မြစ်ဆုံစီမံကိန်း ပြန်အစပြုနေသလား

Wednesday, February 29, 2012

(ဒု)သမ္မတဦးတင်အောင်မြင့်ဦးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း

ဖေဖော်ဝါရီ လဆန်းပိုင်းမှာ (ဒု)သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ဘယ်တွေသွား၊ ဘာတွေလုပ်နေလဲလို့ မေးရပါမယ်...။
လတ်တလော သတင်းစာ မြင်ကွင်းတွေထဲမှာ ပျောက်နေတဲ့ သူတို့(၂)ဦးရဲ့ ခရီးစဉ်တွေပါ...။

သေချာတာကတော့ အင်မိုင်ခမြစ်(ခ) မေခမြစ်ပေါ်က စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ် ဆိုတာပါပဲ။
နိုင်ငံပိုင် သတင်းစာတွေကနေ ဖော်ပြမယ့် ယခုခရီးစဉ် သတင်းကို စောင့်မျှော်နေပါတယ်...။ ဒီမိုကရေစီစံနစ်ကို ကူးပြောင်းနေချိန်မှာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေကို ဖော်ပြမယ်လို့ မျှော်လင့်ပါတယ်..။ မီဒီယာတွေ လက်လှမ်းမမှီနိုင်တဲ့ နေရာက အခြေအနေတွေပါ...။ ပြည်သူတွေကိုတော့ မလှည့်စားပါနဲ့လို့ ပြောပါရစေ..။ သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမယ်..။


ဓာတ်ပုံများ နဲ့ အချက်အလက်များ - http://www.demowaiyan.co.cc/

5 comments :

  1. Anonymous said... :

    ဒီ စီမံကိန်းပြန်စတယ်ဆိုရင်တော့ ဒီလူတွေ အစိုးရအဖွဲ့မှာ မရှိသင့်တော့ဘူး။ ပြည်သူကို ညာတာ တိုင်းပြည်ကိုညာတာဖြစ်သွားပြီ။ ပေါ်တင်ကို အရှက်မရှိညာတာဖြစ်သွားပြီ။
    ဒီလူတွေကို အစိုးရအဖွဲ့မှာ မရှိအောင်လုပ်မှ ဖြစ်မယ်။
့မြန်မာပြည်ကိုကောင်းကျိုးမပေးသော မြစ်ဆုံ စီမံကိန်း အမြန်ဆုံး ချုပ်ငြိမ်းပါစေဗျာ.

  1. Anonymous said... :

    တိုင်းပြည်ကို ရောင်းစားမဲ့ လူတွေ၊ ဘာအသိပညာအတတ်ပညာ ရှိလို့လဲ၊ ဘယ်သူသေသေငတေမာရင်ပြီးရော လက်နက်အားကိုးနဲဗိုလ် ကျနေတဲ့ ဗိုလ်ချုပ်တွေပါ တိုင်ပြည် အကြွေးတင် ဖို့ နေမအားညမနား အလုပ်လုပ်လိုက်တာ အံ့အြ စရာပဲ ရှက်ဖို့ကောင်းလိုက်တာ။

  1. Anonymous said... :

    စစ်တပ်ကကောင်တွေ အရင်က ခပ်မိုက်မိုက် လူမိုက်ပုံစံနဲ့ ဓါပြတိုက်စားနေတာ အခုတော့ ပိုခေတ်မှီသွားပြီ လိမ်ပဲစားတော့တယ်၊ မဲလိမ်ပြီးလွှတ်တော်ထဲ ခပ်တည်တည်ဝင်ထိုင် တကမ္ကာလုံးကို လိမ်စားတဲ့ ဗြောင်လိမ်တွေဖြစ်သွားပြီ။
    ဒါပေမဲ့ သူတို့ပထွေး တရုတ်ကိုတော့ ကြောက်နေပုံပဲ။

  1. Anonymous said... :

    ကျနော်တို့ရဲ့မျိုးဆက်တွေအတွက်
    ကျနော်တို့တာဝန်ကျေ ဖို့လိုနေပြီ၊ကျနော်တို့ညံ့လို့ကျနော်တို့အလိမ်ခံရတယ်ဆိုပေမဲ့၊ အပြစ်မရှိသေးတဲ့ နောက်လာနောက်သားတွေအတွက်ကတော့အလိမ်မခံရအောင်၊ကျနော်အစွမ်းကုန်ကာကွယ်ကြ၇တော့မယ်။

  1. Anonymous said... :

    ဧရာဝတီ blogမှာ freedom news group လို comment တွေကို ထောက်ခံတာ ကန့်ကွက်တာ လုပ်လို့ရအောင် စီစဉ်ပေးပါလား။ စာရိုက်ဖို့ အချိန်မရ အဆင်မပြေသေးသူတွေရဲ့ သဘေားထားတွေပါ သိရအောင်။
    ဒါမှ ပြည်သူ့သဘောထားတွေကို ပိုပြီး ထင်ထင်ရှားရှားသိရမှာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved