ပုဂ္ဂလိကတက္ကသိုလ်?

Saturday, February 18, 2012

တနေ့တုန်းက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောဆိုကြတဲ့ တက္ကသိုလ်ပညာရေးအကြောင်းပါ။

သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင် စီမံခန့်ခွဲမှု ရှိရမယ်၊
အစိုးရတပိုင်းအဖွဲ့အစည်းလည်း ဖြစ်ရမယ် တဲ့။

ဒီလိုမျိုးတက္ကသိုလ်ကို ခွင်ပြုဖို့ အချိန်စောနေပါသေးတယ်လို့ ပညာရေးဝန်ကြီးက ပြောထားတာကို သတင်းထဲ တွေ့ရမှာပါ။

ဒါပေမယ့် ပညာရေးလောကသားတယောက်ကတော့ အကောင်းမြင်ပါတယ်၊
အပြောင်းအလဲတွေ ပုံမှန်ဆက်ဖြစ်မယ် ဆိုရင်တော့ ပုဂ္ဂလိကတက္ကသိုလ်တွေကိုတောင် ခွင့်ပြုလာလိမ့်မယ် တဲ့။

ရန်ကုန်မှာ စာသင်ခန်းဝင်ပြီး ဘွဲ့ကို ဘန်ကောက်မှာ သွားယူတဲ့ အစီအစဉ်တွေ နားလည်မှုနဲ့ ခွင့်ပြုထားတာကိုလည်း သူက ထောက်ပြပါတယ်။

အဲဒီအစီအစဉ်တွေမှာ
ပညာသင်ယူနေတာ စာသင်သား ဆယ်ဂဏန်း အနည်းငယ်လောက် ရှိပါတယ် တဲ့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved