မွန်ပြည်သစ်နဲ့ အစိုးရ ခရီးရောက်သမျှ

Monday, February 27, 2012


ပဏာမသဘောတူညီချက် ၄ ချက် ပါဝင်တဲ့ စာချုပ် လဲလှယ်နေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီးဦးအောင်မင်း နဲ့
မွန်ပြည်သစ်ပါတီက နိုင်ရောစ

ပြီးခဲ့တဲ့ သောကြာ၊ စနေနေ့တို့မှာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က မော်လမြိုင်ကို သွားပြီး မွန်ပြည်သစ်ပါတီ နဲ့ ဆွေးနွေးပါတယ်။ ပြည်နယ်အစိုးရအဆင့်၊ ဗဟိုအစိုးရအဆင့် သဘောတူညီချက်တွေ ရယူနိုင်ခဲ့တဲ့အကြောင်း ဒီကနေ့ သတင်းစာများမှာ အကျယ်တ၀င့် ဖော်ပြထားပါတယ်။

မွန်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး နယ်စပ်မှာ သောင်တင်နေတဲ့ ဒုက္ခသည်တွေ၊ IDP လို့ ခေါ်တဲ့ တောထဲမှာ ပြေးလွှားပုန်းအောင်းနေရသူတွေအကြောင်းကိုလည်း ဆွေးနွေးမယ်လို့ ယူဆရပါတယ်။ သတင်းဖော်ပြချက်ထဲမှာတော့ မတွေ့ရပါဘူး။

သတင်းစာဖော်ပြချက်တွေကို အောက်က လင့်တွေမှာ ချိတ်ထားပါတယ်။

စာမျက်နှာ ၁

စာမျက်နှာ ၂
နိုင်ငံရေးဆွေးနွေးပွဲ စတင်ရေးကို သဘောတူထားပါတယ်။

စာမျက်နှာ ၃
ဒီစာမျက်နှာမှာတော့ မွန်ပြည်သစ်က ပြည်တွင်း နိုင်ငံရေးအဖွဲ့တွေ၊ NGO တွေနဲ့ တွေ့နိုင်တယ်၊ သံတမန်များနဲ့တွေ့မယ် ဆိုရင်တော့ အစိုးရရဲ့ သဘောတူညီချက်အရင်ယူရမယ် စတဲ့ ချက်တွေ ပါဝင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved