မြန်မာပြည်မှာ အမေရိကန်စစ်သား ရှာဖွေရေး

Sunday, February 26, 2012

၁၉၄၂ ခုနှစ်က မြန်မာပြည် တောတွင်းတနေရာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်စတီးဝဲလ် နဲ့ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Getty Images)

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သားတို့ရဲ့ ရုပ်အလောင်းတွေ ရှာဖွေရေး လုပ်ငန်းတွေ ပြန်အစပြုဖို့ အမေရိကန်က ကြိုးပမ်းနေပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေ လွန်ခဲ့တဲ့ ၈ နှစ်က ရပ်ထားခဲ့တာပါ။

ဒီတပတ်မှာတော့ အမေရိကန် ထိပ်တန်း စစ်အရာရှိတယောက် မြန်မာပြည် ရောက်လာပြီး လုပ်ငန်းပြန်စရေး စကားပြောခဲ့ပါတယ်။ အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာလို့ ဒီလို ပြောနိုင်တာလည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ သောကြာနေ့က သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူကတော့ ကာကွယ်ရေးဌာန ဒုတိယ လက်ထောက် ၀န်ကြီး (Deputy Assistant Secretary of Defense) Bob Newberry ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှာမတွေ့သေးတဲ့ အမေရိကန် အရေအတွက်က ၇၃၀ ၀န်းကျင် ရှိမယ်၊ အများစုက လေတပ်က ဖြစ်တယ်၊ ကမ္ဘာစစ်အတွင်း တောထူထပ် တောင်ထူထပ်တဲ့ ဒေသတွေမှာ ပျောက်သွားတာလို့ ဆိုပါတယ်။

ရှာဖွေရေးလုပ်ငန်းတွေအရေး သဘောတူညီချက်ရဖို့က ကြားဖြတ်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာဖွယ် ရှိပါတယ် တဲ့။

၂၀၀၃/၂၀၀၄ ရှာဖွေရေးလုပ်ငန်း ကာလတွေတုန်းကတော့ အမေရိကန်စစ်သား ရုပ်အလောင်း ၇ ခုကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

တနေ့တုန်းက ကာကွယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးတဲ့အကြောင်း အစိုးရသတင်းထုတ်ပြန်ချက်
ဒီသတင်းမျိုးကတော့ ထုံးစံအတိုင်း လူနာမည်တွေပဲ ပါပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ် မပါပါ။

နယ်စပ်ရေးရာ ဒုဝန်ကြီးနဲ့ ညှိနေတဲ့ Bob Newberry နဲ့ အဖွဲ့။
Bob Newberry ဟာ ကမ္ဘာတလွှား ပဋိပက္ခများမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်များအရေး ဆောင်ရွက်တဲ့ ကာကွယ်ရေးဌာနရဲ့လုပ်ငန်းတွေကို ဦးဆောင်ရသူပါ တဲ့၊ အမေရိကန်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။

ညွှန်း - အေပီသတင်း - US holds talks in Myanmar on recovery of soldiers
February 24, 2012|Matthew Pennington, Associated Press

The United States has taken the first step toward resuming the search for the remains of U.S. soldiers lost in Myanmar during World War II.

The search was suspended eight years ago, but improved U.S.-Myanmar relations have resulted in a senior military official holding talks on the issue in Myanmar this week.

Deputy Assistant Secretary of Defense Bob Newberry led an interagency delegation to begin negotiations, a spokeswoman, Navy Cmdr. Leslie Hull-Ryde, said Friday.

Approximately 730 Americans remain unaccounted for in Myanmar, mostly U.S. air crews that went down in the rugged mountains and deep jungles of country’s north while flying supplies from India to China. The conflict ended in 1945.

Secretary of State Hillary Rodham Clinton urged resumption of remains recovery when she made a landmark visit to Myanmar, also known as Burma, in December.

Washington is stepping up its engagement with the government in response to political changes after decades of military rule.

That process is likely to gain momentum if Myanmar conducts free and fair special elections in April in which democracy leader Aung San Suu Kyi is a candidate. The U.S. and other Western nations may then take steps to ease tough sanctions.

Newberry leads the Pentagon’s department on Prisoner of War/Missing Personnel Affairs. Hull-Ryde had no details on this week’s discussions and who participated on the Myanmar side.

Seven soldiers’ remains were identified after U.S. recovery operations in 2003 and 2004, during what was a rare instance of cooperation with Myanmar’s military, which has a poor human rights record. Additional remains were recovered but have not yet been identified.

If recovery operations resume, it is unlikely to happen before next January, during the dry season in northern Kachin State, where most of the service members went missing.

11 comments :

  1. ဝေဇင် said... :

    မူရင်းသတင်းကို copy/paste လုပ်ရင်လဲ ကြော်ညာလေးတော့ ဖျက်ပါအုံး ဧရာဝတီရယ်.. အဲမန္တလေး ပါသတင်းထဲ ရောက်နေလို့ပါ..း)

  1. Admin said... :

    ကျေးဇူးတင်ပါသည်။
    လေကြောင်းလိုင်းကြော်ငြာစာသားကို ဖျက်လိုက်ပါပြီ။

  1. Anonymous said... :

    စစ်သားတွေရှာတယ်ဆိုပြီး မြန်မာပြည်ရဲ. သယံဇာတတွေကို ရှာဖွေတာရော မဖြစ်နိုင်ဘူးလား

  1. maymyo thar said... :

    သယံဇာတတွေကို လူသေရှာသလို ရှာမလားဟဲ့ အနော်ရဲ့။internet ဆိုတာငါတို့တွေ အခုမှသုံးရတာ။အမေရိကက ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းကသုံးလာတာ။

  1. burmese said... :

    သူများနိုင်ငံတွေများနော်။အတုယူစရာကောင်းလိုက်တာ။
    ငါတို့မှာတော့ နာဂစ်တုန်းက ကြည့်မကောင်းအောင် ပျံ့နေတဲ့ အလောင်းတွေကို တာဝန်ရှိသူတွေ မသိကျိုးကျွန်ပြုတဲ့အပြင်၊စေတနာနဲ့ ကုသိုလ်ပြုမီးသဂြိုလ်ပေးတဲ့သူတွေကိုတောင် ထောင်ချလိုက်သေးတယ်။

  1. ကျော်လင်း said... :

    Anonymous ရေ
    ငါတို့မြန်မာပြည်ကသယံဇာတတွေ စစ်အုပ်စုနဲ့တရုတ်တွေခိုးလို့ကုန်ပါပြီဗျာ။

  1. Anonymous said... :

    ပဲခူးတိုင်းအနောက်ပိုင်းကမ္မမြို့နယ်အတွင်းအ နောက်ရိုးမအတွင်းစစ်အတွင်းလေယဉ်အပျက်ရှိသည်ခုတော့ရောင်းစားတာကုန်ပြီ

  1. honey said... :

    ဒါပဲဒီမိုကရေစီဆိုတာ
    လူကိုလူချင်းတန်ဖိုးထားတာ
    ဒီမိုကရေစီပါပဲ။
    ဒီအတွက်စစ်မှန်တဲ့ဒီမိုကရေစီကို
    အမေစုနဲ့အတူမျော်လင့်တောင်းတနေပါသည်။
    ဒီမိုကရေစီဝါးတားတားကိုမလိုလားပါ။

  1. ssaw said... :

    သေသွားတဲ့အမေရိကစစ်သားတွေကိုတော့ရှာမယ်
    မြန်မာစစ်သားတွေကတော့ဆက်သေအုံးပေါ့

  1. Anonymous said... :

    မကွေတိုင်း၊အောင်လံမြို့ နယ်၊အောင်ညီသာကျေးရွာအနီးမှာတော့ နိုင်ငံခြားစစ်သားတွေရဲ့စစ်သင်္ချိုင်းတစ်ခုရှိပါတယ် ဒါပေမယ့် ဘယ်နိုင်ငံသားစစ်သားဆိုတာတော့မသိပါ။အဲဒီနေရာကိုလည်း ဒေသခံတွေပဲ သိပါတယ်။သက်ကြီး ရှေ့မှီများထံမှာ စုံစမ်းရင်တော့ ဘယ်နိုင်ငံခြားစစ်သားတွေရဲ့
    သင်္ချိုင်းဆိုတာ သိနိုင်ကောင်းသိနိုင်ပါလိမ့်မယ်

  1. Anonymous said... :

    ၇ှာ၇င်းနဲ့ လေ့ လာ၇င်းနဲ့  ဘိန်းပါဖော် အဲဒါမှ အေးေ၇ာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved