ဖုန်းတန်ဖိုး - ဘတ် ၆၀၀ ($ 20)
sim card တန်ဖိုး - ၄၉ ဘတ် ($ 2 ခန့်)
MPT (မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း) ၀က်ဆိုက် www.mcpt.gov.mm မှာ တွေ့ရတဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။ လူပြောများနေတဲ့ လက်ကိုင်ဖုန်းလိုင်းတခု ငါးထောင်တန် အစီအစဉ်ဟာ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ရှင်းထားပါတယ်။
မကြာခင်အနာဂတ်မှာ sim card တခု ကျပ် ၅၀၀၀ ($ 6 ခန့်) ဖြစ်လာမယ် ဆိုပြီး မီဒီယာမှာ သတင်း ဖော်ပြနေကြတာကို တုန့်ပြန်ထားတာပါ။
ရက်စွဲတပ်မထားတဲ့ ထုတ်ပြန်ချက်ပါ။ တံဆိပ်တုံးမှာပါတဲ့ ခပ်ဝါးဝါး ဂဏန်းများအရ မနေ့ကထုတ်ပြန်တယ်လို့ ယူဆရပါတယ်။
၁၅ သိန်းရှိခဲ့ရာမှ.... လို့ ပြောတာ လုံးဝမှားပါတယ်။ ဖုန်းတစ်လုံးဟာ ၁၅ သိန်း ဘယ်တော့မှ မရှိခဲ့ပါဘူး။ ဒါညာစားခဲ့တာ၊ လိမ်စားခဲ့တာ၊ လူလည်လုပ်တာ၊ ပြည်သူအပေါ် မတရားလုပ်တာ... ဒါတွေကို ပြန်တောင်း လျှော်သင့်ပါတယ်။ ခွင့်မပြုဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ပြောတာဟာ ခွင့်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြောနေတာနဲ့ အတူတူပါပဲ။ ပြည်သူတိုးတက် ဖို့ပါဆိုပြီး ပြည်သူတွေရဲ့ လည်ပင်းကို ရသလောက် ညစ်ထားနေသေးတာ ယုတ်မာလွန်း အားကြီးလွန်းပါတယ်။ ကိုယ်လုပ်မှာလည်း မဟုတ်ဘဲနဲ့... မဖြစ်နိုင်ဘူးလို့ သူများအစားလိုက် ပြောပေး နေတာ ဘာသဘောလဲ...