အမျိုးသမီးသီးသန့်ကား
Tuesday, February 14, 2012
(ဓာတ်ပုံများ - 7Day သတင်းဂျာနယ်)
ဒီကနေ့ ... ချစ်သူများနေ့။ "ချစ်သူ"ရှိတဲ့သူ အတော်များများ သူတို့ရဲ့ တစုံတယောက်အထူး (someone specialး) နဲ့ မပျက်မကွက် တွေ့ဆုံကြတဲ့နေ့ ... ။
ရန်ကုန်ကချစ်သူတွေ သွားကြလာကြမယ် ဆိုရင် ဒီကနေ့ အစပြု စမ်းသပ်ပြေးဆွဲတဲ့ အဓိပတိ သီးသန့် ဘတ်စ်ကားတွေဟာ သူတို့အတွက် မဟုတ်ပါဘူး။
ပုံမှာ တွေ့ရတဲ့ အတိုင်း ဆိုင်းဘုတ်တပ်ထားတာက "အမျိုးသမီးများသီးသန့်ယာဉ်" တဲ့။ ဟုတ်ပါတယ် - အမျိုးသမီးခရီးသည်တွေပဲ စီးခွင့်ရမယ့်ကားပါ။
ချစ်သူတွေကို ခွဲမယ့်ကားမဟုတ်ဘူး၊ အမျိုးသမီးတယောက် ကိုယ်ချစ်သူဆီကို ဘေးကင်းလုံခြုံစွာ ရောက်အောင် ပို့ပေးမယ့်ကားဖြစ်တယ် လို့ ဆိုသူက ဆိုနေပါတယ်။
7Day သတင်းဂျာနယ် ဖေ့စ်ဘုတ်မှာ ဒီဓာတ်ပုံသတင်း တက်လာတော့ ချက်ချင်းပဲ သဘောကျသူ၊ ပြုံးသူ၊ ထောက်ခံသူ၊ ကန့်ကွက်သူ မျိုးစုံ ပေါ်လာပါပြီ။
ရန်ကုန်က လူကြပ်တဲ့ ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတွေ ဘယ်လို ကြုံတွေ့နေရလို့ ဒီလို အထူးသီးသန့်ယာဉ် အစီအစဉ် ပေါ်လာရတာလဲ။
ဒီမေးခွန်းကို ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ ဟောဒီ မှတ်ချက်လေးတခုက အဖြေပေးထားသလိုပါပဲ။
"ဘတ်စ်ကားပေါ်မှာ ခါးကို အဖက်ခံရတာ ထောက်လှမ်းရေးလုပ်ခံရတာ လက်တန်းကို လှမ်းကိုင်ထားတဲ့လက်ကို လာနမ်းတာတွေ အိပ်ချင်ယောင် အိပ်ငိုက်ချင်ယောင်ဆောင်ပြီး ကိုယ်ပေါ်ကို ယိုင်ကျတာတွေ၊ အားလုံးထိုင်နေကြတာ အတူတူ ဘယ်က လက်တစ်ချောင်းက ၀င်လာပီး ခြေသလုံးကို လာကိုင်တာတွေ တင်ပါးကို လာကိုင်တာတွေ။ ကဲ အစ်ကိုများ မောင်ငယ်များ မင်းတို့ အစ်မတွေ ညီမတွေ အတွက် ဘယ်လို မင်းတို့ ကာကွယ်ပေးနိုင်ဖို့ စဉ်စားမိပါသလဲ။ သေသေချာချာစဉ်စားပြီးမှ ကန့်ကွက်တာကို လုပ်စေချင်ပါတယ်"
12 comments :
  1. Anonymous said... :
    Hi Girls...How can you escape from Spare?
  1. Anonymous said... :
    STUPID R U STAY IN MYANMAR ?
  1. Anonymous said... :
    MUST protected with law by government, In Singapore lady make a report for such case, there are no need witness, fully protected by law. Don't make funny thing...
  1. Anonymous said... :
    အင်မတန်ကောင်းတဲ့ အစီအစဉ်ပါ.. ရန်ကုန်က ဘတ်စ်ကားတွေပေါ် အမျိုးသမီးတွေ
    မတော်တရော် လုပ်ခံရတာ နှစ်ပေါင်းအတော်လေးကြာခဲ့ပါပြီ... အဲဒီအတွက် အရေးယူပေးမယ့်လူလည်း
    မရှိခဲ့ပါဘူး... ယောက်ျားလေးအဖော်မပါတဲ့ မိန်းကလေးတွေအတွက် ဒီအစီအစဉ်က အကောင်းဆုံးပါပဲ...
    လင်မယားများ၊ အတွဲများအတွက်တော့ သတ်မှတ်ချက်မရှိတဲ့ ဘတ်စ်ကားစီးလို့ရတာပေါ့...
    မလေးရှားမှာလဲ အမျိုးသမီးသီးသန့် ရထားတွဲ ထားပေးပါတယ်... ဒီအစီအစဉ် ကန့်ကွက်တဲ့သူတွေကတော့
    စိတ်ဓါတ်သေးသိမ်လို့နေမှာပေါ့....
  1. Anonymous said... :
    အမျိုးသမီးတွေ ကားပေါ်မှာ စော်ကားခံရတဲ့အခါ ချက်ခြင်းတုန့်ပြန်တာမျိုးတွေ မလုပ်တဲ့အတွက် စော်ကားသူဘက်က ပိုအတင့်ရဲလာတာလို့  ထင်ပါတယ်။ စော်ကားတဲ့သူ အနေနဲ့  သူမဟုတ်တာ လုပ်တာကို ငြိမ်ခံနေမှန်း သိရင် ဒါမှမဟုတ် သူ့ ကိုဘာမှ မထိခိုက်ဘူးဆိုရင် သူဆက်လုပ်နေမှာ ဖြစ်ပါတယ်။ တကယ်ရှက်ရမယ့် သူက မဟုတ်တာ လုပ်တဲ့ယောင်္ကျားဖြစ်ပါတယ်။ မိန်းကလေးတွေ အနေနဲ့  ဒါမျိုးကြုံတယ် ဆိုတာနဲ့  ကားထဲမှာ လူတွေသိအောင် လုပ်ပြလိုက်ရင် ကားထဲက တခြားသူတွေက ကူညီုကမှာပါ။ ကားပေါ်က ရှိသမျှ ယောင်္ကျားတွေအားလုံး နှမချင်း မစာနာတတ်သူတွေ မဟုတ်ပါဘူး။ အလွန့်အလွန်ကို နည်းတဲ့ ရာခိုင်နှုန်းလောက်ကသာ မိန်းကလေးတွေကို ဒါမျိုးလုပ်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စော်ကားသူကို ဖေါ်ထုတ်ပြီး ဟန့် တားနိုင်သလို ရှေ့မှာကိုယ့်လို ခံရမယ့် မိန်းကလေးတွေကို ကူညီရာလည်း ရောက်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ အပါအ၀င် အများပြည်သူကို ပညာပေးတဲ့ အစီအစဉ်က ပိုကောင်းမယ် ထင်ပါတယ်။ ဒါမှ ကားပေါ်မှာတင် မဟုတ်ဘူး တခြားနေရာတွေမှာလည်း ဒီလိုကုံလာရင် အလားတူ ဖြေရှင်းနိုင်မှာပေါ့။ လူတိုင်းစီးနိုင်တဲ့ ဘတ်စ်ကားကို မိန်းကလေးတွေအတွက် သီးသန့်  လုပ်မယ်ဆိုရင် စဉ်းစားစရာတွေ ရှိပါတယ်။ တနေ့ တနေ့  ဘတ်စ်ကား စီးနေတဲ့ မိန်းကလေး ဦးရေက ဘယ်လောက်ရှိလို့ ကားဘယ်နှစ်စီး လိုပါသလဲ။ (ပိုအသေးစိတ်ရမယ် ဆိုရင် ဘယ်လမ်းေုကာင်းတွေမှာ မိန်းကလေးဦးရေ ဘယ်လောက်စီးနေုကပါသလဲ။) တခြားဘတ်စ်ကားတွေကိုလည်း မိန်းကလေးတွေက ဆက်စီးနေဦးမှာ ဖြစ်တဲ့အတွက် စော်ကားမှုတွေက တကယ် လျော့သွားရဲ့လား။ (ဒီလိုအကျင့်ရှိတဲ့ ယောင်္ကျားတွေက ရရင် ရသလို ဆက်လုပ်နေဦးမှာပဲလေ။) သီးသန့် ကားတွေ စီစဉ်လိုက်လို့  မိန်းကလေးတွေရဲ့ လုံခြုံရေး တကယ်ပဲ တိုးတက်သွားပါသလား။ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ ဆောင်ရေးရဲ့  တခြားအပိုင်းတွေမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။ ရာခိုင်နှုန်း အလွန်နည်းတဲ့ ယောင်္ကျားတွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် ဒီလိုအရင်းအနှီး စိုက်ထုတ်ရတာ အကျိုးနဲ့ အပြစ် ညီမျှရဲ့လား... စသဖြင့် ထောင့်စုံအောင်တော့ အရင်စဉ်းစားစေချင်ပါတယ်။ ပကတိ အခြေအနေပေါ်မှာ စဉ်းစားတာထက် တခါတလေ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ရင် မှားတတ်လို့ အုကံပေးတာပါ။ ကိုယ်ချင်းမစာနာလို့ မဟုတ်ပါဘူး။
  1. Peter Shwe said... :
    It is not necessary to make this happen. What about europe? So many girls on the bus. Nobody dares to touch nobody. Because the law protected women. We need to have a very strong concept and lawful protections. Don't you think this is a discrimination for other people who are couples. Do you expect a couple to take the bus separately. For example a husband and wife, the father and the daughter or a brother and sister. What about them? The person who is making a trouble a lady or a girl on the bus should be sent to the jail without any bail. If the law protect all women then I am sure that nobody dares to touch a girl on the bus. We need a strong governing law and order. Why the girl has to be assaulted? Why? because our government doesn't care to protect our women. A pick-pocket is very pleased to pick something in the crowded bus and if somebody saw this, that person did not say a word to the passengers or the driver or the conductor. Because that person is chicken. So many pick-pockets aroung on the buses and they like to pick all pockets. If the law is governing the passengers and penalise all pick-pockets to stop by cutiing their hands if they commit the crimes. Then nobody will pick-pocket. In my opinion, the law is soften, the buses are crowded because the population and the transports are not balancing. When I went to Engliand I was surprised that the buses were more than the passengers. All the buses were almost empty. Everybody gets their seat in proper. I saw no pick-pocket like Burma. The facility is also very important. We have large population but it is not balancing up with the transports. So here we are. The buses will be more than crowded and the girls will be assulted each time they take the buses. I am not saying that it is a bad idea but what I like the government to do is how will you tackle the bad people who have this bad practice of assulting all girls and women on the bus. This has to be stopped rather than making the alternative plan like this. I am certain that all my friends agree to my opinion. ခြေနဲ.ကျူး၇င် ဒူးကိုဖြတ်ပစ်။ လက်နဲ.ကျူး၇င် လက်ကိုဖြတ်ပစ် ဆို၇င် ဒီလိုကိစ္စတွေ ရှာလို.တွေမှာတောင် မဟုတ်ဘူး လို.ပဲ ပြောပါ၇စေ။ ဘာမှမလုပ်ပဲ လက်ပိုက်ကြည်.နေကြ၇င်တော. ကိုယ်.အိမ်ထဲမှာတောင် စိတ်ချ၇ပါ.မလားဆိုတာလဲ စဉ်းစားကြပါ၇န်။
  1. Peter Shwe said... :
    အမျိုးသမီးသီးသန်.ကား ဖြစ်၇ခြင်းကတော. ဖြစ်နေတဲ.ကိစ္စတွေကို မဖြေရှင်းနိုင်လို. လို.ယူဆပါတယ်။ တိုက်ဆိုင်နေတယ်လို. ယူဆတဲ.အတွက် ယခုဆောင်းပါးကလေးကို ဖတ်ကြည်.ပါဦး။
    (Public Education) လူထုပညာပေး အပိုင်း (၁)
    ဝီ ဆယ်လ် မှုတ်ခြင်း ဆိုသည်မှာ …………
    ယခု ဆောင်းပါးအားေ၇းသား၇ခြင်း ၇ည်ရွယ်ချက်မှာ မြန်မာနိုင်ငံသည်၊ ပြုပြင် ပြောင်းလဲမှု.များ တဖြည်းဖြည်း စီစဉ် ဆောင်ရွက်လာခဲ.ပြီဟု ယူဆမိပါသည်။ ထိုကဲ.သို. အသစ်တဖန် ပြန်လည်ပြောင်းလဲလာသည်နှင်.အညီ၊ နောက်ထပ်ပြုပြင်စ၇ာများ၊ လိုအပ်နေပေဦးမည် ဆိုသည်ကိုလည်း၊ နားလည်သဘောပေါက်မိပါသေးသည်။
    ယခုအခါသမျှတွင်၊ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးပါဝင်သည်.၊ နိုင်ငံတော်အတွက် အကျိုးဖြစ်စေလိုသော၊ ပါဝင်လှုပ်ရှားဆောင်ရွက်မှု. တော်တော်များများ တွေ.ကြုံနေ၇သည်.အပြင်၊ အပြည်ပြည်ဆိုင်၇ာတို.ကလည်း၊ တဖက်တလမ်းက ကွက်လပ်ဖြည်.သည်.ပမာ၊ အားပေးဆောင်ရွက်ပေးနေသည်၊ ဖြစ်ကြောင်းလည်း လေ.လာတွေ.သိ၇ပေသည်။
    “ဝီဆယ်လ် မှုတ်ခြင်း” ဆိုသည်မှာ မြန်မာနိုင်အနေဖြင်.၊ အများနားလည်သဘောပေါက်ခြင်းသည်၊ ဘော.လုံးပွဲတွင် ဒိုင်သူကြီးက ၄င်း၏ ဝီဆယ်လ်အား အသုံးပြုကာ ဘော.လုံးသမားတို.၏ စိတ်အာရုံအား ဆွဲဆောင်ကာ၊ ၄င်းတို.၏ ပြစ်ချက်ဖြစ်စေ၊ လူကျွံနေမှု.ကိုပြောကြားခြင်းဖြစ်စေ၊ အကြောင်းတ၇ပ်၇ပ်ကို ပြောဆိုလိုသည်.အချိန်တွင်၊ ဝီဆယ်လ်မှုတ်တတ်ပေသည်။
    ပြည်သူ.၇ဲအမှု.ထမ်းများ၊ စစ်အမှု.ထမ်းများ၊ ကြက်ခြေနီအမှု.ထမ်းများ၊ မီးသတ်ဆိုင်၇ာအမှု.ထမ်းများ နှင်.အခြားလုံခြုံေ၇းဆိုင်၇ာ အဖွဲ.အစည်းများတို.လည်း၊ အသုံးပြုကြပြန်သည်။ အဓိက ၇ည်ရွယ်ချက်မှာကား၊ ပတ်ဝန်းကျင်ရှိ လူထုတ၇ပ်လုံးအား၊ အာရုံဆွဲဆောင်မှု.၇ယူခြင်း နှင်. လိုအပ်သောအထောက်အကူတို. ၇ရှိေ၇းအား အဓိကထားကာ ဝီဆယ်လ်များကို ပေးအပ်ထားသည် ဖြစ်ကြောင်း နာလည် သဘောပေါက်မိပေသည်။
    သို.၇ာတွင် ယခုေ၇းသားလိုသော “ဝီဆယ်လ်မှုတ်ခြင်းဆိုသည်မှာ” အထက်ဖော်ပြပါ အချက်များထက် အခြားအေ၇းပါသော အချက်ကို အဓိကထားပြီး ရှင်းလင်းပြောကြား လိုပါသည်။
    အခြားနိုင်ငံများတွင်၊ မိမိတို.၏ တိုင်းပြည် ကောင်းစားေ၇းတို.ကို ဆောင်ရွက်ကြသောအခါတွင်၊ မိမိတို.တိုင်းပြည်အတွင်း၊ အစိုး၇ ဌာနဆိုင်၇ာများ၊ ကုမ္ပဏီများနှင်. အခြားအဖွဲ.အစည်းများတို.ရှိ၊ အမှု.ထမ်းများ၏ “အကျင်.ဇာ၇ိတ္တ” ကောင်းစားေ၇းများ နှင်. လူထု၏ စိတ်ချမ်းသာ ကြေနပ်မှု.များ ၇ယူနိုင်ကြ၇န်အတွက်၊ ဝီဆယ်လ်မှုတ်ခြင်း စံနစ်ကို တီထွင်အသုံးချလျှက် ရှိနေကြပြီ ဖြစ်ပေသည်။
    ဌာနဆိုင်၇ာများသို. အကြောင်းကိစ္စတခုခုဖြင်. သွားေ၇ာက်ကာ၊ မိမိတို. လုပ်ကိုင်ကြ၇ာတွင်၊ အမှု.ထမ်းများအနေဖြင်. မတ၇ားသောအပြုအမူများ၊ မပြုလုပ်နိုင်ကြ၇န် နှင်. ဌာနဆိုင်၇ာ၏ သိက္ခာ သမာဓိရှိကြစေ၇န် အပြင်၊ လူထု၏ စိတ်ချမ်းသာမှု.၊ စိတ်ကြေနပ်မှု.၊ ဌာနဆိုင်၇ာအပေါ်အား ယုံကြည်အားထားလာမှု.၊ စိတ်ချလက်ချ လုပ်ငန်းအပ်နှံလုပ်ကိုင်ခွင်.ကို တို.အား ၇ယူစေပေသည်။ အမှု.ထမ်းများ အလုပ်စည်းကမ်းချိုးဖောက်မှု.များလည်း လျှော.ပါးစေပေသည်။ မတ၇ားသဖြင်. အနိုင်ကျင်.ခြင်းများ၊ ဥပဒေ ဘောင်းအပြင်မှ၊ မကောင်းသောအမူအကျင်.များ၊ ကျင်.သုံးကြကာ၊ လာတ်လာဘများ တောင်းဆိုကြခြင်း၊ မလိမ်.တပတ်ပြုကျင်.ကြခြင်းများ တို.ကိုလည်း အချိန်မှီတားဆီးစေနိုင်ပေသည်။
    ဝီဆယ်လ်မှုတ်ခြင်းသည်၊ အမှန်တကယ် ဝီဆယ်လ်ကို မှုတ်နေခြင်းမဟုတ်ပေ။ “တိုင်ကြားခြင်း” သာဖြစ်ပေသည်။ တိုင်ကြားကြ၇ခြင်း၇ဲ. အဓိက ၇ည်ရွယ်ချက်မှာ၊ မိမိခံစား၇သည်.ပမာ၊ မိမိတွေ.ကြုံ၇သည်.ပမာ၊ ကျန်ရှိနေကြသော လူထုတ၇ပ်လုံး ယခုကဲ.သို. တွေ.ကြုံ ခံစားကြ၇ မှု.မှ လွတ်ကင်းကြစေ၇န် အလို.ငှာ၊ ရွဲ.နေသည်ကို တည်.၇အောင်၊ လွဲနေသည်ကို စေ.၇အောင်၊ အနိုင်ကျင်.နေကြသည်ကို စာ၇ိတ္တ ကောင်းမွန်လာစေ၇န်၊ စည်းကမ်း ဖောက်ဖျက်နေကြသည်ကို၊ အဖတ်ဆည်ပေးစေလိုသော ၇ည်ရွယ်ချက်များတို.ဖြင်.၊ တိုင်ကြားခွင်.ပေးထားကြသည်.အပြင်၊ ၇ရှိသောတိုင်ချက်များအား၊ နိုင်ငံတော်အတွက် အင်မတန်မှ သင်းခန်းစာယူဖွယ်၊ စံနမူနာ ယူစဖွယ်များအဖြစ်၊ သတ်မှတ်ထားကာ၊ ဟာကွက်များကို ၇အောင်ဖာထေးပြီး၊ မှန်မှန်ကန်ကန်ဖြစ်စေဘို.၊ သည်စံနစ်ကို အားပေး ထားရှိ နေကြသည်ဖြစ်သည်။
  1. Peter Shwe said... :
    အပိုင်း(၂)
    ကျွန်တော်တို. နိုင်ငံတွင်၊ အချို.ရုံးများတွင်၊ စာတမ်းများတွေတတ်ကြ၇သည်။ “မကြေနပ်ပါက တိုင်ကြားနိုင်ပါသည်”။ သို.မဟုတ် “ ကြေနပ်မှူ. မရှိပါက သက်ဆိုင်၇ာ အကြီးအကဲသို. တိုင်ကြားနိုင်သည်” စသဖြင်.ေ၇းထားတတ်ကြပါသည်။ သို.၇ာတွင် မည်ကဲ.သို. တိုင်ကြားနိုင်ကြောင်း အချက်အလက်များပါရှိသော၊ စာရွက် ( leaflet ) ကို တစ်ခါမျှ မတွေ.ဖူးပေ။ တိုင်ကြားနိုင်ပါသည် ဆိုပါလျှင်၊ အချက်အလက်များ ပြည်.စုံစွာပါရှိသော ပိုစတာ သို.မဟုတ် လက်ကမ်းစာစောင်များ အ၇ံသင်.ထားရှိ၇န် တာဝန်သည်၊ ဌာနဆိုင်၇ာ အကြီးအကဲတွင် သာရှိပေသည်။
    တဦးတယောက်က ဥပဒေနှင်.မညီသော အပြုအမူ ပြုကျင်.နေကြောင်း သိရှိသောလူထုတွင်၊ အများပြည်သူတို.ကိုယ်စား၊ မိမိတွင် တာဝန်ကျေ၇ာက်လာကြောင်း နားလည်သဘောပေါက် သင်.ပေသည်။ မိမိခံလိုက်၇ပေသော်လည်း၊ အများပြည်သူတို. နောက်နောင်တွင် မိမိကဲ.သို. မဖြစ်အောင် ကာကွယ်၇န်မှာ၊ တိုင်ပြည်ပေး တာဝန်သာဖြစ်ပေသည်။ သို.မှသာ တိုင်းပြည်အပေါ် သစ္စာရှိ၇ာကျပေမည်။
    ဌာနဆိုင်၇ာများအနေဖြင်.လည်း၊ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင်.လူထုအား နစ်နာမှု. တစုံတ၇ာ မရှိစေ၇န်အလို.ငှား၊ စည်းကမ်းနည်းလမ်းများ လိုက်နာ တောင်ရွက်သင်.ပေသည်။ တိုင်ကြားချက်များအား အေ၇းတယူ လေ.လာသုံးသပ်၊ စုံစမ်းထောက်လှမ်းကာ၊ ဌာန၏ ဂုဏ်သိက္ခာ ကျဆုံးမှု.၊ နာမည်ပျက် စွပ်ဆွဲခံ၇မှု.တို.လုံးဝ မရှိစေ၇န်အတွက်၊ ကာကွယ်သင်.ပေသည်။ အကျင်.ပျက်စေခြင်း ( corruption ) ၊ မသင်.လျှော်သောအပြုအမူ ပြုကျင်.ခြင်း ( misconduct ) တို.အား နိုင်ငံတော်အစိုး၇ အနေဖြင်.၊ နိုင်ငံတော်၏ သိက္ခာ သမာဓိ နှင်. အကျင်.စာ၇ိတ္တများ တို.အား ပျက်စီးစေသော အပြုအမူ လုပ်၇ပ်များကို၊ အဓိကထား ချေမှုန်းပစ်သင်.ပေသည်။
    တိုင်ကြားလိုသူ ( whistleblower ) အနေဖြင်.၊ တိုင်ကြားချက်ကို နာမည်ဖော်ခြင်း၊ လိပ်စာအမှန်ပေးခြင်းများ ပြုလုပ်စ၇ာ မလိုပါပဲ၊ ( anonymous ) တိုင်ကြားခွင်. ရှိ၇ပေမည်။ အဓိက၇ည်ရွယ်ချက်မှာကား၊ အကျင်.စာ၇ိတ္တ ပျက်စီးနေသော ဌာန တစ်ခုအား ပြန်လည်ကောင်းမွန်အောင်နှင်.၊ အများပြည်သူ၊ တိုင်းသူပြည်သားများ နောက်နောင်တွင်၊ ဆက်လက်ခံစားကြ၇မှု. မတွေ.ရှိစေကြ၇န် သာဖြစ်ပေသည်။
    တိုင်ကြားသူအနေဖြင်.၊ မိမိတိုက်ရိုက် ဆက်စပ်နေသော ဌာနအား တိုင်ကြားသော စာကို၊ နိုင်ငံတော် သမ္မတ နှင်. အဖွဲ.သို. တစ်ဆောင်၊ မိတ္တူတို.ကို၊ သက်ဆိုင်၇ာ အဖွဲ.အစည်းများဖြစ်ကြသည်.၊ ပြည်သူ.၇ဲမင်းကြီးများရုံး၊ တိုင်း နှင်.ပြည်နယ် သက်ဆိုင်၇ာရုံးများ၊ တ၇ားဖက်ဆိုင်၇ာအဖွဲ.ချုပ်ရုံး အစရှိသည်တို.ကို ပို.ခွင်.ပြုသင်.ပေသည်။
    တိုင်းပြည်တွင်း ဖြစ်ပျက်နေသော မည်သည်.ကိစ္စတို.မဆို အသိပေးသင်.သော ဌာနများအားလုံးအာ၊ အသိပေးကြမှသာလျှင် ( Lesson to learn ) သင်ခန်းစာယူထားဖွယ်များအဖြစ်၊ အားလုံးက နာလည်ကြပြီး နောက် နောင်တွင် ရှောင်ရှားနိုင်ကြပေမည်။
    ဝီဆယ်လ် မှုတ်ခြင်း စံနစ်သည် အကောင်းဆုံးအလေ.အထ ( good practice ) ဖြစ်ပြီး၊ နိုင်ငံ၇ပ်ခြားတိုင်းပြည် တော်တော်များများတွင် အဓိကထားပြီး၊ အားပေးလုပ်ဆောင်နေကြပြီးဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက်လည်း၊ ဥပဒေ ချိုးဖောက်မှု.များ၊ ဌာနဆိုင်၇ာအမှု.ထမ်းတို. အလွဲသုံးစား ပြုလုပ်မှု.များ၊ ငွေကြေးလတ်လာဘ တောင်းခံမှု.များ၊ စည်းကမ်းထောက်ဖျက်မှု.များ၊ လုပ်ထုံးလုပ်နည်းများကို မလိုက်နာခြင်းများ နှင်. ပြည်သူလူထုအား ဒုက္ခေ၇ာက်စေလိုသော အပြုအမူများ တို.မှ ကာကွယ်စေလိုပါက ဝီဆယ်လ် မှုတ်ခြငိး သို.မဟုတ် မတော်မတ၇ားပြုကျင်.ခံ၇ခြင်းများကို တိုင်ကြားခြင်း အား အဓိကထားပြီး အေ၇းတယူ အပြစ်ပေး ရှင်းလင်း ဆောင်ရွက်သင်.ပါကြောင်း လူထုပညာပေးအဖြစ် ထုတ်ဖော်ေ၇းသား အကြံပြုလိုက်ပါသည်။
    By: Public View
  1. Anonymous said... :
    ဒီအစီအစဉ်က ယာယီသဘောမျိုးလောက်ပဲ၊ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပေမယ့် ကောင်းပါတယ်။ ဒီလိုမျိုးလုပ်နေတုန်းမှာ၊ တခြားတဖတ်မှာလည်း ဥပဒေကြောင်းအရ ပညာပေးတာမျိုးတွေ၊ ပြစ်မှုကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ်မျိုးခံရနိုင်တာမျိုးတွေ စသဖြင့် လုပ်သင့်ပါတယ်။ စေ့စေ့တွေးကြည့်မယ်ဆိုရင်၊ဒီအစီအစဉ်တွေ လုပ်လာရတဲ့ အကြောင်းရင်းက သိပ်ကို ရှက်စရာကောင်းပါတယ်။ အရှက်၊ အကြောက် တရားထွန်းကားတဲ့ နိုင်ငံမှာ၊ အမျိုးသမီးတွေကို မတော်တရော်တွေ အလုပ်ခံရလို့ ၊ သူတို့ အတွက် သီးသန့်  ဘတ်စ်ကားလိုင်း ထားပေးလိုက်ရတယ်ဆိုတာကိုပေါ့။ ပညာပေး အစီအစဉ်လေးတွေ အောင်မြင်ထိရောက်လာတာနဲ့ အမျှ၊ နောက်ပိုင်းဆိုရင် လင်နဲ့ မယား၊ မောင်နဲ့ နှမ၊ ပျိုပျို အိုအို အမျိုးသား အမျိုးသမီးတွေ အတူမခွဲပဲ၊ ခရီးအတူတူ ပြန်ထွက်နိုင်ကြမှာပါ။ တဒင်္ဂသာယာမှုအတွက် နိုင်ငံ့ဂုဏ်ကို ကျဆင်းစေသူတွေ၊ အမြန်အမြင်မှန်ရပြီး၊ တိုင်းပြည်အတွက် အကျိုးရှိတဲ့ သားကောင်းများအဖြစ်၊ ပြည်လည်ရပ်တည်ပေးကြပါလို့  ဆန္ဒပြုလိုက်ပါတယ်။
  1. Anonymous said... :
    မိန်းကလေးသီးသန်.ကားတွေလုပ်ရတာ..ယောက်ကျား တွေမကောင်းလို့ပါ။ ယောက်ကျားတိုင်းတော့မဆိုလိုပါဘူး။အခုလိုလုပ်လိုက်တဲ့အတွက်ယောက်ကျားတွေသွားရလာရတာခရီးဖင့်သွားနိုင်တာပေါ့။ ကားတွေကိုမန်းကလေးသီးသန့်ကားအတွက်ခွဲပေးလိုက်ရတာကိုး။ ဒါဆိုရင်မကောင်းတဲ့ယောက်ကျားတွေအကျင့်ကိုပြင်ကြပါ။
    အကျင့်တွေကောင်းလာပြီဆိုရင်တော့ မူလအတိုင်းပြန်သွားလို့ရပါတယ်။ မကောင်းတဲ့ယောက်ကျားတွေအတွက်ကောင်းတဲ့ ယောက်ကျားတွေပါ အချိန်ပေးဆပ်လိုက်ရတယ်လို့သဘောထားပါ။
  1. နှမမောင်ကြီး said... :
    ဒီသတင်းကို ဧရာဝတီဘလော့ဂ်မှာ စတင်ကတည်းက ကွန့်မင့်ပေးဖူးပါတယ်။ အမေ၊နှမရှိတဲ့ သူတစ်ယောက်အနေနဲ့ အခုလည်း ကွန်မင့်ပေးချင်ပါတယ်။ ဒီအစဉ်ကို အကောင်အထည်ဖော်တာ ကောင်းပါတယ်။ အခုထက်လည်းအရေအတွက်တိုးပြီး ညဥ့်နက်ချိန်အထိပြေးဆွဲပေးစေလိုပါတယ်။ အထက်မှာ ကွန်မင့်ပေးထားတဲ့အထက် ယောက်ျားတွေမကောင်းလို့ ဆိုတဲ့ ပုဂ္ဂိုလ်ကို လည်းပြောချင်ပါတယ်။ ဟုတ်ပါတယ်။ ယောက်ျားတိုင်းမဟုတ်ပေမယ့် မကောင်းတဲ့ ယောက်ျားတွေရှိလို့ ဒီလိုဖြစ်လာတယ်ဆိုတာ မငြင်းလိုပါဘူး။ နောက်တစ်ချက် နားလည်စေချင်တာက ရန်ကုန်မြို့က ကားတွေဟာ စိတ်ဓာတ်ကောင်းတဲ့ ယောက်ျားတွေကိုတောင် မိန်းမတွေက အထင်မှားနိုင်လောက်အောင် ကြပ်လွန်းတယ်ဆိုတာလည်း အသိမှတ်ပြုစေချင်ပါတယ်။ အမျိုးသမီးတွေ ကားအ၀င်အထွက် အတက်အဆင်းမှာ ကပ်သပ်ပြီး စီးတတ်တဲ့အကျင့်၊ ကိုယ်လုံခြုံနိုင်တဲ့ နေရာကို မသွားချင်တဲ့အကျင့်နဲ့ လုံခြုံရာကို မရောက်နိုင်တဲ့ အခြေအနေမျိုးမှာ ယောက်ျားတွေအနေနဲ့ လည်း ပြတင်းပေါက်က ခုန်ဆင်းလို့မရသလို ခေါင်မိုးကလည်းဖောက်ထွက်လို့မရပါဘူး။ နောက်တစ်ချက်က ကိုယ်လုံးအရွယ်အစားဆိုက်စုံစီးကြတာပါ။ မလွတ်မကျွတ်တဲ့ ကိုယ်လုံးတွေနဲ့ ရပ်စီး၊တိုးစီးလုပ်နေရတာပါ။ ယောက်ျားရော၊ မိန်းမပါ။ နောက်တစ်ချက်က လူတိုင်းဟာ စားဝတ်နေရေး မိသားစုရေးအတွက် ပူပင်သောက မျိုးစုံနဲ့ ကားစီးတဲ့အခိုင်မှာ ဘေးလူ၊ရှေ့လူ၊ နောက်လူနဲ့ မလွတ်မကျွတ်ထိမိတာမျိုးလည်းရှိမှာသေချာပါတယ်။ အားလုံးဟာ စမတ်ကျကျ ကားစီးသွား၊ ကားစီးပြန်ချင်တဲ့ လူတွေချည်းပဲဆိုတာ ကျိန်းသေပါတယ်။ အဲဒီအထဲမှာ တောကြောင်တွေပါနိုင်တယ်ဆို တာလည်းငြင်းမရပါဘူး။ သို့သော်လည်း အိနြေ္ဒရှင်မို့ပဲလား၊ စီးနေရတဲ့ ကားအခြေအနေ ကိုယ်ပဲနားမ လည်လို့လား၊ လူတွေရဲ့ အာရုံစိုက်တာပဲခံချင်လို့လား၊ စိတ်ပဲ ကယောက်ကယက်ဖြစ်နေတာလားတော့ မသိဘူးဗျာ အသားလွတ်အကိုင်ခံရတယ်လို့ စိတ်ထင်ပြီး (နည်းနည်းပါးပါးထိမိလည်းထိမိမှာပေါ့ဗျာ) ဘေးလူကို စွပ်စွဲတတတ်တဲ့ ရန်လိုတတ်တဲ့ အမျိုးသမီးတွေလည်းတွေ့ဖူးတယ်ဗျာ။ အဲ ကြားက လက်ကြောင် လွှတ်တာ ခံရတာလားတော့မသိဘူးဗျာ။ ခံရတဲ့သူက လည်း အူတူတူနဲ့ အရှက်တကွဲ ခံရတာကိုယ်တွေ့ပါဗျာ။ ဒီကိစ္စက ၁၉၈၈အရေးအခင်းထက်တောင် သက်တမ်းစောဦး မယ်ထင်ပါတယ်။ အခုထိမပြေလည်ဘဲ ဒီအခြေအနေရောက်လာတာပါ။ တာဝန်ရှိသူတွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ အမျိုးသမီးတွေအတွက် ကားများများစီစဉ်ပေးပါ။ အမျိုးသမီးတွေကလည်း အဲဒီကားတွေကို လုံလုံခြုံခြုံသက်သောင့်သက်သာစီးကြပါ။ လိုင်းကားစီးနေတဲ့ အထဲမှာ တောကြောင်၊ လက်ကြောင်တွေ အမေနှမ မရှိတဲ့ အောက်တန်းစားတွေပါသလို အမျိုးကောင်းသားတွေ ၊ မအေနှမ မိသားစုကိုပြုစုလုပ်ကျွေးနေသူတွေပါပါတယ်။ တမင်လုပ်တာနဲ့ မတော်တဆ ကွာခြားပါတယ်။ တုံ့ပြန်မယ်ဆိုသေချာပါစေ။ ကိုယ့်ကြောင့် (ကိုယ့်ရဲ့ စိတ္တဇကြောင့်၊ ကိုယ့်ရဲ့မသေချာမှုကြောင့် ယောက်ျားကောင်းတစ်ယောက်ရဲ့ ဘ၀ကို မနစ်မွန်းပါစေနဲ့လို့ မေတ္တာရပ်ခံပါတယ်။ အစ်ကိုချင်း၊မောင်ချင်း၊ အဖေချင်းကိုယ်ချင်းစာနိုင်ပါစေလို့လည်း မေတ္တာရပ်ခံပါတယ်။ အခုကွန့်မင့်က ယောက်ျားမိန်းမ သာ၏ နာ၏ ခွဲခြားရေးခြင်းမဟုတ်ပါ။ အမြင်စုံ မျှနိုင်အောင်တင်ပြခြင်းသာ ဖြစ်ပါသည်။ ကွန့်မင့်ပေးသူအနေဖြင့် ဤကိစ္စများဖြစ်နေခြင်းမှာ ကားကျပ်၍ အခြေအနေပေး၍ ဟုသာ ယူဆပါသည်။ မြို့ပတ်ရထားများအချိန်မှန်မှန် မြန်မြန်ပြေးဆွဲနိုင်လျှင်သော်လည်းကား၊ မြို့တွင်းပြေးဆွဲနေသော ကားများကို စနစ်တစ်ကျထိထိရောက်ရောက် စီမံခန့်ခွဲပေးနိုင်မည်ဆိုလျှင် ထိုကိစ္စများ မပပျောက်လျှင်သော်မှ လျော့ပါးမည်ဟုယူဆပါသည်။
  1. Anonymous said... :
    အဓိကကတော့ဗျာ ...ပြည်သူတွေ သွားရေးလာရေးလွယ်ကူအောင် ကားစီးရေတိုးလိုက်၊ ပြီးရင် လူတွေကို ငါးပိသိတ် ငါးချဉ်သိပ် မတင်ခိုင်းနဲ့။ သူများနိုင်ငံများမှာ ကားခေါင်မိုးပေါ်တက်စီးတာနဲ့ တွယ်စီးတာနဲ့ တခါမှ မတွေ့ဖူးဘူး။ ရေရှည်အတွက်ဆို အဲ့ဒါက ပိုအဓိက ကျမယ်ထင်တယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved