ရန်ကုန်ရောက် အဖိဆစ်

Monday, February 20, 2012


နိုင်ငံတကာ အထင်ကရများ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက် တွေ့ဆုံ၊ စကားပြောနေကြတာ ဒီတခေါက် ရောက်သွားသူကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲက သူ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်တုန်းကတည်းက စီစဉ်ထားတာပါ တဲ့။ ဟုတ်မဟုတ်တော့ မသိပါဘူး။ http://thailand-business-news.com/ မှာ သူအဲဒီလိုပြောကြောင်း ကိုးကား ရေးထားပါတယ်။

စနေနေ့က သတင်းထောက်တွေနဲ့ တွေ့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝ တို့အဖွဲ့ (ဓာတ်ပုံများ - ဧရာဝတီ)


“ဒီကိုလာတာက ဒီနိုင်ငံရဲ့ အနာဂတ်အတွက် အလွန် အရေးကြီးတဲ့၊ ဒေသတွင်းနိုင်ငံတွေ အတွက် အလွန် အရေးကြီးတဲ့ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ပါ” လို့ အဖိဆစ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ “အန်တီတို့နဲ့ ထိုင်းနဲ့ ဒီမိုကရေစီခရီးကို လျှောက်တဲ့အခါမှာ ဘယ်လို အတွေ့အကြုံတွေရှိလဲ။ အတွေ့အကြုံတွေဖလှယ်တာပေါ့။ အတွေ့အကြုံတွေဖလှယ်တယ်ဆိုတော့လည်း ဒီဟာတွေပြန်စဉ်းစားလို့ရှိရင်လည်း အကြံဥာဏ်တွေ နောက်ထွက်လာမှာပေါ့” လို့ သတင်းထောက်တွေကို ပြောပါတယ်။

2 comments :

  1. Anonymous said... :

    လာပြန်ပြီ တယောက်၊ ရှေ့ဆုံးတန်းက ရ,အောင် နေရာဝင်ဦးနေပြီ။ ပြီးမှ သူ့ရှေ့ကဆရာကြီးတွေလို " မှောင်ခို" ပြန်ထုတ်မဲ့ ပုံစံပဲ။

  1. ရှေ့ ဆုံးမှာလာပြီးတော့ဘာလုပ်ဖို့ ကြံတာလဲမသိဘူးနော် သူတို့ အစိုးရဖြစ်တုန်းကမလာဘဲနဲ့ ခုမှလာတာဘယ်လိုရည်ရွယ်ချက်နဲ့ လဲဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved