လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတစ်ဦး၏ ပေးစာ

Sunday, February 5, 2012

မြန်မာနိုင်ငံမှာ သူ့လောက် ဘယ်သူမှ မသိဘူးဆိုတဲ့ လျှပ်စစ်ဝန် ဦးဇော်မင်း (ဓာတ်ပုံ - EMG)

(ဖေ့စ်ဘုတ်ကနေ ယူလာပါတယ်)

စနေနေ့၊ ဖေဖော်ဝါရီလ ၄၊ ၂၀၁၂

လျှပ်စစ် (၁) ဝန်ကြီးဌာနက အရာထမ်းတစ်ဦး၏ ပေးစာ

ကျွန်တော်ဟာလျှပ်စစ်(၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတစ်ဦးပါ။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက ကျွန်တော်တို့ဌာန၊ ကျွန်တော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ၊ ပြည်သူကို နားလည့်ပါးလှည့် လုပ် စီးပွါးရေးသမားတွေနဲ့ တရုပ်တွေနဲ့ လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေပါ။

(၁၅-၁၂-၁၁) နေ့မှာလျှပ်စစ်(၁)၊ အေးရှားဝါးနဲ့စီပီအိုင် (တရုပ်) တို့ ချီဖွေစီမံကိန်းကို ဒီဇင်ဘာမှာ စတင် အကောင်အထည်ဖော်ဘို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြတယ်။ (၁၅-၁၂-၁၁) ညနေ (၇) နာရီမှာဝန်ကြီး ဦးဇော်မင်း အမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုးက သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။ (၁၆-၁၂-၁၁) နေ့မှာ ဒုသမ္မတ (၁) နဲ့ ဒီစီမံကိန်းကိစ္စကို တစ်နေ့လုံးအကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့ရဲ့ပြည်သူတွေကို လုံးဝချမပြပါဘူး၊ သတင်းစာမှာလည်း မဖေါ်ပြပါဘူး၊ ကျွန်တော်တို့ အတတ်ပညာရှင်တွေကိုတောင် အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး၊ ငါသိတယ် ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူ သဘောတူစရာ မလိုဘူးဆိုတဲ့ သဘောပါ။

တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါဘူး ။ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက (၁) ခုပါ ဒီစီမံကိန်းက သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်းကြေညှာ ထားတာပါ။ မြစ်ဆုံရဲ့ အထက်ဘက်မိုင် (၆၀) အကွာ မေခမြစ်ပေါ်မှာရှိပြီး မဂ္ဂါဝပ် (၃၄၀၀) ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းထဲက တစ်ခုဖြစ်တဲ့မြစ်ဆုံ စီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ငွေပမာဏကို ကျန် (၆) ထဲခွဲထည့်လို့ ငွေစာရင်း အရပြောင်းသွားတာဘဲ ကွာပါတယ်။ ပြည်သူသိသွားလည်းမြစ်ဆုံကို လုပ်တာမဟုတ်ဘူး ချီဖွေကိုလုပ်တာပါဆိုပြီး မလှိမ့်တပတ်နဲ့ လိမ်ညာမုသားတွေ ပြောအုံးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်း အသိပေးအုံးမယ်ဆိုတာ သိစေချင်တယ်။

သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းကြီးတစ်ခုလုံးပါ ၊မြစ်ဆုံလေး တစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကိုလုပ်ရင်လည်း လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရောထိခိုက် ပျက်စီးမှာဘဲ၊ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် တရုပ်ကသိမ်းမှာဘဲ ထွက်လာမယ့် လျှပ်စစ်ကလည်း တရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါး ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတ ၁တို့ မိသားစုကော်မရှင်ရကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေ ရင်းလိုက်ရတာဘဲ အဖတ်တင်မယ်။ သမ္မတကြီးကိုပြောပေးပါ ဒီကိစ္စပွင့် လင်းစွာပြည်သူကို ချပြပေးစေလိုပါတယ်။

ကျွန်တော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုးဆောင်ရွက် တတ်အောင်လေ့ကျင့် ပျိုးထောင် ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။

at 3:08 PM Posted by than htut

4 comments :

  1. Anonymous said... :

    အင်း.............ရင်လေးရပါလား၊
    အထက်ကလုပ်တာအောက်ကမသိ၊အောက်ကလုပ်တာအထက်ကမသိ၊ သိတော့လည်း မသိခြင်ယောင်ဆောင်၊ တိုင်းပြည်က ဟာတွေလည်းကုန် နောက်ဆုံးတော့ ပြည်သူတွေက ခါးစည်းပြီိးခံ၊ ခွေးမသား ကြံဖွတ်

  1. Anonymous said... :

    ဒီမြစ်ဆုံပတ်ဝန်းကျင်ရှိ တယုတ်နဲ့ပတ်သက်တဲ့
    စီမံကိန်းများအားလုံးကို အမြန်ရပ်စဲဖို့လိုပါတယ်
    အရေးကြီးပါတယ် ဒါအမျိုးသားရေးပါ
် ပြည်တွင်းကိုယ်ကျိုးရှာ
    အာဏာပိုင်တချို့ ၊ စီးပွါးရေးသမားတချို့နဲ့
    တယုတ်တို့ရဲ့ ပူးပေါင်းကြံစီမှု့ကို ဝိုင်းဝန်း
    ကာကွယ်ဖို့ ကျွန်တော်တို့အားလုံးမှာ
    တာဝန်ရှိကြပါတယ် မိမိတို့တက်နိုင်သည့်ဖက်က
    ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်

  1. သူရိယ said... :

    ဒေသခံပြည်သူတွေ သနားဖို့ကောင်းပါတယ်။ြ ပီးတော့ ကျွန်တော်တို့အားလုံးရောပေါ့။ မြန်မာပြည်ရဲ့ သယံဇာတပေါကြွယ်ဝပုံကို စာထဲမှာတော့ တော်တော်ဖတ်ဖူးပါတယ်။အပြင်မှာတော့
    ဒီတသက်သေချာမြင်ဘူးလိုက်ပါ့မလားတောင်မသိဘူး။
    သယံဇာတကမသေချာသေးဘူး ရောင်းပြီးသွားပြီး။ အဲ့ဒိသယံဇာတတွေအတွက်ပဲ ရွာလုံးကျွတ်ပြောင်းပြောင်းပေးရတာတို့ ၊ မိသားစုတစ်ခုလုံး သေနတ်ပြစ်ခံရတာတို့
    ဖြစ်ခဲ့ရပါတယ်။ မြန်မာပြည်ဟာ လှပတဲ့ဦးချိုကြောင့် သေရတဲ့သမင်လိုဖြစ်နေပါပြီ။ အဖိုးတန် သယံဇာတတွေနဲ့ အာဏာကို ခွေးအမဲရိုးကြိုက်တာထက် ပိုကြိုက်တဲ့ မြန်မာ့စစ်ခွေးဘီလူးတွေကြောင့် မြန်မာပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်
    သယံဇာတပေါင်းများစွာနဲ့အတူ ကျဆင်းခဲ့ပါပြီ။မြန်မာအစိုးရရဲ့ media တွေကိုချုပ်ကိုင်ထားမှုတွေကြောင့် ဒီလိုလွတ်လပ်ခွင့် (သို့) လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ပြည်သူတွေ သေချာမသိရှိ ၊ မခံစားတတ်သေးတာပါ။ သီတင်းကျွတ်မှာ ဗျောက်အိုးဖောက်ခွင့်ပြုလိုက်တာကိုဘဲြ
    မန်မာပြည်အရင်လိုမဟုတ်တော့ဘူး တော်တော်လွတ်လပ်နေပြီ လို့ပြောတဲ့လူကပြော။ အခြားနိုင်ငံတွေမှာ လူ့အခွင့်အရေး ဘယ်လိုရတယ်ဆိုတာ မသိကြသေးတော့လည်း လမ်းလေးနည်းနည်းခင်းပြ ၊ မီးလေးနည်းနည်းလင်းပြရင် ဒီလောက်ဆိုမဆိုးပါဘူး ထင်ရင်ထင်နေကြတာ။ ၁၅ သိန်းတန်ဖုန်းတွေကနေ၅သိန်းတန်တွေထုတ်ပေးလိုက်တာကို
    မြန်မာ့ဆက်သွယ်ရေးက သူတို့ တော်တော်ဘဲလုပ်လိုက်နိုင်သလိုလို။ သူများ ၅၀၀၀ နဲ့လုပ်မယ်ဆိုမှ မျက်ကလဲဆန်ပြာဖြစ်လို့။ တခြားနိုင်ငံတွေရဲ့ဈေးနဲ့လဲ ယှဉ်ကြည့်ကြပါအုံး။ ဈေးနှုန်းရော အရည်အသွေးရော။ နိုင်ငံခြားက investment တွေကို ဒီ ၅ နှစ်အတွင်း ဘုံးချင်တော့ ၈ နှစ် အခွန်ကင်းလွတ်ခွင့်တဲ့။ အဲ့ဒိနိုင်ငံခြား ကုမ္ပဏီတွေဝင်လာရင် သူတို့အောက်မှာလုပ်ရမဲ့ မြန်မာပြည်သူတွေအတွက်ရော ဘာဥပဒေ စဉ်းစားပြီးပြီလဲ မေးပါရစေ။ နိုင်ငံခြားသားလုပ်သားနဲ့
    မြန်မာလုပ်သား အချိုး (Quota ) ကရော။ အခုလက်ရှိတောင် နိုင်ငံခြားကုမ္ပဏီတွေက Technical တွေ နဲ့ General Worker တွေကအစဘင်္ဂံလားတွေ ၊ အိန္ဒိယတွေ နဲ့ ထိုင်းအစရှိတဲ့ သူတွေ အကုန်ခေါ်လာတော့ မြန်မာတွေက Technician တွေနဲ့ တွဲလုပ်ခွင့်မတော့ ပညာလည်းမရ ၊ အလုပ်ကြမ်းတောင် လုပ်ခွင့်မရတော့ ပိုက်ဆံလည်းမရ ၊ ဒီကြားတည်း အဲဒိနိုင်ငံခြားသားတွေက ဒေသခံတွေအတွက် အနှေက်အယှက်တောင် ဖြစ်နေကြတယ်ဆိုတော့ စဉ်းစားကြပါအုံးဗျာ။ ပြီးတော့ဆိုးတာတစ်ခုက
    နိုင်ငံခြားသားဒီလောက်စုံပြီး နိုင်ငံထဲမှာရေရှည်နေပြီဆိုကထဲက မိန်းမကိစ္စ ပါလာပြီဗျာ။ နောက်ဆုံး မြန်မာတွေရတဲ့အလုပ်က မိန်းကလေးတွေကဖာဖြစ်ပြီး ၊ ယောက်ျားလေးက ဖာခေါင်း ဖြစ်ကုန်တာပေါ့ဗျာ။ သူတို့ကိုအပြစ်ဖို့ပြီးပြောတာမဟုတ်ပါဘူးဗျာ။ အခြေအနေကိုကဒီအတိုင်း အကြောင်းအကျိုးနဲ့ ယှဉ်ပြီးဖြစ်လာတာပါ။ တိုင်းပြည်အုပ်ချုပ်တဲ့ဂေါင်ကစ ပြီးမကောင်းလိုက်လို့ မီးခိုးကြွက်လျောက် ဆိုသလို နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ စာရိတ္တပါမကျန် အကုန်ပျက်စီးကုန်တာပါဗျာ။ ပြီးတော့ တချို့ နိုင်ငံခြားသားကုမ္ပဏီမှာအလုပ်ရခဲ့ရင်လည်း အနိုင်ခံလိုက်ရတာဗျာ။ အလုပ်ချိန်ပြီးလည်းမပြန်ရ ၊ အပြောအဆိုခံရ ၊ အနှိမ်ခံရ တာတွေများ ရင်နာဖို့ကောင်းတယ်ဗျာ။ တချို့ ကုမ္ပဏီတွေကဝန်ထမ်းတွေဆို နိုင်ငံခြားမှာ
    မြန်မာတွေအနှိမ်ခံရတာထက် ပိုတောင်ခံစားရသေးဗျာ။ အင်းလျားလမ်းပေါ်က အီတလီစားသောက်ဆိုင်တစ်ဆိုင်က ဆိုင်ရှင်မဆို ဝန်ထမ်းတွေကို နှိမ်လိုက် နိုင်လိုက်တာဆိုတာ မြင်မကောင်းပါဘူး။ တခါတလေ အမြဲတမ်းဆိုသလို မြန်မာပြည်ရောက်လို့ သူ့ဆိုင်မှာသောက်ပြီဆိုမှဖြင့် မနက် ၃ နာရီ ၄ နာရီထိဆိုဘဲ။ ပြီးရင်ဝန်ထမ်းတွေကမနက် ပုံမှန်ချိန် အလုပ်ဝင်ရတာတဲ့ဗျာ။ ဘာလို့ဒီလိုဖြစ်ရလဲဆိုတော့ မြန်မာအစိုးရက နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကာကွယ်ပေးခြင်းမရှိတဲ့အပြင် ၊ သူတို့ကိုယ်တိုင်က ချိုးဖောက်နေတာဆိုတော့ နိုင်ငံခြားသားက နှိမ်ပြီပေါ့ဗျာ။ ILO rules တွေကိုလည်းမလိုက်နာ။တကယ်ဆို အခုလို
    ပြုပြင်ပြောင်းလဲ နေတဲ့အချိန်မှာ နိုင်ငံခြားက ကုမ္ပဏီတွေလည်း ဝင်မလာခင် ဒီလူ့အခွင့်အရေး ၊ အလုပ်သမားအခွင့်အရေး နဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး အစရှိသည်တို့ကို ကာကွယ်ပေးမဲ့ ခိုင်မာတဲ့ ဥပဒေကို အသက်သွင်းသင့်နေပါပြီ။ အခုတော့
    ဗိုလ်ချုပ်နေနဲ့ စားလို့ဝတော့ လွှတ်တော်အမတ်အနေနဲ့ တမျိုး ၊ ဇေကမ္ဘာခင်ရွှေတို့လို လာဘ်ပေးပြီး ပါမစ်တောင်းတဲ့အဆင့်က ကိုယ်တိုင်အမတ်ဖြစ်ပြီး ကိုလိုခြင်တာကိုယ် အဆိုတင်သွင်း ခြင်းနဲ့တဖုံဆက်လုပ်စားအုံးမယ်ဆိုရင်တော့ အဆင်းရဲဆုံးနိုင်ငံတောင်မက
    မြန်မာပြည်ဟာ ကမ္ဘာ့မြေပုံကနေပါ မှေးမှိန်ပြောက်ကွယ်သွားပါလိမ့်မယ်။

  1. Unknown said... :

    ကောင်းပါတယ် ဦဇော်မင်းလဲနားပြီလေ ဒီလိုလုပ်စားမဲ့သူတွေ ကျန်သေးတယ် သမ္မတကြီး အမြနိ ရှင်ုလင်းနိုင်ပါစေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved