မန်းလေး NLD ကာတွန်း ပြပွဲ

Friday, January 20, 2012

ပြပွဲ အခမ်းအနား


ပြင်ကြဆင်ကြတုန်းက


ပြင်ဆဲဆင်ဆဲ


မကြာသေးမီကမှ အကျဉ်းထောင်က လွတ်မြောက်လာပေမယ့် သံဃာထု အပေါ် မတရားမှုကို အံတုပြီး အဝတ်ဖြူဝတ်ဆဲ ဆရာတော် ဦးဝီရသူ၊ ဆရာတော်ကလည်း ကားတွန်း ရံပုံငွေ လှူပါတယ်

ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဟာဂျူလီ - ကသာရဲ့ လက်ရာ


နိုင်ငံခြားသားတွေကလည်း စကားပြန်တွေ ခေါ်ပြီး ဘာသာပြန်ခိုင်းကြပါတယ်


မန္တလေးမြို့ ပဒုမ္မာခန်းမတွင် ပြသလျက်ရှိသော ကာတွန်းပြပွဲသို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝိစိတ္တဘိဝံသ (ခေါ်) အရှင်ဝီရသူမှ လာရောက်ကြည့်ရှု့အားပေးကာ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့...။

၁၄ရက်နေ့ မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လွှတ်ခဲ့သော အရှင်ဝီရသူသည် မန္တလေးတိုင်း NLD မှ ကြီးမူးကျင်းပနေသော all for joke ,joke for all ကာတွန်းပြပွဲသို့ လာရောက်ကြည့်ရှု့အားပေးကာ ဧည့်သည်တော် မှတ်တမ်းတွင်လက်မှတ်ရေးထိုးပေးသွားခဲ့ပါသည်၊ ထို့အပြင် အလှူငွေ (၃၀၀၀၀ ကျပ်) ကို
ထည့်ဝင်လှူဒါန်းရာ ကာတွန်းဆရာ ဟာဂျူလီ(ကသာ)မှ လက်ခံရယူခဲ့ပြီး အလှူခံ သေတ္တာပုံးအတွင်းသို့ထည့်သွင်းပေးခဲ့ပါသည်။ ကာတွန်းပြပွဲမှ ရရှိငွေအားလုံးကို မန္တလေးအိုးဘိုထောင်အတွင်း ကျန်ရှိနေသေးသော နိုင်ကျဉ်း ၇၄ ယောက်သို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved