ရေသူမ

Monday, February 20, 2012



တချို့အတွက် ချစ်စရာ သတ္တ၀ါဟာ တချို့အတွက်တော့ ကြောက်စရာ ဖြစ်နေတတ်ပါတယ်။

ဇင်ဘာဘွေနိုင်ငံ မြောက်ပိုင်း Gokwe မြို့လေးနားက ရေကာတာမှာ ပိုက်လိုင်းတွေတပ်ဆင်တာ အဆင်မပြေဘူး၊ ရေသူမများ နှောင့်ယှက်လို့ အလုပ်သမားတွေ ကြောက်နေကြတယ်၊ ရေအရင်းအမြစ်ဝန်ကြီး Samuel Sipepa Nkom က ဒီကိစ္စကို လွှတ်တော်မှာ တင်ပြထားတယ် စသဖြင့် အစိုးရသတင်းစာမှာ အဲဒီလို ရေးထားတယ်လို့ ဆိုတယ်။

ဒီဖြစ်ရပ်အတွက် ဖြေရှင်းနည်းတော့ ရှိပါတယ် တဲ့။ သူ့ဝန်ကြီးဌာနက ရိုးရာနည်းနဲ့ ကိုင်တွယ်ဖို့ နတ်ဆရာငှားလိုက်တယ်၊ နတ်ပွဲလုပ်တယ်၊ အကောင်တွေ ဘာတွေ သတ်ပြီး ယဇ်ပူဇော်တယ်၊ ဒါတင်မကသေး - ရေသူမများ ဘ၀င်ကျစေဖို့ တောအရက်ချက်ပြီး ပသ တယ် တဲ့။

"ကျုပ်ကတော့ ရေသူမတွေ ဘာတွေကို ယုံပါဘူးဗျာ၊ သို့ပေသော်ငြားလည်း အဲဒီမှာတော့ ယုံကြသဗျ" လို့ ၀န်ကြီးက မိန့်ပါတယ်။

http://www.zimbabwejournalists.com/story.php?art_id=7710&cat=1

အာဖရိက ပန်းချီဆရာတယောက်ရဲ့ စိတ်ကူး

မြန်မာရေသူမ

1 comments :

  1. Sandakuu said... :

    ရေသူမရှိရင်လဲရှိခဲ့မယ်ထင်ပါတယ်...
    ဒါပေမယ့် လှလှလေးတော့ဖြစ်မယ်မထင်ဘူး..
    လူမျက်နှာနဲ့ငါး လိုမျိုး များဖြစ်နေမလားမသိဘူး..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved