    အဓိကပြဿနာက ကလေးစစ်သားရှိ မရှိ ဒါကို ပြောချင်နေတာလေ။

  1. Anonymous said... :

    မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သားမရှိဘူး လို့ပြောတဲ့သူတွေက ကလေးတွေကို စစ်သားလုပ်ခိုင်းနေတာ အဲ့ဒါစစ်တပ်ထဲက တပ်ကြပ်ကြီးတဦး။

  1. Anonymous said... :

    Their equipments and arms are totally not conform with burmese army.pls make relevant news.

  1. Anonymous said... :

    ဓါတ်ပုံထဲက လူတွေကိုလည်း ကြည့်ပါအုံး.. မြန်မာစစ် သားပုံလားလို့..AK47 နဲ့ ဘုံးသီးတွေ ကကော မြန်မာစစ်တပ်က သုံးလို့လား... ငြိမ်ချမ်းရေး ဆီကို ဦးတည်နေတာကို မဖျကါဆီးချင်ပါနဲ့ Irrawaddy's.... သေသေချာချာလေ့လာ ပြီးမှထည်ပါ... စာဖတ်သူတွေက အရူးတွေ မဟုတာဘူး..

  1. Anonymous said... :

    ဧရာဝတီ သတိနော် သတိ

  1. Phocho said... :

    ဧရာဝတီ website ကိုကျေးဇူးတင်တယ်..အခုလို KIA ၇ဲ့ မဟုတ်မမှန် ဇတ်လမ်းဆင်ပြီး ကလိမ်ကျနေတာတွေ အများပြည်သူသိအောင် တင်ပေးတဲ့အတွက် Thanks ပါ..မြန်မာစစ်သားထဲမှာ အဲလောက် ငယ်တဲ့လူမသုံးသလို ဟိုတဖက်အစွန်မှာရှိတဲ့ အဘကိုလဲမသုံးပါ.. အထူးသဖြင့် သောင်းကျန်းတဲ့ သူတွေကို တိုက်ခိုက်ရင်

  1. Anonymous said... :

    ဟုတ်လို့ တင်တာနေမှာပါ ဟ မြန်မာစစ်တပ်မှာ ak 47 မရှိဘူးလို့ ဘာသက်သေနဲ့ပြောနေတာလဲ

  1. Anonymous said... :

    အင်း ဆံပင်ပုံ စံကတော့ စစ်သားဟုတ်ပမလား။ သေချာလဲ လုပ်ပါကွာ။ ဒီလို ပွဲဆူမှ မီဒီယာတွေ စားရမှာမလို လုပ်တာတော့ သိသာပါတယ်။ ဘယ်လို မှ မဖြစ်နိုင်ပါဘူး။။

  1. Anonymous said... :

    ဧ၇ာဝတီေ၇....
    (၁)လက်နက်တွေက မြန်မာစစ်တပ်ကသုံးတာလဲ တခုမှမပါ
    ပါ(၂လက်မှာAK တွေဖြစ်ပြီး၊ ၁လက်မှာ ကာဘိုင်ဖြစ်ပါ
    တယ်၊ကာဘိုင်ကို မြန်မာစစ်တပ်က မသုံးတာကြာပါပြီ)
    (၂)လက်ပစ်ဗုံးကလည်း မြန်မာစစ်တပ်က မဟုတ်ပါ
    (၃)ကျည်ဘောက်အိတ်များကလည်း မြန်မာစစ်တပ်ကသုံး
    တာ အဲလိုမျိုးဟာ တခါမှ မမြင်ဖူးပါ
    (၄)မြန်မာစစ်တပ်ကဆို စစ်ဝတ်စုံ ဘာဖြစ်လို့ တစ်ယောက်မှ
    မပါ၇တာလဲ(အနည်းဆုံး တစ်ယောက်တော့ပါသင့်
    ပါသည်)
    ဧ၇ာဝတီမှ စိစစ်၍ ဖော်ပြပေးသင့်ကြောင်း နဲ့ ယခုလိုငြိမ်းချမ်းေ၇းဆွေးနွေးနေချိန်မှာ မသေချာ၊မခိုင်လုံ ပဲ မဖော်ပြသင့်ကြောင်း အကြံပြုလိုက်၇ပါသည်။

  1. Anonymous said... :

    ကြည့်လုပ်ပါအုံး ဓာတ်ပုံထဲမှာပါတဲ့သူတွေက စစ်တပ်ကဖြစ်နိုင်ပါ့မလား ကေအိုင်အေဘဲဖြစ်မယ်ထင်တယ် စစ်တပ်က အဲဒီသေနတ်တွေမကိုင်ဘူး နည်းနည်းလေးလေ့လာပါအုံးဧရာဝတီရယ် ဧရာဝတီကို အထင်ကြီးလာသမျှအလကားပါဘဲ

  1. Anonymous said... :

    G3-G4 ကျည်ဘောက် အဖြောင့်ပဲမြင်ဖူးတဲ့လူကြီးမင်းများ- Magazine အကောက်မြင်တိုင်း AKမဟုတ်ပါ၊ ခုဗမာစစ်သားတွေ ကိုင်တဲ့ MA1 MA2 MA3 အားလုံးကျည်ဘောက်အကောက်ပါ၊

  1. Anonymous said... :

    KIO ကလားအတိုက်အခံတွေကလား psy-war ထည့်တာ သိသာလွန်းပါတယ်။ မြန်စစ်တပ်ဘာ သေနတ် သုံးမှန်းတော့ သိသင့်တာပေါ့။ လိမ်ရင်လည်း ပီပြင်အောင် လိမ်ကြပါ။

  1. Anonymous said... :

    They are not look alike with army soldiers.What about their uniforms?They are more like with porters.

  1. Anonymous said... :

    စစ်တပ်မှာ AK 47 တော့မရှိဘူး ဖားပစ် သေနပ်တော့ရှိတယ် ၊ စစ်တပ်မှာAK47 ရှိရင်တော့ မလွယ်ဘူးသာမှတ်....... ကြည့်ပြီိးရေးပ်ဧရာဝတီရယ်၊

  1. Anonymous said... :

    သေနတ်ကတော့ MA series ပဲကွ.... ဒါပေမယ့် အညိုရောင်ဆိုးထားတော့ လေ့ကျင့်ရေးသေနတ်တွေ ဖြစ်နေတယ်.... ကာဘိုင် တစ်လက်ကလည်း ပါသေးတယ်.... ပြည်သူ့စစ် ဖြစ်ရင်ဖြစ်ရမယ် ဒါမှ မဟုတ် အဓိကက ကလေးစစ်သားကို ပြချင်တာနဲ့ ပုံကောက်တင်လိုက်တာဖြစ်မယ်.... ဟိုတစ်ခေါက်ကလည်း ပြင်ဦးလွင် စစ်တက္ကသိုလ်နောက်က စက်ပစ်ကွင်းကို နူကလီးယား စက်ရုံ ဆောက်လုပ်ရာနေရာဆိုပြီး GoogleMap ကပုံကို ပြဖူးတယ်နော်.... အဲ့လို ရမ်းသမ်းမလုပ်ပါနဲ့ Website နာမည်ပျက်တယ်... ^^

  1. Kaung Myat said... :

    မြန်မာစစ်တပ်၏ လက်ကိုင်တုတ်ဖြစ်သော ပလောင်ပြည်သူ့စစ် နှင့် မြန်မာစစ်သားဟု http://burmese.kachinnews.com/news/718- မှာဖေါ်ပြထားပါတယ်။

  1. Anonymous said... :

    yes..sure. Myanmar Troops..do not use a real AK 47..but they have china made..AK designed. Enlarge your study of how many weapons Myanmar Troops using. It is not real Ak 47. But a gun ..made in china.

  1. Anonymous said... :

    Really..these are not the real AK 47. It is China made designed AK. Mostly, Myanmar Troops use them. KIA also has similar AK designed, but these are different ones.

  1. Anonymous said... :

    be careful looking those guns is not AK-47.ok?

  1. Anonymous said... :

    ငပိန်းတွေကြည်.ကြပ်လိမ်ကြကွာ

  1. Mg Taung said... :

    ကျွန်တော်အထင်တော့ပေါ်တာဖြစ်ဖို့များပါတယ်

  1. ahphyulay said... :

    အင်း..
    မဖြစ်နိုင် မသေချာတာတွေ မတင်စေချင်ပါ။
    အထက် ထောက်ပြတာတွေမှန်ပါတယ်။
    သေနပ်မှာ လုံးဝ စ,ကွဲပါတယ်။

  1. Anonymous said... :

    ပြင်ဦးလွင်လေ့ကျင့်ရေး၂မှာ ကလေးစစ်သားကျွန်တော်
    ကိုယ်တိုင်တွေ့ခဲ့တာပါ..မယုံရင်သွားကြည့်ုလို့ရပါတယ်..
    ကလေးစစ်သားမရှိဘူးပြောတဲ့သူတွေ မြန်မာအချင်းချင်းလိမ်လို့မရဘူး..ကျွန်တော့သူငယ်ချင်းအရင်းခေါက်ခေါက်
    အဆွဲခံခဲ့ရပြီးအခုထိစစ်သားဘ၀နဲ့ရန်ကုန်မှာရှိတယ်..
    သူတုန်းကဆို၁၅နှစ်ပဲရှိသေးတယ်..ဘာပြောမလဲ..

  1. Anonymous said... :

    လက်နက်တွေက maတွေထင်ပါတယ်..တစ်လက်ကတော့
    ကာဗိုင်ပါ..မြန်မာပြည်ထုတ်တွေပါ..

  1. Anonymous said... :

    ဧရာဝတီကိုကျေးဇူးတင်ပါတယ် ကေအိုင်အေ ကဒီလိုမိျုးသွေးရူးသွေးတမ်းနဲ့ လျှောက်လုပ်နေတာကို ဖော်ပြပေးလို့ ဦးနှောက်ရှိသူတိုင်း သိနိုင်ပါတယ်

  1. Anonymous said... :

    They look like as skinny as rabbits before an alley cats, ha ha ha! But the worst killers in the world ever. The KIA you sould n't have mercy for them. If you have you will be regretted!

  1. Anonymous said... :

    Are there any child soldiers in KIA? Proof it!

  1. မြန်မာမင်း said... :

    လုံးဝမဖြစ်နိုင်ဘူး..တော်တော်လေးလွဲနေတယ်..
    ကျည်ကတ်အဖြောင့်မြင်ဖူးတဲ့သူတွေဘာတွေ..လာလုပ်
    မနေနဲ့ ..ပြောလိုက်မယ်..ငါအခုအင်တာနက်သုံးခွင့်ရှိတဲ့
    စလုံးမှာနေတာ..အိုကေ..လျှောက်မရွီးနဲ့ ..
    တပ်မတော်ကထုတ်တဲ့..လက်နက်မှတ်သမျှ..Myanmar.Defence Weapons..မှာကြည့်လို့ ရတယ်..
    MA.Series..တွေကိုအကုန်မြင်ဖူးတယ်..အိုကေ.ဘယ်သူကမှစစ်တပ်ကောင်းတယ်လို့ ပြောနေတာ..
    မဟုတ်ဘူး..သတင်းအမှန်ကိုပဲ.သိချင်တာ..ဖတ်တဲ့ 
    သူတွေကို..ငတုံးတွေလို့ မထင်နဲ့ ..အခုက..၂၀၁၂.ဒါပဲ..

  1. Anonymous said... :

    OK. မြန်မာစစ်တပ်မှာ ကလေးစစ်သားရှိသလို KIA မှာရော? သေချာစဉ်းစားလိုက်ပါနော်။ စစ်တိုက်နေကြတာပါ။ အားယားလို့ ကစားနေကြတာ မဟုတ်ပါဘူး။ သူ့ဘက် လက်ညှိုးတစ်ချောင်းထိုးရင် ကျန်တဲ့လက်လေးချောင်းလုံး ကိုယ့်ကိုထိုးနေတယ်ဆိုတာ သတိရသင့်တယ်

  1. Myo Thu said... :

    ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု နောက်ထပ် ရှိစေတော့မှာ မဟုတ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၅၉ ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်ကော်မတီ CRC အစည်းအဝေး၌ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးမောင်ဝေ က ပြောဆိုလိုက်သည်။

    ဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံး တက်ရောက်လာသည့် အစိုးရ ကိုယ်စားလှယ်များက ၎င်းတို့ စစ်တပ်အတွင်း ကလေးစစ်သား အသုံးပြုမှုရှိကြောင်း ဝန်ခံခဲ့သလို ယင်းအသုံးပြုမှုမျိုး နောက်ထပ် ရှိစေတော့မည် မဟုတ်ကြောင်း CRC ကော်မတီရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    http://mizzimaburmese.com/news/inside-burma/8912-2012-01-20-12-46-40.html

  1. Anonymous said... :

    ခုချိန်မှာ မြန်မာ စစ်တပ်က G3 G4 မကိုင်ကြတော့ဘူး။ MA, M-16 တောင် တစ်ချို့ က ကိုင်လာတယ်, ရှေ့တန်းမှာ ဘယ်သူကမှာ စစ်စည်းကမ်း အရ ဆံပင် မညပ်ပါဘူး။ ရှေ့တန်းမှာ စည်းကမ်းဆိုတာ သိပ်မရှိတော့ သလောက်ပါ။ မြန်မာ စစ်တပ်မှာ အသက်ကြီးကြီးနဲ့ ၂ ရစ်၊ ၃ ရစ် ကအများကြီးပဲ။ တကယ့် ကြောက်စရာ ကောင်းတဲ့ စစ်ရေး အတွေ့ကြုံ ရင့်ရင့်ပဲ။ အခု တွေ့ရတဲ့ သေနတ်က AK မဟုတ်ဘူး။ AK 47, 22,LMG ဆိုတဲံ သေနတ်တွေဆိုလဲ တစ်ပုံစံပဲ၊ များများ လေ့လာကြပါ။ မသိပဲ ရမ်းပြီး မရေးပါနဲ့၊ ဗဟုသုတ နည်းရ ကျမယ်။

  1. Anonymous said... :

    လိမ်ပြီး ပြချင်တယ် ဆိုရင် G3 G4 လောက်က တော့ KIA စခန်းမှာ ပုံနေပါတယ်၊ ကျနော့ အတွေ့ တစ်ခ်ါတော့ ကလေးလေးက သူ့သေနတ်ကို မသယ်နိုင်လို့ ကျည်ကပ်ကို သူ့နောက်က လူက ပြန်သယ်ပေးပြီး ကလေးက သေနတ် အလွတ် သယ်လာ တာ လဲ ကျနော့ ကိုယ်တွေ့ပါ။

  1. Anonymous said... :

    Ak-47 မဟုတ်ဘူးဗျ တရုတ်နိုင်ငံထုတ် M-22 တွေပါ၊ မြန်မာတပ်က သုံးတာ ကပစ ထုတ် MA-1/2/3 series တွေပါ၊ ချိန်သီး ပုံစံကွာပါတယ်၊ အခုမန်မာတပ်မှာ ကာဘိုင် အစား MA-3 သုံးတာလေ့လာတွေ့ရှိရပါတယ်။

  1. ချီးထုပ်များအားဖြေရှင်းရှင် said... :

    သည်ပုံတွင်ပါရှိသော လူများမှာ ဗမာစစ်တပ်မှ မဟုတ် သို့သော် ဗမာတပ်မှ လက်ကိုင်တုတ်အဖြစ် ဖွဲ့စည်းထားသော ပြည်နယ် ခံပြည်သူ့စစ်များ အခြားနယ်မှ ပြည်သူ့စစ်များဖြစ်ဖွယ်ရှိနေသည် ။ ထိုအဖွဲ့များမှာ ဗမာတပ်မှ သေနတ်များကို မကိုင်ကြပေ ဖမ်းဆီးရမိသော ဒါမှမဟုတ် ခုပြောသလို ဒိတ်အောက်နေသော သေနတ်များကိုကိုင် ခိုင်းပြီး ခုထုတ်သေနတ်များကိုမူ ဗမာတပ်က ကိုင်နေသည်မှာ ကြာနေပြီဖြစ်သည် ငြှင်းခုန်နေကြသောသူများမှာလည်း စစ်သား များ ဟုတ်ပုံမရ လေ့လာသူများ ဖြစ်ပုံရသည် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved