ငွေပိုကောက်ပြီး ရိုင်းပြသော ဂိတ်

Friday, February 10, 2012

ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ မြဝတီသို့ အဝင် နယ်စပ် (ဓာတ်ပုံ - ဧရာဝတီ)

မြ၀တီ-ဘာအံကားလမ်းပေါ်ရှိ ညီနောင်ရွာတွင် ကောက်ခံနေသော AK ဂိတ်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကစပြီး အကောက်အစား ပိုမိုများပြားလာတာ တွေ့ရပါတယ်။ AK တာဝန်ယူစဉ်အချိန်က ကားတစ်စင်းလျှင် ၂၀၀၀ ကျပ်သာ ကောက်ခံခဲ့သော်လည်း ယခု ၄၀၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံကာ အတင်းအကျပ်ပြုလုပ်လျက်ရှိပါတယ်။

AK Co.,Ltd လမ်းလုပ်ငန်းများအား ပြန်လည်အပ်နှင်းလိုက်ပြီ ဖြစ်သော်လည်း ကျန်ရှိနေသော ၀န်ထမ်းများက မြို့နယ်စည်ပင်နှင့် ပူပေါင်းကာ ကောက်ခံမှုများ ရှိနေဆဲဖြစ်ပါတယ်။ ကောက်ခံသော ပိုက်ဆံ ၄၀၀၀ ကျပ်အား ဖြတ်ပိုင်းတောင်းခံရာ ပေးဆောင်ခြင်းမရှိဘဲ ရိုင်းပြစွာ ဆက်ဆံခြင်းများရှိနေပါတယ်။ ဘယ်ကောင့်ကို တိုင်တိုင် သောက်ဂရုမစိုက်ဘူး၊ ငါတို့လဲပိုင်လို့ လုပ်စားနေတာလို့ ပြောဆိုခြင်းများရှိနေပါတယ်။ ယခု ဧရာဝတီဘလော့မှတဆင့် သက်ဆိုင်ရာလူကြီးမင်းများ သိရှိနိုင်ရန် တင်ပြပေးစေလိုပါတယ်။

ဧရာဝတီဘလော့အား အစဉ်လေးစားလျက်
(---)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved