ဘန်ကောက် ဗုံးကွဲ၊ နိုင်ငံခြားသားတဦး ဒဏ်ရာရ

Tuesday, February 14, 2012


ဘန်ကောက်မြို့ ဆူကွန်ဗစ် ၇၁ လမ်းက စာသင်ကျောင်းရှေ့မှာ ဒီနေ့ နေ့ခင်းပိုင်း ဗုံးပေါက်ကွဲတဲ့အတွက် နိုင်ငံခြားသား အမျိုးသားတဦး အပြင်းအထန် ဒဏ်ရာရသွားတယ်၊ တယ်လီဖုန်းရုံတခု ပျက်စီးသွားတယ်လို့ ဘန်ကောက်ပို့စ်အွန်လိုင်း သတင်းတပုဒ် http://www.bangkokpost.com/breakingnews/279792/bangkok-bomb-injures-foreigner မှာ ရေးထားပါတယ်။

သတင်းကွန်ရက်စာမျက်နှာ twitter မှာ ပါတဲ့ပုံကိုလည်း ဖော်ပြထားပါတယ်။ ပုံထဲမှာ ဒဏ်ရာရသူ လဲကျနေပါတယ်။ ဒဏ်ရာတွေ ပိုပြီးထင်ရှားတဲ့ပုံတွေကို twitter သုံးသူတယောက်က သူ့ရဲ့စာမျက်နှာ
http://twitter.com/#!/motorcyrubjang/media/slideshow?url=pic.twitter.com%2FcKqOIwDF မှာ တင်ထားတာပါ။

ဘယ်သူဘယ်ဝါမှန်းမသိရသူတဦးက ဗုံးပစ်ပြီး ထွက်ပြေးသွားတယ်လို့ မျက်မြင်သက်သေများက ပြောဆိုကြောင်း ဘန်ကောက်ပို့စ်က ရေးထားပါတယ်။

The Nation သတင်းစာ အွန်လိုင်း http://www.nationmultimedia.com/breakingnews/Two-explosions-rock-Bangkok-30175845.html မှာတော့ ဆူကွန်ဗစ် ၇၁ လမ်းမှာ နိုင်ငံခြားသားတဦးက ရဲတယောက်ကို ဗုံးနဲ့ လှမ်းပစ်ဖို့ ကြိုးစားတယ်၊ ဗုံးက လက်ထဲက လွှတ်ကျပြီး ပေါက်ကွဲသွားတယ်၊ အဲဒီလူရဲ့ ခြေ ၂ ဘက် ပြတ်သွားတယ်၊ ချူလာလောင်ကောင်ဆေးရုံကို ပို့လိုက်ပြီ လို့ ရေးထားပါတယ်။

သတင်း ၂ ပုဒ်လုံးမှာ တူတဲ့အချက်က ဒဏ်ရာရတဲ့ အဲဒီ နိုင်ငံခြားသား ခြေထောက် ၂ ဘက် ပြတ်သွားတယ် ဆိုတဲ့ အချက်ပါ။ ဓာတ်ပုံထဲမှာလည်း အဲဒီအတိုင်း တွေ့ရပါတယ်။

The Nation သတင်းထဲမှာ ရေးထားတာက ဘန်ကောက်မှာ ဒီနေ့ ဗုံးကွဲတာ ၂ နေရာ လို့ ဆိုတယ်။ နောက်တနေရာက Soi Pridiphanomyong 31-33 နားမှာ ဖြစ်ပြီး တက္ကစီတစီး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဖြည့်စွက်ချက်
အခုလေးတင် တက်လာတဲ့
ဘန်ကောက်ပို့စ်အွန်လိုင်း သတင်းတပုဒ်မှာတော့ အဲဒီနိုင်ငံခြားသားဟာ အီရန်နိုင်ငံသားဖြစ်တယ်လို့ ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved