ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း ဖြစ်ပြီ

Wednesday, February 29, 2012


ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း မဖြစ်သင့်ဘူး ဆိုတဲ့ ကန့်ကွက်မှု ရှုံးနိမ့်သွားပြီလို့ NLD က ပြောပါတယ်။

ပြိုင်ဘက်တဦးဖြစ်သူ ဦးတင်ရီရဲ့ ကန့်ကွက်မှုကို ခရိုင်ကော်မရှင်က ပယ်ချသလို တိုင်းကော်မရှင်ကလည်း ပယ်ချပါတယ်။ ဥပဒေအရ ဆိုရင် တိုင်းအဆင့်ဟာ အမြင့်ဆုံးပဲ လို့ ဆိုပါတယ်။ ထပ်ပြီးတော့ ကန့်ကွက်နိုင်ခြင်း မရှိတော့ပါဘူး တဲ့။

ခရိုင်ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာတယ်လို့ NLD ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မန်နေဂျာက သတင်းဌာနများကို ပြောပါတယ်။

ဆက်စပ်မှုများ
၁ -PUP ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ကန့်ကွက်စာ http://www.irrawaddyblog.com/2012/02/pup.html
၂ - ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်မှု ခရိုင်ကော်မရှင် ပယ်ချ http://www.irrawaddyblog.com/2012/02/blog-post_3714.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved