သံဃာနဲ့ နိုင်ငံရေး

Monday, February 20, 2012


(ဓာတ်ပုံများ - လ၀ီဝမ်)

မနေ့တုန်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကြောင့်
သံဃာများ နိုင်ငံရေးနဲ့ ပတ်သက်ရေး၊ မပတ်သက်ရေး အငြင်းပွားနေကြပါတယ်။

တချို့ကလည်း ထိုင်းမြန်မာနယ်စပ် လက်နက်ကိုင်အဖွဲ့တို့နဲ့ အစိုးရ ဆွေးနွေးကြရာမှာ သံဃာတွေလည်း ပါဝင်နေတယ်လို့ ဆိုကြပါတယ်။
ဒီဓာတ်ပုံတွေက အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့ ဆွေးနွေးပွဲ တခုမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

8 comments :

  1. Anonymous said... :

    ဆောင်းပါး၊ သံဃာ့ အာဇာနည်များ ဆရာတော် ဦးဝိစာရ၊ ဆရာတော်ဦးဥတ္တမ။

    http://newburma.me/2012/02/20/burmesemonks/

    By http://www.newburma.me/

  1. မောင်သစ္စာ said... :

    “သုခါ သံဃဿ သာမဂ္ဂီ- ရှင်လူအပေါင်းတို့ ကိုယ်ရောစိတ်ပါ ညီညီညွတ်ညွတ် ဖြစ်ခြင်းဟာ ချမ်းသာကြောင်း” လို့ မြတ်ဗုဒ္ဓဟောကြားခဲ့သလို “ဘိန္နာနံ သန္ဓာတာ- စိတ်ဝမ်းကွဲနေသူတွေကို စေ့စပ်ပေးရမယ်” “သမဂ္ဂါနံ အနုပ္ပဒါတာ- ညီညွတ်နေရင်လဲ ပိုပြီး စည်းစည်းလုံးလုံး ရှိအောင် အားပေးရမယ်” လို့ ဟောကြားခဲ့တာတွေ ရှိပါတယ်။ ဒီလိုလုပ်နိုင်ဖို့ “ကာလညူ မတ္တညူ- အချိန်အခါ အခြေအနေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိရမှာဖြစ်သလို ကိုယ့်ရဲ့ စိတ်ကိုလည်း တရားဓမ္မကို နှလုံးသွင်းပြီး အညီအမျှ(ဘက်မလိုက်အောင်)လုပ်ထားကြရပါတယ်။
    ဆွေးနွေးပွဲမှာ ဆရာတော်တွေ ပါဝင်နေတာ အထက်က ဘုရားအဆုံးအမအတိုင်း ညီညီညွတ်ညွတ် ဖြစ်စေလိုတဲ့အတွက် ပါဝင်ကြတာ ဖြစ်ပါတယ်။
    ဒါကို သံဃာတွေ နိုင်ငံရေးလုပ်နေတာလို့ အဓိပ္ပာယ်ကောက်ယူမှာလား။ နိုင်ငံရေး-ဆိုတာကြီးကို အဓိပ္ပာယ်တွေ ဘာတွေ ဖွင့်ပြီး လျှောက်ပြောရမှာဖြစ်လို ရှုပ်ထွေးနိုင်သလို နားလည်မှုတွေလဲ လွဲနိုင်ပါတယ်။
    အကောင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော-
    မြတ်ဗုဒ္ဓရဲ့ တရားတော်တွေအတိုင်း ဆရာတော်သံဃာတော်များ ဆွေးနွေးပွဲမှာ ပါဝင်ပြီး နှစ်ဖက်ကွဲပြားနေမှုကို စွမ်းနိုင်သမျှ စေ့စပ်ညှိနှိုင်းပေးကြတယ်-လို့ ပြောလိုက်ရင် အမှန်ဆုံးဖြစ်မယ် ထင်တယ်။

  1. Anonymous said... :

ုနိုင်ငံရဲ့ အုပ်ချုပ်ရေး အဓိက အခန်းမှာ မပါဝင်သင့်ပေမဲ့ တရားနည်းစနစ်များ ထပ်မံ မပေါ်ပေါက်ရေးကိုတော့ သံဃာတော်များက ၀န်းရံရမည် ဖြစ်ပါသည်။ နိုင်ငံတော်ကိုတိုင်က အဘိဓဇ မဟာရဌဂုရု လို့ ပေးထားတဲ့ ဘွဲ့တွေ ရှိနေတာပဲ။ အဓိပါယ်က တိုင်းပြည်၏ ဦးဆောင်ဖြစ်တဲ့ (အလံတန်ခွန်သဖွယ်ဖြစ်တဲ့) ဆရာ လို့ အဓိပါယ်ရပါတယ်။ ဆိုတော့ မပါရလို့ ပုံသေ သွားသက်မှတ်ရင်ဖြစ့် ဘုန်းကြီးဆိုတဲ့ လူတန်းစားကို လိုရင် သုံးပြီး မလိုလျှင် ချောင်ထိုးတဲ့ အတန်းစားထဲ ရောက်သွားမှာပါ။ မှန်မှန်ကန်ကန် ဆောင်ရွတ်ဘို့ ဘုန်းကြီး လိုပါတယ်။ အရာရာကို တစ်ထစ်ချ ပုံသေ ပြောလို့ မရပါ။ အများသိတဲ့ စကားနဲ့ ပြောရလျှင် အမျိုးသားရေး လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။ (ဆရာတော်တစ်ပါး)

  1. Anonymous said... :

    မြန်မာ့ နိုင်ငံရေးသမိုင်းတလျောက်၌ ဘုန်းတော်ကြီးများအနေနဲ့ မလွဲမရှောင်သာ ပါဝင်ခဲ့ရသော်လည်း ပြည်သူများ၏ ရပိုင်ခွင့် တရားမျှတမှုအတွက်သာ ပါဝင်ခဲ့သည်၊ တစ်စုံတစ်ရာ ရာထူးအာဏာ ရဖို့ရန်မဟုတ်၊ အာဏာရရင် ဘုန်းတော်ကြီးများအနေနဲ့ မည်သည့်ဝန်ကြီးရာထူးနေရာစသည်ကို ယူထားမည်ဟူ၍ အကြံအစည် မရှိခဲ့၊ နောက်ပြီး နိုင်ငံရေးဆောင်ရွက်ရာ၌ ရန်သူကို သတ်ကြ၊ ဖြတ်ကြ၊ တိုက်ကြ၊ ခိုက်ကြ ဟူသော ကြမ်းတမ်းသော စကားများမပြောဆိုသည်ကိုလည်း သတိပြုပါ၊ ဒါကြောင့် ဘုန်းတော်ကြီးများ၏ နိုင်ငံရေးဟူသည် “ အာဏာတလွဲသုံးကာ ပြည်သူများအပေါ် အနိုင်အထက်ပြုသော အစိုးရတို့ လက်ထက်၌သာလျင် ပြည်သူများ၏ တရားမျှတရေးအတွက် အစိုးရအနေဖြင့် မင်းကျင့်တရားနဲ့ အညီကျင့်ကြံရန် တိုက်တွန်း တောင်းဆိုသော အဆင့်မျှသာ ရှိသည်” ဟုမှတ်ပါ။
    လက်နက်ကိုင်တို့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆောင်ရွက်ရာ၌ ဘုန်းတော်ကြီးများ ကြားဝင် ဖြန်ဖြေခြင်းသည် အင်မတန်ကောင်းသော လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် ဘုန်းတော်ကြီးများ အနေနဲ့ ငြိမ်းချမ်းရေးအတွက် ပြေလည်ရာ ပြေလည်ကြောင်းကိုသာ ပြောမည်ဖြစ်ပြီး တိုက်ကြ ခိုက်ကြ ဟူသော သဘောမျိုး လုံးဝ ပြောဆိုမည် မဟုတ်သောကြောင့် ဖြစ်သည်၊ မြတ်စွာဘုရားကိုယ်တိုင်ပင် စစ်ပွဲများရပ်တန့်ဖို့ ပါဝင်ခဲ့ရသလို အရှင်ဒိသာပါမောက္ခသည်လည်း တရုတ်နဲ့ ငြိမ်းချမ်းရေးအတွက် သမိုင်းတွင်လောက်အောင် စွမ်းဆောင်ခဲ့သည်ကို သတိပြုပါ။

  1. Anonymous said... :

    Electricity - Phase ၃-ခု ရှိတဲ့ lineတွေမှာ တစ်ခုနဲ့ တစ်ခု မပူးရဘူးတဲ့။ ပူးရင် လျှော့ (SHORT CIRCUITED)ရှိတယ်တဲ့။ In the same way, ဘာသာ=သာသနာရေးက one phase , စီးပွားရေးက one phase , နိုင်ငံရေးက one phase ပါတဲ့။ ဘုန်းကြီးက လှည်းထောင်,လှေထေ...ာင်, ဆိုက္ကားထောင်, Taxi ထောင်, ၀က်မွေး, နွားမွေး, လယ်ထောက်ချ, ဒိုင်ကိုင်, ငွေတိုးပေး, အစုရှယ်ယာဝင်, စာအုပ်ကုန်သည်လုပ်နေရင် နေရာမကျဘူး (၀ါ) လျှော့ရှိနိုင်တာပေါ့။ ကြွေးမဆပ်လို့ ရွာထဲဆင်း ၀က်ဆွဲ နွားသိမ်း လုပ်တာမျိုး ကြားဖူးပါတယ်။ ဟိုအရေးကတော့ သားသားကြောက်ကြောက် ဘုန်းဘုန်းကြောက်ကြောက်လို့ပဲ ပြောရမလိုပါပဲ။ လျှော့မရှိတာ ကောင်းပါတယ်။ တိပိ - ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီးကတော့ ငြိမ်ငြိမ်နေ ငြိမ်းအောင်ကျင့်ပါတဲ့။

  1. Anonymous said... :

    ဟဲ ဟဲ အခုတော့ ဆင်ခြေတမျိုးပေးပြန်ပြီ ဒီလိုဆို NLD မှာလာပြီး သံဃာတွေ စေ့စပ်ညှိနှိုင်းပေးကြမယ်ဗျာ။ ဘယ်နှယ်လဲ။ ခင်ဗျားတို့ ဘာသံထွက်လာအုန်းမလဲ။ မွန်ပြည်သစ်ကလဲ ပါတီ၊NLD ကလဲပါတီ။ ပါတီထဲသွားတယ်ဆိုပြီး ရွှေညဝါဆရာတော်လို လုပ်အုန်းမှာလား။

  1. Anonymous said... :

    ကျေးဇူး အများကြီးတင်ပါတယ်။ ဒီဓါတ်ပုံက သက်သေဖြစ်ပါတယ်။ ဘုန်းကြီးတွေ နိုင်ငံ့အရေး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေကြတာပါ။ ဒီပုံအရ စစ်တပ်က ဘုန်ကြီးတွေကို ကြားခံ ထားပြီး လိုရင် လိုသလို အသုံးချ နေကြတာထင်ရှားပါတယ်။ မလိုတဲ့ အခါ မလိုသလို ဟိုပြောဒီပြော ပြောတက်ကြတာ စစ်တပ်အကျင့်ပါ။ ဒီထက် ပြည်စုံတယ်သက်သေ သာဓကတွေ အများကြီးရှိပါတယ်။

  1. Anonymous said... :

    ဘုန်းကြီးတွေက တိုင်ပြည်ငြိမ်းချမ်းရေး တရားမျှတရေး အတွက် ပါဝင်ဆွေးနွေးသင့်ပါတယ်။ လွတ်တော်ထဲမှာ စစ်သားအမတ်တွေ နေရာဝင်ယူထားသလို လွတ်တော်ထဲမှာ ဘုန်းကြီး အမတ်တွေ လည်းရှိသင့်ရှိထိုက်ပါတယ်။ လွတ်လပ်တဲ့ သံဃာအဖွဲ့ အစည်း အဖြစ် ရှိသင့်ပါတယ်။ ဒါမှ အမှန်တရား သစ္စာတရားကို အခြေခံတဲ့ ဘုန်းကြီးတွေ ရှိနေမယ်ဆိုရင် အတော်ကို အကောင်းဘက်ကို ဦးတည်လာနိုင်ပါတယ်။ စစ်တပ်ကလည်း သံဃာကို လေးစားတန်ဖိုးထားတက်လာရေး အတွက် အရေးကြီးပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved