ခန့်စည်သူ၊ ဆုပန်ထွာ၊ ဂန္တ၀င်၊ ခိုင်သင်းကြည်
ခန့်စည်သူက ဒီည အကယ်ဒမီရမယ်လို့ ထင်ကြေးပေးခံနေရသူပါ။
ဒီလို အထင်ခံရတဲ့ ခန့်စည်သူက Messenger ဂျာနယ် ကို အခုလို ပြောပါတယ်။
“ဒီနှစ်ကတော့ လက်ခုပ်တီးပြီး အားပေးဖို့ပါပဲ။ ကိုယ့်အတွက် ရင်ခုန်စရာမရှိပါဘူး။ ကျွန်တော့်ကားတွေကဒီနှစ် ဟာသကားတွေ များတယ်။ ဒီနှစ်အပြင်အဆင်တွေ ပြောင်းလဲသွားသလို ဆုချီးမြှင့်တဲ့ မူဝါဒတွေလည်း ပြောင်းလဲသင့်တယ်။ ဘယ်လိုဇာတ်ရုပ်မဆို ထူးချွန်ရင် ချီးမြှင့်သင့်ပါတယ်” တဲ့။
“ပရိတ်သတ်ကပေးတဲ့ အကယ်ဒမီနဲ့ ပရိတ်သတ်တွေရဲ့ တစ်ကြိုပေးခြင်းကိုခံရတဲ့ အတွက် အရမ်းပျော်ပါတယ်၊ ဒါပေမယ့် အကယ်ဒမီ ဆိုတာ တကယ် ရမှ ရတာပါ၊ အကယ်ဒမီ ရရ မရရ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော်က ပရိသတ်ကျွေးတဲ့ ထ္မင်းကို စားနေရတာပါ။ ကျွန်တော်ဒီနေရာမှာ ရပ်တည်ခွင့် ရနေတာလည်း ပရိသတ်တွေက ခွင့်ပြုထားလို့ပါ” တဲ့။ မင်းသား ဝေဠုကျော် Messenger ဂျာနယ် ကို ပြောသွားတာပါ။
ဒီည ဆုပေးပွဲက ၂၀၁၀ မှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေအတွက်ပါ။
ရုပ်ရှင်ပရိသတ် အများအပြားက ဒီည ဘယ်သူတွေ ရွှေစင်ရုပ်ပိုက်ပြီး ပြုံးနေမလဲ ဆိုတာကို စောင့်ကြည့်ကြမှာပါ။
ဝန်ကြီးတယောက် အကယ်ဒမီရမယ်လို့ တချို့က နောက်တောက်တောက် ပြောခဲ့ကြဖူးတယ်။ အင်း - ၂၀၁၀ ထဲက ဇာတ်ကား ၁၅ ခုထဲ ပါရင်တော့ မျှော်လင့်ချက် ရှိတာပေါ့။ အစိုးရဖားတဲ့ကားတွေမှာ တက်ကြွခဲ့ရင် ပိုပြီး မျှော်လင့်ချက် ရှိမှာပေါ့။
ဒီတခေါက်ပွဲက အင်မတန် ထူးခြားမယ်လို့ မြန်မာ့အလင်းသတင်းစာက လက်တို့ထားပါတယ်။ အကယ်ဒမီပေးပွဲကြီးကို အိုင်တီနည်းပညာတွေအားဖြည့်ပြီး တင်ဆက်မယ် တဲ့။ အခမ်းအနားမှာ ဗျောက်အိုးဖောက်ဖို့ စီစဉ်မထားရင် ပြီးတာပါပဲလေ။
ဓာတ်ပုံများ - Messenger ဂျာနယ်
ကျတော်တို့ ဆီက အကယ်ဒမီ ပေးပွဲ ကြီးက ပြင်ဖို့ တော့ကောင်းနေပါပြီ အရင်က ရန် ကုန်မှာ လုပ်တဲ့ ပွဲတွေလောက်တောင် စိတ်ဝင်စားဖို့ မကောင်းဘူး ... ပွဲ တတ်လာတဲ့ လူတွေ အားလုံးကို ကြည့် ရတာ ဘောင်ခတ်ထားတဲ့ စည်းဝိုင်းထဲ မှာနေ နေသလိုပါပဲ အဲဒါလေးတော့ ပြင်သင့်တယ်ထင်ပါတယ်......