ရဲလေး နဲ့ မိုးဟေကို

Saturday, February 18, 2012



ရန်ကုန်က နာမည်ကျော် ၂ ယောက်ရဲ့ ပုံက ဒီရက်ပိုင်း လူမှုကွန်ရက်အင်တာနက်မှာ ထပ်ရောက်လာပြန်တယ်။
ဒီတခါတော့ သူတို့ပုံချည်းပဲမဟုတ်ဘဲ မြန်မာလိုဝတ်ထားတဲ့ အနောက်တိုင်းသားစုံတွဲပုံနဲ့ တွဲထားတယ်။

တယောက်နဲ့ တယောက် ဖက်တွယ်ထားသူများကတော့ ကြော်ငြာတခုအတွက် ဓာတ်ပုံအရိုက်ခံနေကြတာ ဖြစ်ဖို့ များပါတယ်။
ဘာကိုကြော်ငြာမှန်းတော့ မသိပါ။
သူတို့ကတော့ -
သီချင်းဆို၊ ရုပ်သံအစီအစဉ်တင်ဆက်၊ အငြိမ့်က၊ မွေးနေ့တွေမှာ အခမဲ့ စင်တင်ဂီတပွဲ လုပ်၊ လူမှုရေးလုပ်ငန်း စိတ်ဝင်စားတဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော် ရဲလေး နဲ့

မန္တလေးဇာတိ၊ ၂ဝဝဝ ပြည့်နှစ်မှာ မော်ဒယ် ဖြစ်လာ၊ ၂ဝဝ၆မှာ သရုပ်ဆောင်ဖြစ်လာ၊ ရန်ကုန်မှာ စားသောက်ဆိုင် နဲ့ ဖက်ရှင်ပစ္စည်းဆိုင် ဖွင့်ထား၊ သရုပ်ဆောင်တချို့လိုပဲ စင်ပေါ်တက်သီချင်းဆို စီးရီးသွင်းတဲ့ မိုးဟေကိုတို့ ဖြစ်ပါတယ်။




12 comments :

  1. Anonymous said... :

    Hello, Ye Lay and Moe Hay Ko, shame on you guys.

  1. Anonymous said... :

    ဒီဓာတ်ပုံကပေးတဲ့ မက်ဆေ့ခ်ျကမှားနေတယ်။ နိုင်ငံတစ်နိုင်ငံမှာနေတဲ့ လူတွေက ကိုယ်ကြိုက်တဲ့ယဉ်ကျေးမှု ကိုယ်ကျင့်သုံးပိုင်ခွင့်ရှိတယ်။ ဒါသူတို့လွတ်လပ်ခွင့်ပဲ။ ဒါသူတို့လုပ်ပိုင်ခွင့်ပဲ။ တစ်ခြားလူတွေကိုမထိခိုက်ဖူးဆိုရင် ကြိုက်တာလုပ်ပိုင်ခွင့်ရှိတယ်။ ဒီမိုကရေစီအော်နေပြီး ယဉ်ကျေးမှုမှာအမြင်ကျဉ်းနေကြရင် ဒါဟာလူအများစုက လူအနည်းစုကို ယဉ်ကျေးမှုအရ အနိုင်ကျင့်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်သွားမယ်။ ဒီမိုကရေစီဆိုတာ လူအများစုကအုပ်ချုပ်တာကိုး။ လူအနည်းစုသဘောမတူလည်း လူအများစုသဘောတူရင်ဖြစ်တယ်လေ ဒီမိုကရေစီမှာ။ နောက်ပြီးတော့ ရဲလေးနဲ့မိုးဟေကိုတို့က မော်ဒယ်တွေပါ။ မော်ဒယ်တွေရဲ့အလုပ်က အလှတရားကို ကိုယ်တိုင်ဖန်တီးရတာပဲ။ ဘာလို့လဲဆိုတော့ လူတွေကအလှတရားကိုခံစားတတ်လို့။ ဒါကလည်း လူတွေမှခံစားတတ်တာ တိရစ္ဆာန်တွေဆိုရင် မခံစားတတ်ဘူး။ ဘယ်ဘက်က နိုင်ငံခြားသားနှစ်ယောက်က တိုးရစ်တွေဖြစ်ဖို့များပါတယ်။ ဒါမှမဟုတ်လည်း မတူညီတဲ့ယဉ်ကျေးမှုတွေကို စမ်းသပ်ချင်ကြတဲ့ နိုင်ငံခြားသားတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအနောက်တိုင်းစုံတွဲမှာ ရဲလေးတို့ဓာတ်ပုံလိုမျိုး မရှိဘူး မရိုက်ဖူးဘူးလို့ထင်ပါသလား? ရဲလေးတို့မိုးဟေကိုတို့ကရော မြန်မာဝတ်စုံဝတ်ရတာကို မကြိုက်ဖူးလို့ထင်ပါသလား။ ဖက်ဒရယ်ဒီမိုကရေစီကို သွားနေတဲ့ကာလမှာ မြန်မာပြည်တွင်းမှာရှိတဲ့ မတူညီတဲ့ ယဉ်ကျေးမှုပေါင်းများစွာကို အသိအမှတ်ပြုဖို့လိုလာပြီ။ ဗမာ့ယဉ်ကျေးမှုမှ ကောင်းတာမဟုတ်ပါဘူး။ မတူညီတဲ့ယဉ်ကျေးမှုတွေကို လက်ခံနိုင်အောင်ကြိုးစားပါ။ သူတို့ဘယ်လိုတွေးလဲခေါ်လည်း လေ့လာကြည့်ပါ။ ဒါပါပဲ။

  1. MaP said... :

    I like Moe Hay Ko .
    She is beautiful .

    classy and can keep in pace with western women in here.

    nOt many Myanmar women are marketable in fashion, except a few.

    M H Ko is one of them . Great.

    This is in her prime.

  1. Anonymous said... :

    အော် ဒါမတူညီတဲ့ ယဉ်ကျေးမှု(ယဉ်ကျေးးးးးးးးးမှု) လား
    မသိပါဘူးဗျာ တော်သလင်းလကို သွားသတိရမိတယ်၊
    တော်သလင်းလဆို မောင်နဲ့နှမ သားနဲ့အမိ လမ်းတောင်မထွက်ရဲဘူးလေ။

  1. Anonymous said... :

    Anonymous says:
    February 18, 2012 7:40 PM Reply

    ဒီဓာတ်ပုံကပေးတဲ့ မက်ဆေ့ခ်ျကမှားနေတယ်။ နိုင်ငံတစ်နိုင်ငံမှာနေတဲ့ လူတွေက ကိုယ်ကြိုက်တဲ့ယဉ်ကျေးမှု ကိုယ်ကျင့်သုံးပိုင်ခွင့်ရှိတယ်။ ဒါသူတို့လွတ်လပ်ခွင့်ပဲ။ ဒါသူတို့လုပ်ပိုင်ခွင့်ပဲ။ တစ်ခြားလူတွေကိုမထိခိုက်ဖူးဆိုရင် ကြိုက်တာလုပ်ပိုင်ခွင့်ရှိတယ်။ ဒီမိုကရေစီအော်နေပြီး ယဉ်ကျေးမှုမှာအမြင်ကျဉ်းနေကြရင် ဒါဟာလူအများစုက လူအနည်းစုကို ယဉ်ကျေးမှုအရ အနိုင်ကျင့်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်သွားမယ်။ ဒီမိုကရေစီဆိုတာ လူအများစုကအုပ်ချုပ်တာကိုး။ လူအနည်းစုသဘောမတူလည်း လူအများစုသဘောတူရင်ဖြစ်တယ်လေ ဒီမိုကရေစီမှာ။ နောက်ပြီးတော့ ရဲလေးနဲ့မိုးဟေကိုတို့က မော်ဒယ်တွေပါ။ မော်ဒယ်တွေရဲ့အလုပ်က အလှတရားကို ကိုယ်တိုင်ဖန်တီးရတာပဲ။ ဘာလို့လဲဆိုတော့ လူတွေကအလှတရားကိုခံစားတတ်လို့။ ဒါကလည်း လူတွေမှခံစားတတ်တာ တိရစ္ဆာန်တွေဆိုရင် မခံစားတတ်ဘူး။ ဘယ်ဘက်က နိုင်ငံခြားသားနှစ်ယောက်က တိုးရစ်တွေဖြစ်ဖို့များပါတယ်။ ဒါမှမဟုတ်လည်း မတူညီတဲ့ယဉ်ကျေးမှုတွေကို စမ်းသပ်ချင်ကြတဲ့ နိုင်ငံခြားသားတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအနောက်တိုင်းစုံတွဲမှာ ရဲလေးတို့ဓာတ်ပုံလိုမျိုး မရှိဘူး မရိုက်ဖူးဘူးလို့ထင်ပါသလား? ရဲလေးတို့မိုးဟေကိုတို့ကရော မြန်မာဝတ်စုံဝတ်ရတာကို မကြိုက်ဖူးလို့ထင်ပါသလား။ ဖက်ဒရယ်ဒီမိုကရေစီကို သွားနေတဲ့ကာလမှာ မြန်မာပြည်တွင်းမှာရှိတဲ့ မတူညီတဲ့ ယဉ်ကျေးမှုပေါင်းများစွာကို အသိအမှတ်ပြုဖို့လိုလာပြီ။ ဗမာ့ယဉ်ကျေးမှုမှ ကောင်းတာမဟုတ်ပါဘူး။ မတူညီတဲ့ယဉ်ကျေးမှုတွေကို လက်ခံနိုင်အောင်ကြိုးစားပါ။ သူတို့ဘယ်လိုတွေးလဲခေါ်လည်း လေ့လာကြည့်ပါ။ ဒါပါပဲ။


    မင်းညီမမပါလို့ဒီလိုပြောတာထင်တယ်..မင်းညီမမင်းအမ
    ဒီလိုတွေအရိုက်ခံနေရင်မင်းဒီလိုပြောမှာမဟုတ်ဘူး..
    ဒီမယ်..ဆရာ...ပြောဆိုမရရင်လည်းဆက်လုပ်ကြ...
    တို့ကတော့ကြည့်ရတာ အရသာတောင်ရှိသေးတယ်..

  1. Anonymous said... :

    မင်းသားမင်းသမီးတွေ လုပ်ငန်းအရ ဝတ်စားဆင်ယင်တာ ပြောစရာမရှိပေမဲ့
    ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အရမ်းကို ကွာဟတဲ့ အပြုအမူမျိုးတွေ မလုပ်မိဖို့ လိုပါတယ်..
    အရပ်သား သမီးတွေ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်ဖို့ နဲ့ အနုပညာရှင်တွေကို
    လိုက်ပြီး အတုမခိုးဖို့ဆိုတာ အစိုးရနဲ့ မိဘ၊ အုပ်ထိန်းသူတွေရဲ့ ဆုံးမနိုင်မှုအပေါ်မှာ
    မူတည်ပါတယ်....

  1. Anonymous said... :

    Hey owner of this blog you are lobbyist I know no challenge to show my comment. You need to fight for social doing work. Baiting. Those pictures are almost 5 years ago.

  1. Anonymous said... :

    နည်းပညာတွေတပိုင်တနိုင်ေ၇းကျဝေဖန်တာ တွေဖတ်ချင်လိုက်တာ မြန်မာကစက်၇ုပ်တွေ စမ်းနေတာတွေကြည့်ချင်လိုက်တာဗျာ ခင်ဗျားတို့ေ၇းလို့ဖတ်နေ၇ပေမဲ့အဆင့်မ၇ှိဘူးကွာ

  1. Anonymous said... :

    မြန်မာယဉ်ကျေးမှုအတွက်အားလုံးကဂရုတစိုက်ရှိသင့်ပါတယ်အေသနဲံလိုက်ပြီးဝတ်စားသင့်ပါတယ်ရင်ဖုံးနဲံထမီမှဝတ်ရမယ်မဟုတ်ပါဘူးမြန်မာဆိုတဲံအသိနဲံလုံလုံခြုံခြုံဝတ်သင့်ပါတယ်ခတ်ဆန်ပြီးယဉ်ကျေူမှုနဲံညီတဲံဖက်ရှင်တွေအများကြီးပါကောင်မလေးတွေအတ်အစားကလည်းမိခင်တွေနဲံ့လည်းဆိုင်ပါတယ်ကိုယ်သမီးတွေကိုလည်းနည်းနည်းလောက်ဆုံးမသင့်တယ်လို့(....ံ)ကထင်ပါတယ်

  1. Anonymous said... :

    မိန်းကလေးနဲ့ ယောက်ျားကလေး အဲဒီလိုတွယ်ဖက်ထားတာကတော့ မြန်မာ့ယဉ်ကျေးမူနဲ့ သိပ်မကိုက်ညီဘူးပေါ့ဗျား။ကျွန်တော်တို့ကမြန်မာဆိုတော့ ကိုယ့်ယဉ်ကျေးမူကို ကိုယ်ထိန်းသိမ်ရမှာပေါ့။နိုင်ငံခြားသားတွေဆိုရင်တောင် ငါတို့မြန်မာနိုင်ငံရောက်လာရင် ငါတို့ယဉ်ကျေးမူအတိုင်း ၀တ်စားဆင်ရင်နေကြတာပဲ။ဒီမီုကရေစီခေတ်ဆိုတာမှန်ပေမယ့် ဒီလိုမျိုး တိုင်းထက်လွန်တော့မလုပ်သင့်ဘူးလေ။ngt

  1. Anonymous said... :

    သရုပ်ဆောင်ဆိုတာအနာဂတ်လူငယ်တွေအတွက်ရှေ့ဆောင်လမ်းပြလိုပါပဲ ယဉ်ကျေးပြကြပါ

  1. Anonymous said... :

    မိုးလေးကိုလည်းချစ်တယ်sue369ကိုလည်းချစ်တယ် သော်ဇင်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved