အတုအပလုပ်ခံရတဲ့ ယုဇန

Wednesday, February 29, 2012


သြစတေးလျရောက်နေတဲ့ အဆိုတော် ယုဇန မဟုတ်ပါဘူး။
ထိုင်းနိုင်ငံရောက် ယုဇနလက်ဖက်သုပ် အကြောင်းပါ။
ယုဇန အင်တွေ ပေါ်နေတယ် တဲ့။
စားသုံးသူတဦးက အခုလို စာရေးသား ပေးပို့ထားပါတယ်။

သတင်းဌာနမှ လူကြီးမင်းများခင်ဗျား။
ထိုင်းနိုင်ငံ တွင် မြန်မာကုန်ပစ္စည်းအမျိုးအမည် များစွာကို အတုအပ ပြုလုပ်ကာ ရောင်းချနေသော အဖွဲ့အစည်း တစ်ရပ်က ယုဇနလက်ဖက်သုပ်အား ယုဇနမူရင်း၏ အရသာ အရည်အသွေးကို မမှီဘဲ ဈေးနှုန်း ချိုသာစွာဖြင့် အတုအပ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည်။

စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရန်နှင့် ထို တုပနေခြင်းအား ရပ်တန့်သွားအောင် စစ်ဆေးဖော်ထုတ်ပြီး ပရိတ်သတ်သိအောင် သတင်းဌာနက ပြန်လည်ထုတ်ဖော်တင်ပြရန်၊ ယုဇန လက်ဖက်သုပ် မူရင်း ပိုင်ရှင်အား အသိပေးရန် တိုက်တွန်းလိုက်ပါသည်။

ကျေးဇူးတင်လျှက်
အောင်အောင်
ယုဇနလက်ဖက်သုတ်၏ အမာခံပရိတ်သတ်တစ်ဦး


စာမျက်နှာ ၁
စာမျက်နှာ ၂
စာမျက်နှာ ၃ ဓာတ်ပုံများ
စာမျက်နှာ ၄ ဓာတ်ပုံများ

4 comments :

  1. Anonymous said... :

    အဲ့ဒါက ကျုပ်လည်း ပြောမလို့ဘဲဗျ
    တစ်ခုရှိတာက ဒီအကြောင်းကို ပြောတဲ့ပုဂ္ဂိုလ်က ဘယ်ကလည်းသိဘူးနော
    ကျုပ်သတိထားမိသလောက်ကတော့ ဘန်ကော် ဘော်ဘေ ဆိုတဲ့လမ်းကြားဈေးထဲကဆိုင်ဘဲဗျ
    ကျုပ်ဆို နှစ်ခါရှိပြီထိတာ ပဲကြော်တွေမကောင်းတာ လက်ဖက်ကလည်း တစ်မျိုးကြီးဖြစ်နေတယ်
    သံသယဖြစ်နေတာက ဒီဆိုင်ကလက်ကြီးတယ် အများကြီးဝယ်ပြီးဖြန့်တာမှာ တစ်လောက ရေကြီးလို့ ဂိုဒေါင်ရေဝင်ပြီးရေစိုပစ္စည်းတွေကို ခပ်တည်တည်နဲ့ရောင်းနေတာလားဘာလားသိဘူး
    လိုအပ်ရင်အဲ့သည်ဆိုင် ဓာတ်ပုံပို့ပေးလို့ရပါတယ် ကြုံရင်လည်း ဝယ်ကြည့်ပြီးထပ်စစ်ဆေးကြည့်ဦးမယ်
    အတုဆိုရင်တော့ ဆော်ပြစ်ဗျာ ကျုပ်က ဒါလေးနဲ့ အမြည်းလုပ်နေရတာ

  1. Anonymous said... :

    ဟုတ်တယ်။ ကျုပ်လည်း လက်ဖက်သုပ်ကြိုက်တဲ့လူဆိုတော့ ဒါပဲ စားနေရတာ။ ကျုပ်လည်း ယုဇန အိတ်ပုံစံ အသစ်ပြောင်းသွားတယ်မှတ်လို့ ၀ယ်စားတာ ထိဖူးတယ်။ ဒါပေမယ့် အရသာမှာတော့ ရေရေလည်လည် ညံ့တယ်။ အစက လက်ရာကို လုံးဝ မမှီဘူး။ ပြီးတော့ ယုဇနလိပ်စာလည်းမပါဘူးနော်။ ဟုတ်တယ် အတုရိုးမှန်ရင်တော့ လက်မခံဖို့ ၀ိုင်းဆော်ရမယ်ဗျာ။ အဲ့လို သူများနာမည်ခိုးပြီး ကိုယ့်အကျိုးစီးပွားကိုကြည့်ပြီးလုပ်တာဟာ လုံးဝ ရုပ်ညံ့တဲ့ လူတွေရဲ့ လုပ်ရပ်ပဲနော်။ ယုဇန က သိရင် တရားစွဲပြီး အရေးယူရမယ်။ အဲ့ဒီ အတုထုပ်ကို အားပေးဝယ်ယူနေခြင်းကိုလည်း သပိတ်မှောက်သင့်တယ်။ ဒီလုပ်ရပ်ဟာ ဥပဒေနှင့် မလွတ်ကင်းသဖြင့် လက်လီရောင်းချနေသူများကိုလည်း အဖြစ်မှန်ကို ပြောပြပြီး မရောင်းချရန် တားမြစ်သင့်ပါတယ်။

  1. ဆရာတွတ် said... :

    မလေးရှားမှတော့ ယုဇနကိုသာ တုပတာမဟုတ်ဘဲ မြန်မာအရက်၊ ဘီယာမျိုးစုံ၊ အစားအသောက် အကြော်အလှော် မျိုးစုံကို မတော်တရော် တစ်မျိုးတစ်ဖုံစီမံပြီး အပီကြံနေတဲ့သူတွေ ပေါများလှပါကြောင်း။

  1. Anonymous said... :

    ဟုတ်တယ် ညီမလည်း အဲ့ဒီ အတုထုပ်တွေကို မိဖူးတယ်။ လိုက်တုပလို့ လက်ရာက စားကောင်းရင် မပြောလိုပါဘူး။ အခုဟာ က အကြော်စုံကလည်း ခွေးတွေ ၀က်တွေ ကို သွားကျွေးရင်တောင် စားဝူး။ ပျော့ပြဲနေပြီး အောက်စော်နံနေတယ်။ လက်ဖက်ဆိုရင်လည်း ရေနွေကြမ်းထဲက လက်ဖက်ရွက်ကို စားရင်တောင် သူထက်ကောင်းသေးတယ်။ အဲ့ထဲက ယုဇနကို လုံး၀၀ယ်မစားတော့တာ။ အတုလာအစစ်လား မသိလို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved