ဆရာတော်များကိုပေးတဲ့ ၀န်ကြီးရဲ့ လက်ချာ

Sunday, February 26, 2012

.





သာသနာရေးဝန်ကြီး သူရဦးမြင့်အောင်က စနေနေ့မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များရဲ့ အစည်းအဝေးကို တက်ရောက်ပြီး ဘာတွေ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေက အရေးကြီးတယ် ဆိုပြီး လျှောက်ထား ပြောကြားတယ် တဲ့။


ဝန်ကြီးရဲ့ စကားလုံးတွေပဲ ပါပါတယ်။
ဆရာတော်များ ဘယ်လို ပြန်ပြီး အမိန့်ရှိသလဲ ဆိုတာ မသိရပါ။

ဆက်စပ်တယ်လို့ ယူဆရတဲ့သတင်း -

ဦးဂမ္ဘီရကို အရေးယူမယ် တဲ့
http://www.irrawaddyblog.com/2012/02/blog-post_19.html





.

12 comments :

  1. Anonymous said... :

    ဆရာတို့ တင်တဲ့ ဓါတ်ပုံ ကို ဖတ်လို့ မရပါ
    စာလုံး အရမ်းသေး ပါတယ်
    ဖတ်လို့ ရအောင်တင်ပေးပါ သိုမဟုတ် အခုတင်ထားတာကို ဘယ်လို ဘယ်လိုဖတ်ရတယ်ဆိုတာ သင်ပေးပါ

  1. Anonymous said... :

    ပုံကို ညာကလစ်ထောက်ပါ။ ပြီးရင် Open Link in New Tab ကိုနှိပ်ပါ။ နောက်ထပ်စာမျက်နှာတခု ပွင့်လာပါမယ်။ အဲဒီစာမျက်နှာမှာ စာလုံးကသေးလို့ ဖတ်လို့မရသေးရင် တချက်ထပ်ပြီးကလစ်လုပ်လိုက်ပါ အဆင်ပြေစွာဖတ်လို့ရလာပါလိမ့်မယ်။ ကျနော်လဲ အရင်ကဖတ်မတတ်ပါဘူး။ ဘဝတူစာဖတ်သူတယောက်က ပြောပြလို့သိရတာပါ။ အဆင်ပြေပါစေ။

  1. ant said... :

    ပြောချင်နေတာကြာပြီ
    သူများတွေပြောတာတွေ.လို. ၀င်ပြောလိုက်အုံးမယ်
    ဒီဝက်ဆိုက်မှာ သတင်းနဲ.သက်ဆိုင်လို.တင်တဲ့ ဓာတ်ပုံ ဒါမှမဟုတ်စာကို တခါထဲဖတ်လို.ရအောင်တင်သင့်တယ်
    ကြော်ငြာအတွက်နေရာကို နဲနဲလျှော့ပြီး သတင်းဓာတ်ပုံရဲ. နေရာကိုနဲနဲချဲ.ပေးသင့်တယ်
    ခင်ဗျားတို.ရဲ.ပရိသတ်ကို လေးစားတယ်ဆိုရင်ပေါ့။
    တခါတလေ ကာတွန်းကိုတင်သာထားတယ်
    ဘယ်လိုမှကြည့်လို.မရဘူး
    ဒီလိုမဖြစ်သင့်ဘူးထင်လို. အကြံဝင်ပေးတာပါ။

  1. Anonymous said... :

    သာသနာရေးဝန်ကြီး သူရဦးမြင့်အောင်က စစ်တပ်ကလာပြီး ဆရာတော်ကြီးတွေကို အမိန့် လာပေးနေရအောင် သာသနာ အကြောင်း ဘယ်လောက်သိလို့ လဲ။ စစ်တပ်က သာသာအပေါ်ကနေ လာလွမ်းမိုးနေသရွှေ့  သာသနာဟာ အရောင်မှိန်နေမှာပါ။ စစ်သားက စစ်သားအလုပ်လုပ်ရင်ကောင်းမယ်။

  1. Anonymous said... :

    သူရ မြင့်မောင်က ဘုန်းကြီးစာ၊ ဘုရားစာ ဘယ်လောက်သင်ဘူးလို့ နားလည်းလို့ လဲ။ စစ်တပ်က သာသနာကို ချူပ်ကိုင်ထားတာ ထင်ရှားပါတယ်။

  1. Anonymous said... :

    စစ်တပ်က ဆရာလာလုပ်နေတဲ့လုပ်ပုံကိုင်ပုံတွေက ဗုဒ္ဓသာသာကို အကြည်အညိုပျက်အောင် ငြိုးငယ်အောင် လုပ်နေတာသာဖြစ်ပါတယ်။

  1. ဇော်မင်း said... :

    အော် မဟာနာယက ကိုတောင် သာသာရေးဝန်ကြီးက
    သူဖြစ်ချင်တာတွေ ပြောနေတာဆိုတော့ ပြောင်းပြန်
    ကြီးပါလား အစဉ်လာပျက်စီးမှာစိုးလို့ ဆက်ထိန်းနေတာ
    ထင်ပါတယ် သာသနာတော်အတွက်ကတော့ နဲနဲလေးမှ
    မပြောင်းသေးပါဘူး မူဟောင်းတွေတိုင်း ကျင့်သုံးနေကြတုန်းပါဘဲ တိုင်းပြည်လဲ ဒီတိုင်းပါဘဲ
    ပါးစပ်နဲ့ဘဲ ပြောင်းနေကြတာပါ။

  1. Anonymous said... :

    သာသနာရေးဝန်ကြီးဌာန မရှိရင် ဗုဒ္ဓသာသာ ပိုပြီး တိုးတက်ကောင်းမွန်လာမယ်လို့  ယုံကြည်ပါတယ်။ ရှိနေရင်လည်း ဘာတွေ သာသနာ ကောင်းကျိုးလုပ်ပေးနိုင်လို့ လဲ။ စစ်အုပ်ချူပ်ရေးကို အသက်သွင်းဖို့ လောက်သာ စစ်တပ်ဂုဏ်သိက္ခာကျဆင်းရေးအတွက်သာ အသုံးတည့်ပါတယ်။

  1. Anonymous said... :

    ဘယ်လိုလုပ်ရင် ဖတ်လို့အဆင်ပြေမယ်ဆိုတာတွေကိုတော့ မလေ့လာ၊ တစိတ်ရှိ Complain တက်မယ်ဆိုတဲ့စိတ်နဲ့တော့ ဘယ်ရမှာတုန်းဗျ တောသားကြီး ဦးလှရွှေနဲ့ အပေါင်းအပါများ။ လေ့လာပါ။ လေ့လာတယ်ဆိုတာ အသက်အရွယ် မကန့်သတ်ထားပါဘူး။ ဧရာဝတီဘလောက်က ယခင်အတိုင်းပဲ ပုံတွေကို အမြည်းသဘောပေးထားပြီးသား- အကျယ်ဘယ်လိုချဲ့ကြည့်မလဲဆိုတာတော့ အင်တာနက်သုံးနေသူ ပရိသတ်တွေ သိသင့်တာပေါ့။ (ပြောပေါင်းလည်းများပြီ။ အာလည်းညောင်းပြီ။ ငါ့ကို ဆေးခန်းပို့ပါတော့ :P )

  1. Anonymous said... :

    အဲဒီဝန်ကြီးပေါ့
    မန်းလေးမှာလဲ သတင်းထောက်တွေကို ၂ နာရီ လောက် တရားဟောသွားတာ။ စွယ်တော် ကိုလှူတဲ့ပိုက်ဆံတွေအားလုံး တရုတ်ပြည်ကိုပေး လိုက်တာ မြစ်ဆုံနဲ့ပတ်သက် သလားသွားမေးလို့တဲ့။

  1. Anonymous said... :

    Lucky he never asked all the monk to change uniform(green):-)

  1. “ပြစ်မှုကျူးလွန်မှု၊ ပြစ်ဒဏ်သင့်မှုများ မဖြစ်ပေါ်စေရန် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က ရဟန်းသာမဏေများအား ပြစ်မှုနှင့်ပြစ်ဒဏ်များ သိရှိလိုက်နာစေရေး အသိပေးရှင်းလင်းပွဲများ၊ သြ၀ါဒခံယူပွဲများ မကြာခဏပြုလုပ်ဆောင်ရွက်ပေးတော်မူကြပါရန် လျှောက်ထားအပ်ပါသည် ဘုရား။”
    သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ လုပ်ထုံးလုပ်နည်း စသည်တို့၌ ယင်းသို့ လုပ်ဆောင်ရန် ညွှန်ပြထားခြင်း မရှိ၍ ယင်းစကားသည် စည်းလွတ်ဝါးလွတ် စကားဖြစ်သည်။
    “ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် သာသနာတော်အတွက် အဘက်ဘက်မှ လိုလေသေးမရှိအောင် ချီးမြှောက်ထောက်ပံ့နေသကဲ့သို့ ပြည်သူပြည်သား ဒါယကာ ဒါယိကာမများကလည်း အင်တိုက်အားတိုက် အားပေးချီးမြှောက်ထောက်ပံ့နေသည့် ဤအချိန်အခါကောင်းတွင် သတိတရားလက်ကိုင်ထား၍ ဗုဒ္ဓသာသနာတော်မြတ်ကြီး အကျိုးပွားတိုးဆောင်ရွက်တော်မူနိုင်ကြပါစေကြောင်း ပန်ကြားလျှောက်ထားရင်း”
    သတိတရားလက်ကိုင်ထား၍- ဟူသော စကားသည် ဆရာတော်ကြီးများအပေါ် စော်ကားလိုက်သော စကားသာ ဖြစ်သည်။ အမှန်စင်စစ် ဤလိုစကားမျိုးကို ထေရ်ကြီးဝါကြီး ဆရာတော်ဘုရားကြီးများကသာ မိမိတို့ လက်အောက်မှာ ရှိသည့် တပည့်ရဟန်းသာမဏေများကို ဆုံးမသြ၀ါဒပေးသောအားဖြင့် ပြောလေ့ပြောထ ရှိကြပေသည်။ ယခုတော့ သာသနာရေးဝန်ကြီးဆိုသူက ဆရာတော်ဘုရားကြီးများကို လျှောက်ထားနေလေပြီ။
    ဤလျှောက်ထားလွှာကို ရေးသားသူ- ဘုန်းကြီးလူထွက်နှင့် ဖတ်ကြားသူ သာသနာရေးဝန်ကြီးတို့သည် သာသနာ့လုပ်ထုံးလုပ်နည်းကိုလည်း မသိ၊ သာသနဝေါဟာရကိုလည်း ကောင်းစွာ နားမလည်သည့် လူ့ဗလချာများသာ ဖြစ်ကြသဖြင့် သီလသမာဓိပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံတော်မူကြသော ဆရာတော်ဘုရားကြီးများက “ကြားရင် ကြားတယ်” ဟု မှတ်သားတော်မူလျက် ယင်းလျှောက်ထားချက်နှင့်ပတ်သက်၍ တစုံတရာကိုမျှ အလေးအနက်ထား လုပ်ဆောင်တော်မူကြလိမ့်မည် မဟုတ်ကြောင်း အခိုင်အမာ ယုံကြည်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved