နှင်းဆီနီ

Thursday, February 16, 2012


အင်တာနက်သုံးသူ မြန်မာပြည်သားတချို့ လက်ဆင့်ကမ်းနေကြတဲ့ ဖိတ်ခေါ်ချက်ဖြစ်ပါတယ်။


လေးစားခင်မင်ရပါသော ဆရာ/ဆရာမ ………………………… ခင်ဗျား။

မြန်မာ့လူအဖွဲ့အစည်း ဖွံ့ဖြိုးရေးကို အဓိကဦးတည်ရည်ရွယ်သော နှင်းဆီနီ အမည်ရှိ မဂ္ဂဇင်းကို အသွင်သစ်ဖြင့် ၂၀၁၂-ခုနစ် ဧပြီလမှ စ၍ ထုတ်ဝေမည်ဖြစ်ပါသောကြောင့် ဆရာ၊ ဆရာမ တို့ ထံမှ သုတ-ရသ စာမှုများကို တခုတ်တရ အလိုရှိလှပါသည်။


သို့ဖြစ်ပါ၍ ဖွံ့ဖြိုးရေးတွင် အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံရေးရာ ကိစ္စရပ်များ အစရှိသည့် သုတ-ရသ ၀တ္ထု၊ ဆောင်းပါးများ အပြင် ကဗျာနှင့် ကာတွန်းများကိုပါ မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါသဖြင့် ဆရာ၊ ဆရာမတို့ ကြိုက်နှစ်သက်ရာ အခန်းကဏ္ဍများအား ၂၀၁၂ခုနှစ်၊ မတ်လ (၂၃) ရက် မတိုင်ခင် ရေးသားချီးမြှင့် ပေးပါရန် လေးစားစွာတောင်းခံအပ်ပါသည် ခင်ဗျား။


အရွေးချယ်ခံရသော စာမူများကို နှင်းဆီနီမဂ္ဂဇင်းနှင့်စာမူခများ ပြန်လည်ချီးမြှင့်မည်ဖြစ်ပါသည်။

လေးစားစွာဖြင့်

အယ်ဒီတာချုပ်
နှင်းဆီနီမဂ္ဂဇင်း (CDEC)
အခန်း (၂၀၄)၊ ဒုတိယထပ်၊ တာဝါ (ဘီ)၊
ဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း။ ၀၉ ၆၄၈၄၂၅၄၉၊ ၀၁ - ၅၂၃၉၃၀ ~ ၃၇ လိုင်းခွဲ ၃၂၀၆
redrose.magazine@gmail.com

1 comments :

  1. Anonymous said... :

    Hi guys
    I suggest you one article for coming school semester curriculum for primary to middle standards human rights (UN)
    and state crafts for as a sub subject in history subject. Because history subject was totally wrong about federal administration about concept in 1962. We studied wrong story about history already. Please take right challenge with loaded gun. Might be as a campaign.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved