ကြံ့ခိုင်ရေးရဲ့ ကြားဖြတ်ရွေးကောက်ပွဲဗျူဟာ

Wednesday, February 22, 2012

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ အောင်ပန်းလှိုင် ၃ လမ်း လမ်းထိပ်က မြင်ကွင်း။
ကြံ့ခိုင်ရေးတံဆိပ်နဲ့ လမ်းဖောက်လုပ်မှု မှတ်တမ်း ကျောက်တိုင်တွေကို ရန်ကုန်မြို့က လမ်းတကာမှာ တွေ့နိုင်ပါတယ်။

အာဏာရကြံ့ခိုင်ရေးပါတီရဲ့ အစည်းအဝေးမှတ်တမ်းတခု အင်တာနက်ကို ပေါက်ချလာပါပြီ။
စာမျက်နှာ ၂ မှာ ဖော်ပြထားချက်အရ ဇန်န၀ါရီ ၂၀၊ ၂၁ လောက်မှာ လုပ်တဲ့ အစည်းအဝေး
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီကိုယ်စားလှယ်တွေ တက်ရောက်တယ်လို့ ဆိုတယ်။
စုစုပေါင်း ၁၃ မျက်နှာ ရှိပါတယ်။


၁၊ ၂

၄၈ နေရာလုံး ပြန်နိုင်မှဖြစ်မယ်၊
NLD ကို အထင်သေးလို့မရ၊ အထင်ကြီးဖို့လည်း မလို၊




၃၊ ၎
ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် စည်းရုံးနိုင်ရန် တမြို့နယ် သိန်း ၅၀ စီ ထုတ်ပေးထား၊ ပြည်သူ အကြည်ညိုကင်းမဲ့အောင် မပြုလုပ်မိရန် အရေးကြီး
----
NLD ဟာ အထိုက်အလျောက် အင်အားရှိ၊ မိမိတို့နဲ့ ယှဉ်နိုင်စွမ်းရှိ၊ မိမိတို့ကို အံတုလာ





၅၊ ၆


၇၊ ၈
ဆရာ ဒကာ အစီအစဉ် ဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်

မဲရုံမှူး နဲ့ မဲရုံဝန်ထမ်းတွေကို ရင်းနှီးအောင်လုပ်၊ လူမှုရေးအကူအညီပေး။
မိမိတို့ကို ကူညီလိုစိတ်ရှိလာအောင် စည်းရုံး




၉၊ ၁၀
မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊ မီးသတ်တို့နှင့် ပေါင်းပြီး အနိုင်ရရေး ဆောင်ရွက်


၁၁၊ ၁၂
NLD က ရှုံးလျှင် မတရားဘူး ပြောလိမ့်မည်၊ ပြဿနာရှာမည်၊
နိုင်ရင် တရားတယ် ပြောမည်




၁၃

6 comments :

  1. လူလေး said... :

    ကြံ့ဖွတ်ကစစ်သားဟောင်းကြီးတွေက နေချင်းညချင်း
    ပြောင်းလည်းမှုကိုလိုလားပါတယ်လို့ပြောတာကို ချီးစားပြောရင်တောင် မယုံဘူး။ ဘာလို့လဲဆို ဒီကောင်တွေက အာဏာနဲ့ ငွေကြေးအတွက်ဆို အချင်းချင်းလည်းကိုက်ရဲတယ် ၊
    ဘုန်းကြီးလည်းသတ်ရဲတယ် ၊ ကျောင်းသားလူမမယ်တွေ
    ကိုလည်းသတ်ရဲတယ် ၊ မိန်းမတွေကိုလည်း နှိပ်စက်တယ် သတ်တယ် ၊ ကျိုးကျရင်လူတွေသေမယ့် တံတားမျိုးလည်းဆောက်ရဲတယ် ၊ ကားမှောက်သေနိုင်တယ့် လမ်းမျိုးလည်းဖောက်ရဲတယ် ၊ အဲဒီတော့ချီးလဲစားရဲ
    မှာပါဘဲ...မယုံရေးချမယုံ...အထူးသဖြင့် ကျော်ဆန်း နဲ့ အောင်သိန်းလင်းကိုမယုံပါ...

  1. Anonymous said... :

    ဧရာဝတီ ဘလော့ဂ်ကနေ အကျိုအနေနဲ့ reader တွေကို vote လုပ်ခိုင်းပြီး စစ်တမ်းကောက်ကြည့်ပါလား။ :)..ကြံ့ဖွတ်တွေ မဲဘယ်လောက်ရမလဲ သိချင်သပါ့ဗျာ... ဘဲဥကွဲပါစေလို့ ဆုတောင်လိုက်ပါတယ်..

  1. Lu Pyo Pauk Sa said... :

    Nay Zann Par Ohn,

    NLD ka .....bae tone ka ' shone ' phu loth Lae ?

    When did N L D lose before ?

    wash ur mouth first ..shit are around your mouth . Wash it first . OK ?

  1. Anonymous said... :

    NLD က ရှုံးလျှင် မတရားဘူး ပြောလိမ့်မည်၊ ပြဿနာရှာမည်၊
    နိုင်ရင် တရားတယ် ပြောမည်..ဧရာဝတီရေအဲဒီစတန်းထိုးထားတာမှားနေသလိုပဲ။

  1. DNT said... :

    ပြည်သူ့ ဘဏ္ဍာ တွေနဲ့ မလိမ့်တပါတ်လုပ် ခင်းပေးတဲ့လမ်း၊ ဆောက်တဲ့တံတား၊ လှူတဲ့ အလှူတွေဆိုတာ ပြည်သူတွေ အကုန်လုံးသိပါတယ်၊ ကြံဖွတ်သာ ရိုးသားပါတယ်ဆို ပါတီရဲ့ ပိုင်ဆိုင်မှု့ ငွေကြေး အဆောက်အဦး တွေ ဘယ်ပုံ ဘယ်နည်း ရယူထားလဲ ဆိုတာ ထုတ်ပြန်ရဲ ကြလား၊
    မနိုင် နိုင်အောင် ညစ်ပတ်မှာ ကြံဖွတ်ပါ၊ အဆင့်အတန်းမရှိ အောက်တန်းကျကျ ကျင်းပပြီးမှ ရထားတဲ့ စစ်ဝတ်လဲ အစိုးရ က အခုမှဘာလို့ ရိုးသားချင်ယောင် မင်းသားခေါင်းစွတ်လဲဆိုတာ အားလုံးသိကြပါတယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ မြန်မာပြည်မှာ အပြည့်ပါ ဒီထက်ပိုပြီး နိုင်ငံတကာချဲ့ထွင်ချင်တာနဲ့ တချက်ခုတ် ၂ချက် ၃ ချက်မက ပြတ်မဲ့ လမ်းကို ကြံဖန်ပြီးသားပါ၊
    အခုရွေးကောက်ပွဲလဲ နီးလာလေ ကြောက်လာလေ၊ တရားမျှမျှ တတ လုပ်ပေးရလို့ သူတို့ ၁နေရာမှ မနိုင်ရင် စောက်ရှက်ကွဲမှာကို တွေးပြီး ကြောက်ချီးပန်းနေကြတာပါ၊ NLD ရဲ့ စီးရုံးရေးခရီးစဉ်တိုင်းကိုကြည့်ရင် သူတို့လို မလာမနေရ လက်အုပ်ချီ ပိုက်ဆံပေး ဖြီး ထားရမဲ့ လူတွေ နဲ့ မတူဘဲ ပြည်သူတွေဘယ်လောက် ထောက်ခံပြီး NLD ကိုအားပေးချစ်ခင်ကြလဲဆိုတာ တွေ့ပြီး မနာလိုစိတ်တွေနဲ့ အိပ်မရ စားမရဖြစ်လာကြတယ်လေ၊ သူတို့ရဲ့ နားက စားဖါး သာကူးတွေကလွဲပြီး သူတို့ ကို ဘယ်သူမှ မလိုလားဘူးဆိုတာ သူတို့လည်းသိတယ် (မင်းသား လွင်မိုး လိုပေါ့၊ အဲဒါကြောင့် တချို့ ကပြောတာ ဖက်ခွက်စားတွေ ကဒီလိုပဲတဲ့၊ အနုပညာသမားတိုင်းတော့ မဟုတ်ပါ၊ ဘာပြောပြော စံရှားတင်၊ ညွန့်ဝင်းတို့ကရှင်းတယ်၊ သူတို့ကို မကြိုက်ပင်မယ့် လွင်မိုး လိုတော့ မရွံမိပါ)
    တိုင်းးပြည်နဲ့ပြည်သူ့ဘ၀က စစ်xxx တွေ ၀ိုင်းခံထားရတဲ့ဘ၀ပါ၊ မောင်းထုတ်လဲမရ ချော့လည်းမရ ဆုံးမလည်းမရနဲ့ လေးဘက်ထောက်ပြန်ကိုက်ရမလိုဖြစ်နေပြီ
    အခုရွေးကောက်ပွဲကလည်း သူတို့ချည်ပြီးတုတ်ပြီးမှ လုပ်တာပါ ၄၈ နေရာထဲပါ အခုမှ တရားမျှတစေရပါမယ် ပေါ့၊ အဲဒီ ၄၈ နေရာလေးတောင် သကောင့်သားတွေက မာန်ဖီပြီး အစွယ်ထုတ်ချင်ပြီ မကောင်းတာ မဟုတ်တာလုပ်တဲ့သူတွေဟာ ကြာကြာဟန်မဆောင်နိုင်ကြပါဘူး
    သူတို့ရဲ့ စည်းစိမ်အာဏာမြဲအောင် လိမ်ညာလည့်ပါတ်ပြီး လုပ်လိမ့်မယ် စောင့်သာကြည့်ကြပါ

    မြန်မာပြည်လည်း ဘယ်တော့များမှ သူများနိုင်ငံတွေ အထင်သေး၊ အချောင်နှိုက်၊ ပြည်သူတွေ အနိုင်ကျင့်ခံ ဆင်းရဲ တဲ့ ဘ၀ က ဘယ်တော့များမှ လွတ်မြောက်မယ်မသိဘူး..

  1. AKT (Singapore) said... :

    To all Myanmar people now it's time to show our unity towards the democracy led by NLD no matter how difficulties we faced.. Sure they will do bad things but if we show them out strength and unity, sonner or later we will get what we want and will achieve..It's just the beginning.. We won't Give up and move forwards with NLD

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved