ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် အမြင့်ဆုံးဆု ပေးအပ်

Monday, January 16, 2012

ဓာတ်ပုံ - Reuters
ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုတခုထဲ ပါဝင်တဲ့ The Legion of Honor ဆု ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တဲ့ပွဲ တနင်္ဂနွေနေ့က ပြင်သစ်သံရုံးမှာ ပြုလုပ်ပါတယ်။

ဓာတ်ပုံ - Getty Images

နိုင်ငံတကာဆုတွေ တရာဝန်းကျင် ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုပေးပွဲတွေကို ကိုယ်တိုင် မသွားနိုင်ခဲ့ပါဘူး။
အခုလည်း မသွားနိုင်သေးပါဘူး။
ဒီပွဲကတော့ ရန်ကုန်မှာ ပြုလုပ်တာဖြစ်လို့ ရောက်ခဲ့ပါပြီ။

ဓာတ်ပုံ - Getty Images

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်နေတုန်း ဒီဆုကို ပေးအပ်တာ ဖြစ်ပါတယ်။

ရန်ကုန်ရောက် ပြင်သစ်ဝန်ကြီးဟာ မနက်ဖန် ဦးသိန်းစိန်နဲ့ တွေ့ပါမယ်။

ပြင်သစ်ဝန်ကြီး(တွေ) မြန်မာပြည် လာဖူးပေမယ့် နိုင်ငံခြားရေးဝန်ကြီးလာတာကတော့ ပထမဆုံးပါပဲ။
နိုင်ငံတကာသတင်းတွေမှာတော့ သူ့ခရီးစဉ်ကို သမိုင်းဝင်ခရီးစဉ်လို့ ဆိုနေပါတယ်။

သူ့ထက်သူသမိုင်းဝင်ခရီးတွေ ပြီးခဲ့တဲ့လများမှာ မြန်မာပြည်ထဲ ရှိခဲ့တာမို့ ဒီခရီးက သိပ်မထင်ရှားသလိုပါပဲ။

ထင်ရှားသူအများအပြားကို ထောင်ထဲက လွှတ်ပေးတဲ့ကာလမို့ သူ့ခရီး အထူးအာရုံစိုက်ခံရမယ် မထင်ပါ။

(စကားမစပ် - အောက်ဆုံးကဓာတ်ပုံကို ကြည့်ပါအုံး၊ စားပွဲပေါ်က ရုပ်တု အလှဆင်ပစ္စည်းများလား။ ဘုရားစင်လား။ ဥရောပသားတွေက ဘာသာ
ရေးဆိုင်ရာ ရုပ်တုတွေကို အလှဆင်တာ ထုံးစံပါ။ ရိုးနေပါပြီ။ ရန်ကုန်မြို့ သံရုံးမှာ အဲဒီလို အလှဆင်တယ်ဆိုရင်တော့ ဝေဖန်ရေးဖိတ်ခေါ်သလို ဖြစ်တော့မယ်)

9 comments :

  1. Anonymous said... :

    The most memorable for her ever. She could attend the ceremony. The french people should be very proud of Aung San Su Kyi personal unique auspiciousness. Our people are very happy too. I congratulate to French foreign minister
    schedule in here for his visit. The most priority work first. Well done.

  1. Peter Shwe said... :

    I am certain that every one of our preople in Myanmar will be happy to hear from French Foreign Minister the outcomes of attending the discussion with our President. Every one is also very keen to learn the discussions between French Foreign Minister and Daw Aung San Suu Kyi. As far as I am aware we had a good relationship with French people as they have been supporting us all the way long. I am sure they will be putting their efforts for our country's developments. I greatly appreciate their support, encouragement and contributions towards Democracy. All we need to do is pull ourselve together as an extended family to achieve the goals.

  1. Supernova said... :

    အောက်ဆုံးက စကားမစပ်ဆိုတာကိုပြောချင်တယ်။ စင်မြင့်တစ်ခုပေါ်မှာ ဘုန်းကြီးပုံလေးကို အမြတ်တနိုးတင်ထားတဲ့ပုံပါပဲ။ ဘာလို့များ သဲသဲလှုပ်ဖြစ်နေပါလိမ့်။ ကျွန်တော်ဆိုလဲ ကားထဲမှာ ဒီလိုပဲ ဘုန်းကြီးရုပ်ကလေး တင်ထားတာပဲ။ ချစ်စရာအရုပ်လေး မျက်မှန်းလေးနဲ့ သပိတ်လေးပိုက်ပြီး တင်ပလ္လင်ခွေထိုင်နေတဲ့ ပလာစတာကောနစ် အရုပ်ကလေး။ မြတ်နိုးလို့ သဘောကျလို့ ထားတာပဲဗျာ။ စော်ကားချင်တဲ့စိတ်ကြောင့်မှမဟုတ်တာ။ ရုပ်တုကို ကိုးကွယ်တဲ့ ဘာသာဆိုတော့လည်း ခက်သားနော်။ (ကျွန်တော် ဗုဒ္ဓဘာသာပါပဲ)

  1. Anonymous said... :

    ရုပ်တုကို ကိုးကွယ်တဲ့ ဘာသာဆိုတော့လည်း ခက်သားနော်။ (ကျွန်တော် ဗုဒ္ဓဘာသာပါပဲ)

    hey Supernova, im sure u r not the buddhist.

  1. Anonymous said... :

    သိတ်မှန်တာပေါ့ဗျာရုပ်တုကအဓိကမဟုတ်ပါဘူးဘုရားအဆုံးအမကအဓိကပါဗျာ

  1. Ven. Pandita said... :

    သတင်းတိကျမှု မရှိပါ။ legion of honour ဆုကို (၅) ဆင့်ခွဲခြားထားရာ ဒေါ်အောင်ဆန်းစုကြည် ရရှိသော ဆုသည် တတိယဆင့် Commandeur (Commander) ဆုသာဖြစ်ပါသည်။ ၎င်းထက်မြင့်သော Grand Officier (Grand Officer) နှင့် Grand Croix (Grand Cross) တို့ ရှိပါသေးသည်။ (Wikipedia မှာကြည့်ပါ) နောင်အခါ ထပ်ပေးလို့ရအောင် ချန်ထားသည်ဟု ထင်ပါသည်။

  1. Anonymous said... :

    I'm glad for u Aunty Su.Should it be criticize?Pls visit to "Strand Hotel" Sithu Linn!

  1. Anonymous said... :

    အမြတ်တနိုးသဘောကျလို့ တင်ထားတာပဲ ဝေဖန်ချင်ရင် ကောင်းတာကိုအကြံပြု ဝေဖန်တာပေါ့

  1. sein said... :

    အောက်ဆုံးက စကားမစပ်ဆိုတာကိုပြောချင်တယ်။

    ရန်တိုက် မပေးပါနဲ့၊ သတင်းဌာန အနေ နဲ့ ဒါမျိုး မရေးသင့်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved