ပုသိမ်က ဒီမိုကရေစီ
Friday, February 3, 2012
ပုသိမ်မြို့ (ဓာတ်ပုံ - ဆာရာ ဘေကာ)
(ဖြိုးထက်အောင်မြင့်၏ ဖေ့စ်ဘုတ်မှ ယူပါသည်)
ကျွန်တော်က ပုသိမ်တက္ကသိုလ်ကျောင်းလမ်းမကြီးမှာ မိတ္တူဆိုင်ဖွင့်ထားတဲ့သူတယောက်ပါ. .
ခုလတ်တလောကြားရတဲ့သတင်းက တော်တော်လေးကို မမျှတဘူးလို့ ကျနော်ထင်မိတယ်
ပြည်သူလူထုရဲ့ အချစ်တော် အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ပုသိမ်မြို့ကို ခုလာမယ့် ဖေဖေါ်ဝါရီ 7 ရက်နေ့ လာရောက်မယ်လို့ သတင်းကြားလို့ ကျနော်တော်တော်လေး ပျော်ရွှင်ရတယ်. . ကျနော့်လိုပဲ အန်တီစု၊ အမေစုကို ချစ်ကြတဲ့ပုသိမ်မြို့သူမြို့သားတွေလည်း ပျော်ရွှင်ကြမယ်လို့ ယုံကြည်တယ်. . . အမေစုရဲ့ မိန့်ခွန်းတွေလည်း နားထောင်ချင်တယ်. . လူကိုလည်း မျက်ဝါးထင်ထင် တွေ့ချင်မိကြတာပေါ့. . . အထူးသဖြင့် အမေစု ရဲ့ ရည်မှန်းချက်တခုဖြစ်တဲ့ လူငယ်တွေ လူငယ်တွေကို စိတ်ဓါတ်ရေးအရ ကြံ့ခိုင်အောင် ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ထားချက်တွေ မိန့်ခွန်းတွေကို နားထောင်ရတာ တအားအားရကျေနပ်ရပါတယ်. ..
ဒါပေမယ့် ကျနော့်သူငယ်ချင်း တက္ကသိုလ်ဆရာတယောက်စီက ကြားလိုက်ရတဲ့သတင်းကြောင့် ကျနော် တော်တော်လေး တင်းသွားပါတယ်. .ဒေါသထွက်သွားပါတယ်. .. ခုလို မြန်မာနိုင်ငံဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး အခြေအနေအရပ်ရပ်မှာ ကောင်းမွန်တဲ့ ပွင့်လင်းတဲ့ စည်းစနစ်ကျတဲ့ နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းနိုင်တဲ့ အခြေအနေကို ဦးတည်သွားနေတဲ့ အခြေအနေမျိုးမှာ ကျနော်ကြားရတဲ့ ခုလိုသတင်းမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်. . ပြည်သူရဲ့ အပြည့်အ၀ထောက်ခံမှုကို ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ကို လာရောက်တဲ့နေ့တွေ ဖေဖေါ်ဝါရီ 6ရက်နဲ့ 7 ရက်တွေမှာ တက္ကသိုလ်တွေမှာ ရုတ်တရက်စာမေးပွဲ ကျောင်းသားကျောင်းသူတွေကို Pre exam အနေနဲ့ စစ်မယ်လို့ သတင်းကြားလိုက်ရပါတယ်. . . အန်တီစု ကို တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ပေးမတွေ့ချင်တဲ့ သဘောပါပဲ. . အထက်က အမိန့်ပေးတယ်လို့ သတင်းကြားမိပါတယ်.. . . တကယ်တော့ နောင်တခေတ်ရဲ့ မဝေးတော့တဲ့ မြန်မာပြည်ရဲ့ အနာဂါတ်ကို ခေါင်းဆောင်ကြမယ့် ပညာတတ်လူငယ်လူရွယ်တွေဟာ နိုင်ငံရေးအသိစိတ်ဓါတ် အပြည့်ရှိနေရပါမယ် ကိုယ့်နိုင်ငံ နိုင်ငံတကာအဆင့်မှီ အရေးကိစ္စမှန်သမျှမှာ ပွင့်လင်းညင်သာ အဆင်ပြေစွာ စီးဆင်းရမယ့် အနေအထားမှာ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေကို ပိတ်ပင်တားဆီးတဲ့ အနေအထားမျိုးဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ပါဘူး လှူု့အခွင့်အရေးအရလည်း ငြိပါတယ်. .. . အထက်အာဏာပိုင်တွေဟာ ရည်ရွယ်ချက်မှားနေပါတယ်. ဆူညံအုန်းပွက် ဘာမှ အရေမရအဖတ်မရ စတိတ်ရှိုးပွဲတွေမှာတော့ လူငယ်လူရွယ်တွေဟာ ဖြစ်ချင်သလိုဖြစ်နေကြပြီး ခုလို့ ရင့်ကျက်တည်ငြိမ် လေးနက်တဲ့ လူငယ်တိုင်း နားထောင်ရမယ့် စကားမျိုးတွေ လူတွေကိုတော့ ပေးမတွေ့ပဲ ပေါ့ပျက်ပျက်အနေအထားမျိုးတွေမှာ လူငယ်တွေကို လွတ်ပေးထားတာဟာ. . . နိုင်ငံတနိုင်ငံကို ကောင်းမွန်စွာ Clean Government အနေအထားမျိုး လုပ်ဆောင်နေပါတယ်ကြွေးကြော်နေတာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာလို့ ကျနော် မှတ်ချက်ချလိုက်ပါတယ်. .. တိုင်းပြည်တပြည်ရဲ့ အနာဂါတ်ကောင်းမွန်ရေးဟာ တက္ကသိုလ်ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေလက်ထဲမှာ ရှိပါတယ်. . အသိစိတ်ဓါတ်တွေ ဖွံဖြိုးတိုးတက်ဖို့ တအားလိုအပ်တဲ့ အခြေအနေမျိုးကို ပိတ်ပင်တဲ့ အနေအထားဖြစ်တဲ့အတွက် အထက်အာဏာပိုင်ဆိုတဲ့ ပုဂိုလ်တွေကို ကျနော် လုံးဝကို ရှုတ်ချပါတယ်. . . ပုသိမ်မြို့ကို လုံးဝကို အားမရပါဘူး. . . နောင်တခုက သူတို့စိုး၇ိမ်တာက လူငယ်တွေ ဆူညံပြီး ထိန်းမရသိမ်းမရဖြစ်မှာလို့ အကြောင်းပြပါမယ်. . တကယ်တန်းက လူငယ်တွေချစ်တဲ့ ပြည်သူချစ်တဲ့သူတယောက် ဦးဆောင်တဲ့ ကိစ္စမှန်သမျှဟာ ဘယ်လိုနည်းနဲ့မှ ဆူညံပြီး ထိန်းမရသိမ်းမရဖြစ်မှာ မဟုတ်ပါဘူး. . တအားထိန်းသိမ်း ကြပ်မတ်လွန်းရင် ပေါက်ကွဲထွက်တတ်တယ်ဆိုတဲ့ စိတ်ပညာသဘောတရားကို သူတို့တွေ နားမလည်ပါဘူး. . ခုထိ Army Style ကို ကျင့်သုံးနေတဲ့ Government ကို ရှုတ်ချပါတယ်
ကျနော်ဟာ နိုင်ငံရေးသမားတယောက် လုံးဝမဟုတ်ပါ ပြည်သူထဲက ပြည်သူတယောက်ဖြစ်ပါတယ်
ခုလို လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့အခြေအနေမျိုးမှာ ခုလို f******, blocking, restricting, တွေ ရှိနေတာဟာ ကျနော်တို့ ပုသိမ်မြို့အတွက် နိုင်ငံတခုလုံးအတွက်ကို မကောင်းတဲ့အနေအထားပါပဲ. . .
ဖြိုးထက်အောင်မြင့်
ဖေဖေါ်ဝါရီ 2.2012
ကြာသပတေးနေ့၊ ညနေ 4း15
ပုသိမ်မြို့
12 comments :
  1. Anonymous said... :
    မန္တလေးကို ဟောပြောဖို့ ကွင်းမရအောင် အခက်အခဲ ဖြစ်အောင်ကြိုးစားတယ်။ ပုသိမ်ကိုလည်း လူနည်းနိုင်သမျှနည်းအောင် ကြိုးစားတယ်။ ဘယ်လိုနည်းနဲ့ လူထုချစ်တဲ့ လူထုခေါင်းဆောင်နှင့် ပြည်သူကို မထိတွေရအောင် အားထုတ်နေမလဲ ဆိုတာ သိသာမြင်သာပါတယ်။ ဒါကြောင့် အများကြီး စစ်တပ်ရော ကြံ့ဖွတ်ပါ ပြင်စရာ တွေ ပြောင်းစရာ စိတ်ဓါတ်တွေ လိုနေပါသေးတယ်။
  1. Anonymous said... :
    Don't expect to lift the sactions with these wicked games... I really want to know who's behind such things... Those who really wants to change must change in reality!
  1. Anonymous said... :
    I am one of Burmese and pathein natived. Don't worry guys.. during Maj-Gen Myint Aung period about 1990.. DASSK visit pathein and army block all private cars to South west commands intend not available cars for her, block all ship and boat intend not available for her, restrist and orders all house on strand road to close all doors and indows intend not to welcome her... eventually DASSK wandring around Pathein city together with handrends or thousands of bicycles successfully. later DASSK press to media after this trip that she thanks for Gen-Myint Aung due to she got very successful welcomed her.
  1. Anonymous said... :
    အကြောက်လွန်ပြီး ထင်ရာတွေ လျှောက်လုပ်နေတယ်။ ခိုင်းတဲ့သူက ခိုင်း အောက်ကလူတွေ ကလဲ ဘာမှ မပြောရဲ၊ ခိုင်းတာအကုန်လိုက်အကောင်အထည် ဖေါ်ပေးရတယ်။ ရုတ်တရက် စာမေးပွဲ ဖြေခိုင်းတော့မှ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့  မှာ ဟားဟား
  1. Anonymous said... :
    တပ်မတော်မှာ အမေစု ကိုချစ်တဲ့သူတွေအများကြီးပါ။အမိန့်အရလုပ်နေရတာပါ။အဲဒါကိုတော့နားလည်ပေးပါဗျာ။
  1. Anonymous said... :
    Since this government is just about a year old, they do not possess adequate maturity, they're only in their childhood. So it's child's play............
  1. zawthika said... :
    နိုင်ငံတော်အကြီးအကဲများအနေနဲ့ တိုင်းပြည်ကိုတကယ်
    ချစ်ရင်၊တိုင်းပြည်နဲ့ လူမျိုးကိုဆင်းရဲတွင်းထဲကလွတ်အောင်
    ကယ်တင်ချင်ရင်အရင်ဆုံးအမေစုကိုအမြင်ကြည်လင်ရပါ
    မယ်၊အမေစုအခုလုပ်နေတာဟာသူ့ အကျိုးအတွက်မဟုတ်
    ပါဘူး၊တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ၊ဒါကိုသဘောပေါက်
    သင့်ပါတယ်အောက်ခြေ၀န်ထမ်းတွေကလည်းအထက်က
    ခိုင်းတိုင်းအရမ်းမလုပ်ကြပါနဲံ့ ၊လုပ်သင့်မလုပ်သင့်မိမိမှာပါ
    တဲ့ခေါင်းနဲ့ စဉ်းစားသင့်ပါတယ်၊၀န်ထမ်းအားလုံးလူတစု
    မျက်နှာကိုမကြည့်ပဲလူထုမျက်နှာကိုကြည့်တဲ့ပြည်သူ့ 
  1. paukhlange said... :
    ထားဝယ်လူထုရဲ.လှိုက်လှဲစွာကြိုဆိုပုံတွေကိုကြည့်ပြီးတော့ နောက်ဘယ်နေရာမှာပဲဖြစ်ဖြစ် မနာလိုဝန်သိုမှုတွေနဲ့ အနှောက်အယှက်တွေပေးတော့မယ်ဆိုတာ ခံစားလိုက်မိပါတယ်။ဘာပဲဖြစ်ဖြစ် တန်ဖိုးရှိတဲ့စိန်ဆိုတာ မြင့်မားတဲ့အပူချိန်နဲ့ မြင့်မားတဲ့ဖိအားတွေအောက်မှာ ဖြစ်ပေါ်လာတာပါ။
  1. Anonymous said... :
    မကောင်းသော ယုတ်ညံ့သော
    စိတ်ထားရှိသူတို့သည်
    ဘဝသံသရာအဆက်ဆက်
    အကုသိုလ်ဒုက္ခအမျိုးမျိုးတို့နှင့်
    ကြုံတွေ့ရချေ၏
  1. Anonymous said... :
    very good letter from a youth i have ever read.high level thinking in about making developed nation.
  1. Anonymous said... :
    သောက်သုံးမကျအစိုးရ
    ဖွတ်Government အဖျင်းGovernmentပါကွာ။
  1. Anonymous said... :
    See how Myint Aung ended his life.
    A stupid general ever born in Burmese history.
    Chee Brain Guy
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved