မိုးစက်ဝိုင်ကို ဝေဖန်မှုတွေ ပြန်သုံးသပ်ပေးရန် ဒေါ်အယ်လ်ခွန်းရီ ပြော

Monday, October 7, 2013


Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်အပေါ် အင်တာနက် အွန်လိုင်းတွေမှာ ဝေဖန်ကြ တာတွေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ဒေါ်အလ်ခွန်းရီက တိုက်တွန်း ထားပါတယ်။  ဒေါ်အယ်လ်ခွန်းရီဟာ Miss Universe Myanmar 2013 ဆုရွေးချယ်ရေးအဖွဲ့ထဲက ဒိုင်တဦးလည်း  ဖြစ်ပါတယ်။ 

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ နောက်ဆုံး ဇကာတင် ၅ ဦး၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

 
အပြည့်အစုံကို Miss Myanmar Universe အင်တာနက် စာမျက်နှာကတဆင့် ပြန်လည် ကူးယူဖော်ပြပေး လိုက် ပါတယ်။ 

 "အားကစားဝန်င်္ကြီးဋ္ဌာနရဲ့လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. က
ငွေကြေး   များစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်.. 

အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဥာဏ်များကိုပါ ရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ ဒိုင်တွေက မှန်မှန် ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံး အသိပဲ  ဖြစ်ပါ လိမ့်မယ်.. နိုင်ငံတကာမှာလည်း ထုံးစံအတိုင်း မယ်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ အလိုအလျောက် လူမှုရေး သံတမာန် အဖြစ် ထမ်းဆောင်ကြရလေ့ ရှိတာကို မေ့ မထားသင့်ပါဘူး... 

အများ ပြည်သူနဲ့ ပါတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုရေးလုပ်ငန်းတွေ မှာဖြစ်စေ၊ အားကစားလုပ်ငန်းတွေ မှာ ဖြစ်စေ ပါဝင်ကူညီပေးရမှာပါပဲ.. 

သူလည်း တစ်ချိန်က တက္ကသိုလ်  ကျောင်းသူ တစ်ဦးဖြစ်ခဲ့ဖူးတာမို့ ဒီလို အားကစား အတွက် ကူညီပေး ခဲ့မိတာလေးနဲ့ပဲ ဒီလောက်အပြစ်ကြီး သွားရလောက်အောင် ၀ိုင်းဝန်းပြီး ဝေဖန်ပြောဆိုနေဖို့တော့ မသင့်ဘူး လို့ ထင်ပါတယ်..

အခုတော့ သူ့ခမျာ တစ်ဖက်သတ် အထင်လွဲခံရပြီး သွားပုပ်လေလွင့် ပြောဆိုခံနေရတာကို မြင်တွေ့ ကြားသိနေရတော့ ကလေး မလေး အတွက် အလွန်ပဲ နစ်နာလှတာမို့ စိတ်မကောင်းဖြစ်မိပါတယ်.. 

၅.၁၀.၂၀၁၃ ရက်နေ့ကလည်း မကျင်းပဖြစ်တာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်တဲ့ တက္ကသိုလ် ပေါင်းစုံ  
ဘောလုံးပြိုင်ပွဲမှာ အစီအစဉ်အတိုင်း ကျောင်းသားအားကစား သမားလေးတွေကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပေးတဲ့အတိုင်း ဆုဖလား သယ်ဆောင်ပေးခဲ့ရတာ နဲ့ ပါတ်သက်လို့ ဘာအပြစ်မှ မရှိတဲ့ မိုးစက်ဝိုင် ကို ဘာကြောင့်များ နစ်နစ်နာနာ အပြစ်တင်စကား ပြောချင်ခဲ့ကြရသလဲ ဆိုတာ မစဉ်းစား တတ်အောင် ပါပဲ..

ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင် စိတ်ကလေးနဲ့ပြန်လည် သုံးသပ်ပေး ကြစေချင်ပါတယ်.."  လို့

 ဒေါ်အယ်လ်ခွန်းရီက မေတ္တာရပ်ခံထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။



14 comments :

  1. Anonymous said... :

    AGREE.Some people are so free to blame and criticize other people.

  1. Anonymous said... :

    အစကတော့ တစ်မျိုးထင်ပြီး ဝေဖန်ချင်မိပါတယ် တကယ်တမ်း ဆက်စပ်တွေးမိတော့ မဖြစ်နိုင်မှန်းသိလို့ တနေ့ကို ငါးခါVote လုပ်ပါတယ် ဝိုင်လေးအောင်မြင်ပါစေ

  1. Ko Ze said... :

    ရီရတယ်ဗျို့
    အ နေ အထိုင်တော့တတ်ဖို့လိုပါတယ်။
    အထင် လွဲအောင် နေလို့ နေမှာပါ
    တစ်ပြည်လုံး က ပြောနေတာဆိုတော့လည်း

  1. Anonymous said... :

    မိုးစက်ဝိုင်က မြန်မာည်ြသူတွေအရမ်းရွံမုန်းတဲ့သူနဲ့ယှဉ်တွဲမိလို့ပဲ။ မိုးစက် အတွက်တော့စိတ်မကောင်းပါဘူး။ ဒါပေမယ်စစ်အဏာရှင် အသိုင်ဝန်းတွေ သင်ခန်းစာကောင်းကောင်းယူသွားပါစေ။

  1. Anonymous said... :

    လူပေါင်းမှားတာကိုး

  1. Anonymous said... :

    if police see heroin in your hand,you will get jail regardless of using it or not.

  1. Anonymous said... :

    မမ စိတ်ညစ်နေမှာဘဲ

  1. Anonymous said... :

    We need to understand differently between National peoples' constructed social,culture,civilization,health,dignity & personal hates.

  1. Unknown said... :

    မိုးစက်ဝိုင်းအတွက် ပွဲတွေတက်ဖို့ စီစဉ်ပေးတဲ့ လူတွေ ပွဲတက်ဖို့  ကြိုတင်ပြီးကောင်းကြိုးုးကြိုးတွေကိုမြင်ဖို့ လိုပါတယ်၊ နိုင်ငံတော်ပြည်သူ့ ဘဏငွေယူပြီးချမ်းသာနေတဲ့ လူတွေနဲ့ ညိ့မိရင်တော့ ဒီလိုပဲဝေဖန်ခံရမှာပါပဲ ပြည်သူတွေကိုလည်နားလည်ပေးစေချင်ပါတယ် နစ်ပေါင်းများစွာပြည်သူတွေဆင်းရဲဒုက္ခချင်းဒဏ်တွေမလွတ်မြောက်နိုင်သေးတာပာာသူတို့ ကြောင့်မို့ လို့ ပါ

  1. tko said... :

    ဟားဟားဟားလို့ဘဲရီလိုက်တော့........

  1. Bryanbwa said... :

    လူ ပေါင်းမ မှား နဲ့  ပေါ့ င်္ကယ်...

  1. umtausa said... :

    မိုးစက်ဝိုင်က မြန်မာည်ြသူတွေအရမ်းရွံမုန်းတဲ့သူနဲ့ယှဉ်တွဲမိလို့ပဲ။ နိုင်ငံတော်ပြည်သူ့ ဘဏငွေယူပြီးချမ်းသာနေတဲ့ လူတွေနဲ့ ညိ့မိရင်တော့ ဒီလိုပဲဝေဖန်ခံရမှာပါပဲ ပြည်သူတွေကိုလည်နားလည်ပေးစေချင်ပါတယ် ..that's right...

  1. umtausa said... :

    လူ ပေါင်းမ မှား နဲ့  ပေါ့

  1. Unknown said... :

ွှုငါးကိုထုပ်တဲ့ဖက်မှာငါးညှီစော်နံနေမှာပါ၊ အဲ့ဒီဖက်နဲ့အင်မတန်မွေးတဲ့ပန်းကိုထုပ်လိုက်တော့၊
    မွှေးနေတဲ့ပန်းလည်းငါးညှီနံ့ နံနေမှာလေ၊ ဖက်ပေါင်းမမှားဖို့တော့သတိထားရမည်ပေါ့။ အညှီနံ့ရှိနေရင်တော့နှာခေါင်းအရှုံခံရမှာသေချာပါတယ်ဗျာ၊ကိုယ့်ဘက်ကစင်ကြယ်နေဘို့!!!!!!!!!!
    စင်ကြယ်မြတ်နိုင်ကသတိပေးလိုက်တာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved