DVB ညွှန်မှူး ဦးအေးချမ်းနိုင် မြန်မာပြည်သို့ရောက်ရှိ

Monday, February 27, 2012

မြတ်မိုး ရေးသားသည်

ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ဦးဆောင်ညွှန်ကြားရေးမှုးနှင့် အယ်ဒီတာချုပ်
ဦးအေးချမ်းနိုင်သည်
ယနေ့နံနက် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်။

ပြည်တွင်း မီဒီယာ ဖွံ့ဖြိုးအခြေအနေနှင့်
ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ပြည်တွင်း၌ ၀င်ရောက်လုပ်ကိုင်ရန်
အခြေအနေများကို လေ့လာရန်အတွက် မြန်မာနိုင်ငံသို့
ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ကိုအေးချမ်းနိုင်က ပြောသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ဦးဆောင်ညွှန်ကြားရေးမှုးနှင့် အယ်ဒီတာချုပ်
ဦးအေးချမ်းနိုင်သည် မြန်မာနိုင်ငံတွင် ငါးရက်ကြာနေထိုင်မည်ဖြစ်ပြီး
အဆိုပါ ငါးရက်ခရီးအတွင်းနေပြည်တော်ရှိ ပြန်ကြားရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၀န်ကြီး ဦးကျော်ဆန်းအပါအ၀င်
အစိုးရပိုင်းအဖွဲ့အ၀င်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်၊ ၀ါရင့်စာရေးဆရာကြီးများ၊ ပြည်တွင်းပြည်ပ
သတင်းထာက်များစသည့်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ကိုအေးချမ်းနိုင်သည် နှစ်ပေါင်း ၂၀ကျော်အတွင်း ပထမဆုံးအကြိမ်
မြန်မာနိုင်ငံသို့ ပြန်ရောက်လာခြင်းဖြစ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved