ကလေးနဲ့အတူ လွှတ်တော်တက်တဲ့ မိခင်

Monday, February 20, 2012


ဥရောပလွှတ်တော်မှာ ကလေးတယောက် မဲပေးနေပါတယ်။ ဒါပေမယ့် သူ့မဲကို ရေတွက်ခြင်း မပြုပါဘူး တဲ့။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Strasbourg မြို့မှာရှိတဲ့ ဥရောပလွှတ်တော်မှာပါ။


Reuters ရဲ့ ပုံစာမှာတော့ အင်္ဂလိပ်ဘာသာနဲ့ Italy's Member of the European Parliament Licia Ronzulli, top center, takes part with her daughter in a voting session at the European Parliament in Strasbourg, France. လို့ ရေးထားပါတယ်။

မိခင်တွေ လုပ်ငန်းခွင်ထဲ ကလေးခေါ်ထားခွင့်ရှိရမယ်လို့ ဥရောပ ပါလီမန်က ပြဋ္ဌာန်းထားပါတယ်။
ဒီအခွင့်အရေးကို
အပြည့်အ၀ အသုံးချသူကတော့ အီတလီနိုင်ငံက နိုင်ငံရေးသမား Licia Ronzulli ဖြစ်ပါတယ်။

သူက ဟိုတုန်းက သူနာပြု၊ နောက်တော့ ဆေးရုံမှာ အရာရှိ၊ အခုတော့ နိုင်ငံရေးသမား ဖြစ်နေပါပြီ။


လွှတ်တော်ထဲရောက်ရင် ကလေးက သူ့အလုပ် သူလုပ်ပါတယ်။ ဂူဂဲလ်မှာတွေ့ရတဲ့ပုံတွေအရဆိုရင် သူ့အလုပ်က အိပ်မယ်၊ ဆော့မယ်၊ ထောက်ခံမယ်၊ ကန့်ကွက်မယ်ပေါ့။
ဂူဂဲလ်မှာ Licia Ronzulli ဓာတ်ပုံတွေကို ရှာတော့ အခုလို တွေ့ရပါတယ်။

Licia Ronzulli က တခါတရံ သူ့ကလေးကို လွှတ်တော်ထဲ ခေါ်လာတတ်တာပါ။
ကလေးထိန်း ခွင့်ယူတဲ့အခါ၊ သူ့ခင်ပွန်း မအားလပ်တဲ့အခါမျိုးမှာပေါ့။

သူ့ကို ကမ္ဘာတလွှားက အမျိုးသမီး အများအပြား၊ အထူးသဖြင့် မိခင်အများအပြားက အားကျနေကြပါတယ်။

1 comments :

  1. Anonymous said... :

    မီးလည်းအားကျတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved