ညီသစ် အမှတ်တရ

Monday, February 20, 2012


ဓာတ်ပုံ - Ahunt Bhone Myat/facebook

အော်ပီကျယ်ရဲ့ APK Facebook Fan Page မှာ ဖော်ပြထားတဲ့ ညီသစ် အမှတ်တရ စာစု

၁၉၈၉ မှာ မန္တလေးကို ကျွန်တော် ပြန်နေတော့ သူက မန္တလေးတက္ကသိုလ် ကျောင်းသား။ အိမ်ကို အမြဲလာတယ်။
ကျောင်းပိတ်ရင် သူ့သေတ္တာကို အိမ်မှာအပ်ခဲ့ပြီး၊ ပျဉ်းမနား ပြန်နေကျ ကလေး။
အင်္ဂလိပ်စာကို ဝါသနာကြီးစွာ လေ့လာသူ၊
ညီဆင်းသစ် ကလောင်နာမည်က မိတ်ဆွေကြီး“မောင်သစ်ဆင်း” နဲ့ နာမည်ဆင်နေတယ် ပြောတော့ “ညီသစ်”လို့ ကလောင်နာမည်ပြောင်းသူ၊
၂၀၀၁ခုနှစ် တစ်နှစ်ထဲနဲ့ Nyithit Fonts ၂၀၀ကျော် ရေးခဲ့သူ၊
တစ်နှစ်ကို စာအုပ်၂၀လောက် ဘာသာပြန်ခဲ့သူ၊
မင်္ဂလာဆောင်တော့ အသားမည်းမည်းနဲ့ ဝါထိန်နေအောင် ဝတ်ခဲ့သူ၊
ကျွန်တော့အမေရော ကျွန်တော့သားအငယ်ဆုံးထိ တစ်မိသားစုလုံးနဲ့ ခင်မင်သူ၊
ထိုင်းကို အလည်ရောက်ရင် တကူးတက လာတွေ့ပြီး ဧည့်ဝတ်ကျေသူ ညီငယ်လေး၊
ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားတာ စိတ်ထိခိုက် နှမျောလှပါတယ်။

ဓာတ်ပုံ - Ahunt Bhone Myat/facebook

ဆက်စပ်ဖတ်ရှုရန် - တေးရေးညီသစ် ဘန်ကောက်မြို့တွင် ကွယ်လွန်

2 comments :

  1. Anonymous said... :

    မမြင်ဘူး မကြားဘူးလို့ ဘယ်သူမှန်းတော့မသိပေမဲ့ ကြားရတာ စိတ်မကောင်းပါ။ မိသားစုနဲ့ ထပ်တူဝမ်းနည်းမိပါတယ်။ ကောင်းရာသုဂတိ လားပါစေ။

  1. Anonymous said... :

    အရမ်း စိတ်မကောင်းဖြစ်တာပဲ။ အရမ်းသဘောကောင်းတဲ့ ကိုညီသစ်အတွက် တော်တော့ကို နှမြောမိတရ် ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved