ထိုင်းပုဇွန်ဖြူ ရန်ကုန်သွားတဲ့နည်း

Monday, February 20, 2012


နယ်စပ်ကုန်သွယ်ရေးဇုန်ကွင်းလမ်း(တောလမ်း)မှဖြတ်ကာ ကာစတန်ဂိတ် (အကောက်အခွန်ဌာန စစ်ဆေးရေးဂိတ်) အား ၀င်ရောက်လာစဉ်ပုံ

အရည်အသွေးမမီသည့်ဆေးဝါးများနှင့် ကုန်ပစည်းများကို တားမြစ်စစ်ဆေးရန် ပြည်နယ် ၀န်ကြီးချုပ်က တာဝန်ပေးထားခြင်းကို အကောက်ခွန်ဌာန ၀န်ထမ်းများက လုပ်ပိုင်ခွင့်များ အလွဲသုံးစားပြုနေသည်။

အရည်အသွေးမမီသည့်ဗနားမီး (ထိုင်းပုဇွန်ဖြူ) များ မြ၀တီ-ဘားအံလမ်းပိုင်းမှတဆင်ံ့ စံပြဈေးသို့ ၀င်ရောက်မှုကြောင့် ပြည်တွင်း ရေချိုလုပ်ငန်းရှင်များ အခက်တွေ့နေကြသည်။

သို့သော်လည်း လဘ်ငွေရလျှင် တောလမ်းမှ တိုးလာသမျှကားများကို အလွယ်တကူ လွတ်ပေးလျက် ရှိပါသည်။

ဗနားမီးများေ၇ာင်းဝယ်ဖေါက်ကားနေသောကုန်သည်က“ကာစတန်က နားလည်တော့သူကို ပိုက်ဆံပိုပေးရတယ်” ဟု ပြောပါသည်။

နယ်စပ်ကုန်သွယ်ရေးဇုန်မှ အမည်မဖေါ်လိုသည့် အကောက်ခွန် အရာရှိတစ်ယောက်က “ငါတို့ကိုနေပြည်တော်က လာပြီး မြ၀တီကုန်သွယ်ရေးဇုန်ကို ကင်းစောင့်ခိုင်းနေတာ ကျနေတာပဲ ၊ ကားကြီးတွေ ကလည်း ပတ်လမ်းက ကောင်းတော့ အခုဆိုရင် ဂျူတီတောင် မဆောင်ချင်တော့ဘူး၊ကားငယ်လေးတွေဆိုရင် တရက်မှ အစီး(၃၀)လောက်ပဲ ၀င်တော့တယ်” ဟု ဆိုသည်။

တံတားကျိုးကာစတန်ဂိတ်ကို်ဖြတ်သန်းသွားသော ဗနားမီး (ထိုင်းပုဇွန်ဖြူ)များ တင်ဆောင်ထားသောကားပုံ

1 comments :

  1. Anonymous said... :

    Journal are saying importing lobster from Thai effect to local producers. As I known, there're only 3 local firm and maximum 5000 workers. For this reason, 50 millions people have to pay high price to eat lobster . Not fair.

    So government should not blocked importing any items that benefit for people. That can help reducing goods price.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved