![](http://3.bp.blogspot.com/-G3bOht_Q9R4/T03JjSDeMMI/AAAAAAAAEnM/Eiu6XwXbpJQ/s400/00000000.jpg)
သြစတေးလျရောက်နေတဲ့ အဆိုတော် ယုဇန မဟုတ်ပါဘူး။
ထိုင်းနိုင်ငံရောက် ယုဇနလက်ဖက်သုပ် အကြောင်းပါ။
ယုဇန အင်တွေ ပေါ်နေတယ် တဲ့။
စားသုံးသူတဦးက အခုလို စာရေးသား ပေးပို့ထားပါတယ်။
သတင်းဌာနမှ လူကြီးမင်းများခင်ဗျား။
ထိုင်းနိုင်ငံ တွင် မြန်မာကုန်ပစ္စည်းအမျိုးအမည် များစွာကို အတုအပ ပြုလုပ်ကာ ရောင်းချနေသော အဖွဲ့အစည်း တစ်ရပ်က ယုဇနလက်ဖက်သုပ်အား ယုဇနမူရင်း၏ အရသာ အရည်အသွေးကို မမှီဘဲ ဈေးနှုန်း ချိုသာစွာဖြင့် အတုအပ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိနေသည်။
စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရန်နှင့် ထို တုပနေခြင်းအား ရပ်တန့်သွားအောင် စစ်ဆေးဖော်ထုတ်ပြီး ပရိတ်သတ်သိအောင် သတင်းဌာနက ပြန်လည်ထုတ်ဖော်တင်ပြရန်၊ ယုဇန လက်ဖက်သုပ် မူရင်း ပိုင်ရှင်အား အသိပေးရန် တိုက်တွန်းလိုက်ပါသည်။
ကျေးဇူးတင်လျှက်
အောင်အောင်
ယုဇနလက်ဖက်သုတ်၏ အမာခံပရိတ်သတ်တစ်ဦး
စာမျက်နှာ ၁
စာမျက်နှာ ၂
စာမျက်နှာ ၃ ဓာတ်ပုံများ
စာမျက်နှာ ၄ ဓာတ်ပုံများ
အဲ့ဒါက ကျုပ်လည်း ပြောမလို့ဘဲဗျ
တစ်ခုရှိတာက ဒီအကြောင်းကို ပြောတဲ့ပုဂ္ဂိုလ်က ဘယ်ကလည်းသိဘူးနော
ကျုပ်သတိထားမိသလောက်ကတော့ ဘန်ကော် ဘော်ဘေ ဆိုတဲ့လမ်းကြားဈေးထဲကဆိုင်ဘဲဗျ
ကျုပ်ဆို နှစ်ခါရှိပြီထိတာ ပဲကြော်တွေမကောင်းတာ လက်ဖက်ကလည်း တစ်မျိုးကြီးဖြစ်နေတယ်
သံသယဖြစ်နေတာက ဒီဆိုင်ကလက်ကြီးတယ် အများကြီးဝယ်ပြီးဖြန့်တာမှာ တစ်လောက ရေကြီးလို့ ဂိုဒေါင်ရေဝင်ပြီးရေစိုပစ္စည်းတွေကို ခပ်တည်တည်နဲ့ရောင်းနေတာလားဘာလားသိဘူး
လိုအပ်ရင်အဲ့သည်ဆိုင် ဓာတ်ပုံပို့ပေးလို့ရပါတယ် ကြုံရင်လည်း ဝယ်ကြည့်ပြီးထပ်စစ်ဆေးကြည့်ဦးမယ်
အတုဆိုရင်တော့ ဆော်ပြစ်ဗျာ ကျုပ်က ဒါလေးနဲ့ အမြည်းလုပ်နေရတာ