အော်စကာ ခြေထောက်

Wednesday, February 29, 2012

အော်စကာ ဆုပေးပွဲတိုင်းမှာ မင်းသမီးတွေရဲ့ ပွဲတက်ဖက်ရှင်တွေကို လူတွေ စိတ်ဝင်စားကြသလို၊ ဒီနှစ် အော်စကာပွဲ ပြီးသွားသည့်တိုင်အောင် ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေတာကတော့ မင်းသမီးချော အန်ဂျလီနာ ဂျိုလီရဲ့ ပွဲတက်ဖက်ရှင်ပါပဲ။




ခင်ပွန်းဖြစ်သူ ဘရက်ပစ်နဲ့ အော်စကာပွဲ တက်လာတဲ့ အန်ဂျလီနာဂျိုလီ



အနက်ရောင် ကတ္တီပါ ၀တ်စုံနဲ့ လှချင်တိုင်းလှနေတဲ့ အန်ဂျလီနာဂျိုလီဟာ ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးလိုက်တဲ့အခါတိုင်း သူ့ရဲ့ ညာဖက်ခြေထောက်လေးကို ထုတ်ကာ ထုတ်ကာ ကိုယ်ဟန်ပေးခဲ့ပါတယ်။



အန်ဂျလီနာရဲ့ ကိုယ်ဟန် အမျိုးမျိုး

အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ကြေငြာဖို့ စင်မြင့်ပေါ်ရောက်တော့ ခြေထောက်လေးထုတ်လို့ ကိုယ်ဟန်ပေးတာကို သတိထားမိတဲ့ ရုပ်ရှင်ဇာတ်ညွှန်းဆုရှင် ဂျင်မ်ရက်ရှ်က စင်မြင့်ပေါ်အရောက်မှာ အန်ဂျလီနာရဲ့ ကိုယ်ဟန်ကို အတုယူလို့ ကိုယ်ဟန်ပြလေတော့ ပရိသတ်အားလုံး ပွဲကျသွားပြီး အန်ဂျလီနာရဲ့ အော်စကာ ခြေထောက်ရယ်လို့ နာမည်ကြီးသွားတော့တာပါပဲ။


ဂျင်မ်ရက်ရှ်က ဆုယူအပြီးမှာ “ကျနော် သူ့ပိုစ့်ကိုကြည့်ပြီး စ၊ နောက်ချင်လာတယ်။ စင်ပေါ်မှာ ကျနော်လည်း အဲ့လိုလုပ်ရင် လူတွေအားလုံး ပျော်မှာပဲ ဆိုပြီး လုပ်လိုက်တာပါ။ ကျနော့မှာလည်း သူ့လို ခြေထောက်လှလှလေး ရှိတာပဲလေဗျာ မဟုတ်ဘူးလား” ဆိုပြီး ရယ်ရယ်မောမော ပြောဆိုပါတယ်။




အဲ့ဒီနောက်မှာတော့ အန်ဂျလီနာနဲ့ ဂျင်မ်ရက်ရှ်ရဲ့ ကိုယ်ဟန်ပြပုံတွေကို Facebook, Twitter စတာတွေမှာ “အော်စကာ ခြေထောက်” “ဂါဝန်ကြီးက ထူလွန်းလို့ ခြေထောက်ကလေးပေါ်အောင် သူ့ခမျာ ကြိုးစားရတာပါ” “ခြေထောက်ကလေးကလည်း အော်စကာပွဲကို ချောင်းကြည့်ချင်တာပေါ့” အစရှိသဖြင့် ဖြန့်ဝေနောက်ပြောင်နေကြတာဟာ တမိနစ်အတွင်းမှာ Post ပေါင်း ၃၃၀၀ ကျော် အထိ ရှိခဲ့ပါသတဲ့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved