စင်္ကာပူ မြန်မာသံရုံးနဲ့ ခြားနားခွန်

Wednesday, February 29, 2012


သို့ 
နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျနော် မြန်မာနိုင်ငံသား မောင်စိုးအောင်သည် စင်ကာပူနိုင်ငံတွင် ခေတ္တလာရောက် အလုပ် လုပ်ကိုင်နေပါသည်။

ကျနော်မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ကျနော်၏နို င်ငံကူးစာအုပ်ကို အသစ်လဲရန်အတွက် နိုင်ငံက
ဝင်ငွေခွန်ထမ်းဆောင်စေသော ၄၀%ကို တရားဝင်စင်ကာင်္ပူဒေါ်လာမှ အမေရိကန်ဒေါ်လာသို့  တန်ဖိုး
ပြောင်းလဲပြီး MFDBတွင် ဆောင်စေပါသည်။

ထို့ နောက်စာအုပ်ကိုအသစ်လဲပါသည်။

ယခုကျနော်သည်စာအုပ်ကို
သက်တမ်းတိုးရန်အတွက်စင်င်္ကာပူရှိမြန်မာသံရုံးတွင် သွားရောက်လျောက်ထားစဉ် ကျနော် ထမ်းဆောင်ခဲ့သော
ဝင်ငွေခွန်းများကိုမြန်မာနိုင်ငံမှာဆောင်ခဲ့သောကြောင့် ခြားနားခွန်ဆိုပြီး ယခင် ထမ်းဆောင်ခဲ့သော အခွန်များကို
ထပ်လောင်း၍ တောင်းဆိုပါသည်။

ထို့ ကြောင့်ကျနော်တို့ မြန်မာနိုင်ငံသားများသည် မည်သည့်နိုင်ငံ၏ဥပဒေကို
အတည်ယူ၍ မည်သို့ မည်ပုံပြုလုပ်ရပါမည်နည်း။

မြန်မာနိုင်ငံတော်အခွန်ရုံးက၄၀%၊ စင်င်္ကာပူရှိမြန်မာသံရုံးက ခြားနားခွန် ဆိုပြီး
အမျိုးမျိုး ပါးစပ်ဥပဒေများပြုလုပ်နေသောကြောင့် ဒုက္ခတော်တော်ရောက်ကျရပါသည်။

မည်သည့်နိုင်ငံတွင် အလုပ်လုပ်၊ နေနေ အခွန်ဥပဒေကို တစ်ညီတစ်ညွတ်ထဲဖြစ်စေခြင်ပါသည်။

အခွန်ထမ်းဆောင်ရန် သံရုံးသို့ သွားလျင်လဲ၂ပတ်၃ပတ် အချိန်ယူပြီး ရက်ချိန်းပေးတတ်ပါသည်။

သမ္မတကြီးထံ ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

စိုးအောင်
ခေတ္တ
စင်င်္ကာပူ

23 comments :

  1. ထိန်လင်း said... :

    ပထမတစ်ခါအခွန်ဆောင်ပြီး မြန်မာနိုင်ငံမှာစာအုပ်သက်တမ်း တိုးခဲ့ပြီး ၊ နောက်တစ်ကြိမ်သက်တမ်းတိုးဖို့ကို စင်္ကာံ သံရုံးမှာလျှောက်တာလား ၊ ဒါမှမဟုတ် မြန်မာပြည်မှာ အခွန်ဆောင်ခဲ့ပြီးမှ စင်္ကာံပူမှာ စာအုပ်သက်တမ်းသွားတိုးတာလား သေချာသိ
    ပါရစေခင်ဗျား။ ဟိုးအရင်အရင် မြန်မာပြည်မှာအခွန်
    ဆောင်ခဲ့ပြီး စာအုပ်သက်တမ်းတိုးထားပြီးကာလတွေ
    အတွက်ပါ ခြားနားခွန်ပြန်တောင်းတာလားဆိုတာလည်း
    သိသူများဖြေကြားပေးစေလိုပါတယ်ခင်ဗျား။ ကျေးဇူးပါဗျာ...

  1. စင်္ကာပူမှာ တစ်လလျှင် အောက်ပါ အချိုးအတိုင်းဆောင်ရမည်လို့ သတ်မှတ်ထားပါတယ်။
    WP - SGD 40
    SP - SGD 80
    EP & PR - SGD 120
    ဒါပေမယ့် ရန်ကုန်မှာ ဆောင်လျှင်တော့ ဘာပတ်စ်ပဲ ကိုင်ထား ကိုင်ထား တရားဝင် စလုံး ၄၀ သာ ဆောင်ရပါတယ်။ ရန်ကုန်မှာ ၁ နှစ်စာကို ၄၀ x ၁၂ လ = ၄၈၀ သာ ဆောင်ရပါတယ်။ စလုံးပြန်ရောက်လို့ စာအုပ်တိုးချင်ရင် အခွန်ဆောင်ခဲ့သူက SP ဆိုပါစို့ ၄၀ ပဲ ဆောင်ခဲ့လို့ ခြားနားခွန်ဆိုပြီး (သတ်မှတ်ခွန် - ၄၀) နောက်ထပ် ၄၀ ကို ဆောင်ခဲ့သော ကာလအတိုင်း ပြန်ဆောင်စေပါတယ်။ မဆောင်ရင် တိုးမပေးပါဘူး။ ကျွန်မအသိတစ်ယောက် အဲ့လိုပြသနာတက်ပြီးပါပြီ။ သူက ရန်ကုန်မှာ အခွန်ဆောင်ခဲ့ပြီး စလုံးမှာ စာအုပ်သက်တမ်းတိုးပါတယ်။ သံရုံးကပြောပါတယ်တဲ့ မြန်မာပြည်မှာဆောင်တာက ဘန်ဏာခွန်ရုံးကို ၀င်ပါတယ်တဲ့ စလုံးမှာ ဆောင်တာက နိုင်ငံခြားရေးဝန်ကြီးရုံးကိုဝင်လို့ မတူပါဘူးတဲ့လေ။ မြန်မာတစ်နိုင်ငံတည်းဖြစ်လျက် ဘန်နာခွန်တစ်ခုတည်းကိုပဲဝင်သင့်ပါလျက်နဲ့ ဘယ်လို နှစ်ခုကွဲနေလဲဆိုတာတော့ ကျွန်မခုထိနားမလည်ဘူး။ သိသလော ဝေမျှခြင်းဖြစ်ပါတယ်။

  1. မောင်ကြီး said... :

    အမ်...၄၀ ပဲဆောင်၇လို့ မြန်မာပြည်ပြန်ဆောင်တာ မသိတာမှတ်လို.။ ငါတို.က ဒီမှာ အပြည်.ဆောင်တာကွ။ သတ်မှတ်ထားတဲ.အတိုင်း ဆောင်ပါကွ။ကိုယ်.ဘာသာစဉ်းစားအုန်း နော်။သူများ ၁၂၀ ဆောင်တာ မင်း ၄၀ ပဲဆောင်တာမို.လား။သူ.ဘာသာ ဘယ်ထဲေ၇ာက်ေ၇ာက် ပေးစ၇ာရှိတာ ပေး၇မှာပဲ သံမှူးဆီပဲေ၇ာက်ေ၇ာက် ၇န်ကုန်ကလာတာ.ဗိုလ် ချုပ်ပဲ SHOPPING ထွက်ထွက်။ ဥပဒေ အ၇ ၁၀%ဆောင်၇မှာနော်။ ငါတို.တ၇ားဝင် လာတာ WPနဲ. ၈၀၀ ၇တယ် ၈၀ ဆောင်၇တာနော်။ ဒီနှစ်စပြီး မပေး ၇တော.ဘူးလေ။

  1. ထိန်လင်း said... :

    ကျေးဇူးပါမကြယ်ပြာ။

  1. Jasmine said... :

    "မောင်ကြီး" ဘာပဲဖြစ်ဖြစ် ဒီလိုအခွန်တောင်းတာ ဘယ်နိုင်ငံမှာမှမရှိပါဘူး။မတရားသဖြင့်ယူနေခဲ့တာပါ။ အခွန်နှစ်ထပ်ကောက်ခံတယ်ဆိုတာကမ္ဘာမှာမြန်မာတနိုင်ငံပဲရှိသေးတယ်။၈၀၀ရတာကိုကြည့်နေရအောင် စင်ကာပူမှာနေစရိတ်စားစရိတ်အစစအရာရာဟာမလွယ်ပါဘူး။အားလုံးဟာညာဏအားကာယအားတွေနဲ့ ပင်ပင်ပန်းပန်းလုပ်နေတာပါ။ဒီလိုပေးရမှာတော့သူသူ ကိုယ်ကိုယ်နှမြောကျမှာပဲ။

  1. Anonymous said... :

    they are starving to get dollars . every departments want your dollars since they no need to give back to you after they have taken yours. so be careful to pay money to them.good lesson for you

  1. Anonymous said... :

    မသိလို့ မေးချင်တယ်။ နိုင်ငံခြားရောက် မြန်မာပြည်သားများ၏ ၀င်ငွေခွန်အားလုံးကို ဇန်န၀ါရီ ၁ရက်၂၀၁၂ နေ့က စပြီး ကင်းလွှတ်ပေးလိုက်ပြီလို့ မြန်မာ့သတင်းစာ မှာ တရားဝင် နိုင်ငံတော်အစိုးရက ကြေငြာထားပြီးပြီလေ။ အခွန်ဆောင်ဖို့လိုသေးလို့လား။ ဇန်ဇရီ ၁ ရက် နေ့ မတိုင်ခင်က အခွန်တွေရော ဆောင်ဖို့လိုသေးလားလဲသိချင်ပါတယ်။ သိရှိသူများရှိရင်ပြောပြပေးပါနော်။

    တို့နိုင်ငံအစိုးရကြီးက အပြောတစ်မျိုး အလုပ်တစ်မျိုးများ လုပ်နေကြတာလားသိဝူးနော်။

    မှတ်ချက် clean government ကြီး အောက်ခြေထိ မclean နိုင်သေးဘူးနှင့်တူတယ်နော်။

  1. Anonymous said... :

    ကြယ်ပြာပြောသလိုဆို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်မြန်မာပြည်သူများ အတွက် ဇန်န၀ါရီ ၁ ရက် ၂၀၁၂ မှ စပြီး အခွန်ကင်းလွှတ်ခွင့်ပေးကြောင်း နိုင်ငံတကာရှိ မြန်မာသံရုံးများကို တရားဝင် ထိရောက်စွာ အမိန့်မထုတ်ပြန်ဘဲ MRTV နှင့် မြန်မာ့သတင်းစာများမှာပဲ ကြော်ငြာမင်းသားလို ကြော်ငြာသွားလို့လားမသိဘူးနော်. မြန်မာသံရုံးတွေကလည်း သူ့ကြော်ငြာကို ကြည့်မိလိုက်ရပုံမရဘူးထင်ပါရဲ့။ သူ့အဖေက အခွံကင်းလွတ်ဆိုမှ သားသမီးတွေက အခွံလိုက်ကောက်နေကြသကိုး။။အင်းလေ...သူတို့မှာလည်း အခွံမကောက်ရတော့ဘူးဆိုရင် သံရုံးမှာ ငွေရပေါက်လည်းနည်းသွားသလို့ အလုပ်မရှိပဲ ထိုင်နေရမှာစိုးလို့ထင်ပါရက်..

  1. Anonymous said... :

    That shows Burmese Authorities still have ditry minded upon the Civilian. WHY ? Other countries Embassies mostly help to their citizen,but, our Burmese Embassies are given troubles to it citizen So sad to hear that, and it shows that these Authorities have wicked minded.

  1. Anonymous said... :

    နယူးယော.မှာတော.တမျိုးဆိုတာထပ်လောင်းပြောပါ
    ၇စေ။ကျနော်မိန်းမကိုင်တာမြန်မာပတ်စပို.ပါ၊မထမ
    တကြိမ်သံ၇ုံးကိုသွားစုံစမ်းတော.(ထိုအချိန်ကအခွန်မ
    ပေး၇သောဥပဒေမ၇ှိသေးပါ) အခွန်ဆောင်၇မှာက
    $400+သက်တန်းတိုးစာအုပ်ဖိုး$100 လို.ပြောပါတယ်။
    အခုအခွန်မဆောင်၇ချိန်သွားတော.နောက်တယောက်
    နဲ.တွေ.လို.ပြောတော.၊US CTZ ယောင်္ကျားကခေါ်တဲ.
    ဗီဇာဖြစ်လို.၊မြန်မာပြည်ပြန်လည်ပြီး၊US ပြန်မလာမှာစိုး
    လို.အာမခံ $800 ပေးသွင်း၇မယ်ဆိုပါတယ်။မြန်မာ
    ပတ်စပို.ကိုင်တဲ.သူကမြန်မာပြည်ပြန်ပြီးနိုင်ငံခြားပြန်
    မလာမှာစိုးတာကြောင်.$800 အာမခံပေး၇မယ်ဆိုဘဲ။
    ဘယ်လိုဥပဒေတော.မသိတော.ဘူးဆိုတာအသိပေး
    လိုက်ပ၇စေ၊

  1. Anonymous said... :

    မလေးရှားသံရုံးကသတ်မှတ်ထာတဲ့ ဈေးနှုန်းကလဲ ပွဲစား ပါးစပ်ထဲမှာပဲ မူတည်ရှိတယ် ကိုယ်တိုင်သွားဆောင်ရင် ဟိုတာဖြစ်တယ် ဒီပာာဖြစ်တယ် မင်းတို့က အပြင်မှာ လုပ်ပေတဲ့လူတွေရှိတာပဲ ဘာညာ ပြောလွတ်လိုက်တယ် မလေးရှားက မြန်မာသံရုံးကို ပိုင်ဆိုင်တာ ပွဲစားနဲ့ သံမှူးကတော်နှင့် စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေထာတယ် မောင်ပိုင် သံရုံးဖြစ်နေတယ်
    တခုထပ်ပြောပါအုံးမယ် 6P ပါစပို့စ် စာရွက် ၁ ရွက်ရဖို့ သံရုံးလာလျှောက်ရင် ချက်ချင်းမရပါ သံရုံးရဲ့ ပွဲစားလုပ်မှရတာ ကိုယ်တိုင် လာလျှောက်လို့တော့ နှစ်ပတ်စောင့်ရတယ် ပွဲစားနဲ့ဆိုရင် သံရုံး ချက်ချင်းလုပ်ပေပါတယ်

  1. Anonymous said... :

    "မောင်ကြီး" ဆိုတဲ့ လူ..)) Singapore မှာအလုပ် လုပ်နေတဲ့ သူတွေက Income Tax ၂ထပ် ဆာင်နေရတာ .. ဥပေ3အတိုင်းလိုက်နာ လို့ မရလို့ ပေးနေရတာ .. တကယ်ဆိုရင် အခွန် ပေးတာက ..... လူတွေ ကိုပေးတာ မဟုတ် ဖူး .. နိုင်ငံတော်ကိုပေးရတာ ... သံရုံးက နိုင်ငံတော် ရဲ့ Budget အရပဲ ပြည်သူ တွေရဲ့ အခွန်ငွေကိုသုံးခွင့် ရှိတာ.
    အခုပုံအတိုင်းဆိုရင် Income Tax ၃ထပ်ကွမ်း ဆောင်နေရပြီပေါ့ ...

  1. Anonymous said... :

    မင်းကားပါမစ်လျှောက်မှာမို့လား။ ကားပါမစ်တောင်ရဦးမှာကွာ.. သံရုံးက မင်းကို သူများထက် ပိုကောက်နေတာလဲမဟုတ်ဘူး သူများပေးသလောက် မင်းကိုပေးခိုင်းတာ.. ဆောင်လိုက်ပေါ့ကွာ.. မင်းသာ ခွက်ကျပြီး ၄၀ နဲ့ မြန်မာပြည်ပြန်ဆောင်တာ.. သူများတွေ ၈၀-၁၂၀ ဆောင်နေချိန်မှာ မင်းလူလည်ကျပြီး ၄၀ နဲ့ဆောင်ထားတာကျတော့ကော တရားသလား။ ကားပါမစ်ကျတော့လဲ လိုချင်သေး။ မင်းတို့ကောင်တွေ စိတ်ဓါတ်တွေကလဲ ခက်တယ်။

  1. Anonymous said... :

    stupid mg gyi

  1. Anonymous said... :

    One of my friend paid income tax for one year in advance at Myanmar Embassy in Tokyo, before the government announced the new law. Now, that embassy refused to pay back money given for the extra-months which should be no tax. They always do in that way. They don't understand how people work hard to get money.

  1. Anonymous said... :

    အခွန်လွတ်တယ်ဆိုတာ ၂၀၁၂ တလပိုင်းအတွက်ကစပြီး ဝင်ငွေခွန် ပေးစရာမလိုတော့ဘူးပြောတာ အရင်ကြွေးကျန်တွေတော့ ပေးရမှာပေါ့။ ဦးနှောက်လေးသုံးပြီး စဉ်းစား။

  1. Anonymous said... :

    မောင်ကြီးဆိုသူကို မေးလိုပါသည်
    အခွန် ၁၀ ရာခိုင်နှုန်းလို့ပြောပြီး WP ကို ၄၀ Spass ကို ၈၀ သတ်မှတ်ထားတာက ဘာအဓိပ္ပါယ်လဲသိလား။
    ဈေးဆစ်လို့ ရတဲ့အချိန်တုန်းကဆို spass ကို ၇၀ပဲဆောင်ရတဲ့သူနဲ့ ၇၅နဲ့ဆောင်ရတဲ့သူနဲ့ အဲလိုတွေဖြစ်နေတာရော ဘာအဓိပ္ပါယ်လဲသိလားးးး။
    ပြီးရင် မင်းလုပ်နေတဲ့ကုမ္ပဏီမှာ တခြားနိုင်ငံခြားသားရှိရင် မေးကြည့်ပါလားးး သူတို့ရော ငါတို့လို ဆောင်ရသလားဆိုတာ
    WPနဲ့ဆို ၄၀ပဲဆောင်ခိုင်းတာတောင် ၈၀၀ ရတယ်ဆိုပြီး ၁၀ရာခိုင်နှုန်းဖြစ်အောင် ၈၀ဆောင်ကတည်းက မင်းဦးနှောက်တစ်ခန်းလွတ်နေလို့ မို့လားးးးး

  1. Anonymous said... :

    To Mr. Brain who wrote
    Anonymous said...

    အခွန်လွတ်တယ်ဆိုတာ ၂၀၁၂ တလပိုင်းအတွက်ကစပြီး ဝင်ငွေခွန် ပေးစရာမလိုတော့ဘူးပြောတာ အရင်ကြွေးကျန်တွေတော့ ပေးရမှာပေါ့။ ဦးနှောက်လေးသုံးပြီး စဉ်းစား။

    March 1, 2012 3:41 PM
    I clearly mentioned that person paid for one year in advance. I hope you have brain and eyes. Or are you also a person who exploiting others?

  1. banyahtut said... :

    ဒီလိုပါဘဲ ဒီကောင်တွေကတော့ ကောက်ခံတဲ့အခွန်ကျတော့ နိုင်ငံခြားငွေ နဲနောက် နိုင်ငံတော် မှာရှင်းတမ်း လုပ်တော့ ၁ဒေါ်လာ ၆ကျပ်နဲ့တွက်ပြီးရှင်းတယ်လေ သပိတ်ဝင်အိတ်ဝင် ကတော့ ပိုတဲ့ လက်ကျန်တွေပေါ့ မလေးသံရုံးဆို ဓာတ်ပုံရိုက်ခဆိုတာကပါ သေးတယ် ဘာစာရွက်မှမပေးပဲ အိတ်ထဲထည့်တာပေါ့ နော် ....ပတ်စပိုလုပ်ခပေး ပြီးမှဘဲ ဓာတ်ပုံပါပြီပေါ့နော်...ကားဝယ်ပါတယ်ဆိုဘီးဖိုးထပ်ပေးဖို့လိုလို့လား....

  1. aung said... :

    soe aung

    Don't be clever . I know why u go to renew passport in myanmar . Don't be think so smart ur self .

  1. သမ္မတကြီးသိန်းစိန် said... :

    စိုးအောင် မင်းစာကောတတ်ရဲ့လား။ ရေးထားတာကိုက တလွဲ ဝင်ငွေခွန် ၄၀% တဲ့။ တကယ့်ဥပဒေအရဆို မင်းအနည်းဆုံး ၁ လကို စင်ကာပူ ၁၈၀ နဲ့ဆောင်ရမှာ။ ဘာလို့လဲဆိုတော့ စင်ကာပူမှာ spass အနိမ့်ဆုံးလစာက ၁၈၀၀။ လခရဲ့ ၁၀% နှုန်းဆိုတော့ ၁၈၀ အနည်းဆုံးဆောင်ရမှာ။ အဲတာ ဥပဒေအတိုင်းပဲ။ မင်းဆောင်လိုက်လေ။

  1. Anonymous said... :

    I was also refused by Myanmar Embassy, TOKYO to refund the extra-money for tax we gave them in advance. We have to get back 8000 yen from July, 2011 and 10000 yen from January 2012 as we gave them 10000 yen per month for one year in advance. I think we should also write to PRESIDENT U THEIN SEIN.

  1. Anonymous said... :

    I agree that our previous government was misused our tax. Now current government have to take care of those shit.
    As a citizen, it is a duty to pay tax. Especially the government is doing their best to get back on their own feet for Myanmar.
    And Ko Soe Aung, simple thing is, if you paid tax in Myanmar, please go back and do the extension of your passport in Myanmar. Since you can go back last time, why not now again? or you want to extend your passport in Singapore because you no need to pay tax right?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved