ဖျာပုံကလာတဲ့စာ

Friday, February 17, 2012



ရန်ကုန်မြို့ လှည်းတန်းဆိပ်ခံတံတားကို ဒီမနက် ၇ နာရီ မထိုးခင် ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Messenger ဂျာနယ်)

ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်း ဖျာပုံမြို့စည်းရုံးရေးခရီးစဉ်အတွက် ဒီမနက်ပိုင်း ရန်ကုန်ကနေ ရေလမ်းခရီးနဲ့ ထွက်ခွာသွားပါတယ်။

ခရီးစဉ်မတိုင်ခင် ဖျာပုံမြို့အခြေအနေအကြောင်း ပေးစာတွေ ဖော်ပြလိုက်ပါတယ်။

ပါတီစည်းရုံးရေးခရီး လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ် အားကစားကွင်း (ဘောလုံးကွင်း) အား အသုံးပြုခွင့် တောင်းခံထားရာ ခွင့်ပြုချက် မရရှိတော့ပါ။


ယနေ့ (၁၅.၂.၂၀၁၂) ရက်နေ့မှ အားကစားကွင်းအား အသုံးပြုခွင့် မပေးနိုင်ကြောင်း အကြောင်းပြန်လာပါသည်။ ပိုဆိုးသည်မှာ တစ်ပတ်ကျော်လောက်ကတည်းကပင် ခွင့်ပြုချက် တောင်းခံထားသော်လည်း တိတိပပ အကြောင်း ပြန်ကြားခြင်း မရှိဘဲ၊ ယခုလို ရက်နီးကပ်လာမှ ခွင့်မပြုနိုင်ပါ ဟု အကြောင်းပြန်လာခြင်းဖြစ်ပါသည်။


ဖျာပုံမြို့သည် ဧရိယာကျဉ်းသော မြို့ကလေးတစ်မြို့သာဖြစ်သဖြင့် ပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်အားပေးနိုင်သော နေရာများများစားစားမရှိပါ။


ယခုလက်ရှိအချိန်တွင် ဖျာပုံမြို့နယ် NLD အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသူများမှ ဟောပြောပွဲမပျက်စေရန်အတွက် အပူတပြင်းကြိုးပမ်းနေကြရပါသည်။ မြို့ထဲတွင်လုံလောက်စွာကျယ်ဝန်းသော နေရာမရှိသဖြင့် မြို့ပြင်လယ်ကွင်းများထဲတွင် အခမ်းအနားကျင်းပနိုင်ရန် ခက်ခဲပင်ပန်းစွာ စီစဉ်နေကြရပါသည်။ ဟောပြောပွဲအတွက် ပြင်းထန်သောနေပူထဲတွင် ပြင်ဆင်ကြိုးပမ်းနေကြသော ဓါတ်ပုံများကို အများသိရှိကြည့်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။


ပြည်သူတစ်ရပ်လုံး၏ စိတ်ဓါတ်နှင့် ဇွဲလုံ့လကို မည်သည့်အရာတို့နှင့်မျှ ပိတ်ပင် တားဆီး၍ မရနိုင်ကြောင်းကို ဖျာပုံမြို့သူမြို့သားတို့သက်သေပြနိုင်ရန် တတ်စွမ်းသရွေ့ကြိုးစား သွားပါမည်။


( တန်ဖိုးအကြီးမားဆုံးသော စိန်ဆိုသည်မှာ ပြင်းထန်သောဖိအားနှင့်အပူချိန်တို့မှ ပေါက်ဖွားလာရကြောင်း သက်ဆိုင်သူအားလုံး သိစေချင်သည်)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)


ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။


ဖျာပုံမြို့ရဲ့ နာမည်ကျော်ကြားတဲ့ ရှေးဟောင်းသမိုင်းဝင် သာစည်ဘုရားကြီးဝင်း အတွင်းမှာ (ဘ၀အလှဆင် ဓမ္မသဘင်အဖွဲ့) ကနေ တပေါင်းလဆုတ် (၁) (၂) (၃) ရက်များမှာ ကြီးမှူး ကျင်းပမယ့် ဆရာတော် ဦးကောဝိဒတရားပွဲအတွက် ပြင်ဆင်ထားတဲ့ တရားဟော မဏ္ဍပ်ကို ဖျက်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။


ဒီတရားဟောမဏ္ဍပ်ဟာ အခုမှ စတင်ဆောက်လုပ် တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ) တရားပွဲအတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် တရားပွဲတစ်ခု ထပ်မံကျင်းပဖို့ ရှိတာကြောင့် ဖျက်သိမ်းခြင်း မပြုဘဲ ဒီအတိုင်းထားခဲ့တာဖြစ်ပါတယ်။


ကြံ့ဖွံ့ပါတီကနေ လွှတ်တော်အမတ်ဖြစ်သွားခဲ့တဲ့ ဦးလှဝင်းဗိုလ်က ဦးဆောင်ပြီးတော့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကို လာရောက်ပြောဆို ဖျက်သိမ်းခိုင်းခြင်းဖြစ်ပါတယ်။



မဏ္ဍပ်တစ်ခုလုံးကို ဖျက်သိမ်းခိုင်းတာမျိုး မဟုတ်ဘဲ ကြမ်းခင်းတွေကို ခွာပေးထားဖို့ လာရောက်ပြောဆို သွားခြင်းဖြစ်ပါတယ်။ ဘာကိစ္စကြောင့် အခုလို လုပ်ခိုင်းတယ် ဆိုတာကိုတော့ ပြောဆိုသွားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲခရီးစဉ်အတွင်းမှာ နေရာအခက်တွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ ဒီလုပ်ရပ်ဟာ မရိုးသားမှုတွေ ရှိနေတယ်ဆိုတာ ထင်ရှား ပေါ်လွင် နေပါတယ်။ တရားပွဲဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတွေကလည်း ဒီကိစ္စအပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို ကြားသိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုမှာ အခုလိုအဖြစ်အပျက်တွေ (တရားဓမ္မကို ပိတ်ပင်သလိုဖြစ်နေတဲ့ လုပ်ရပ်တွေ) ဖြစ်ပေါ်နေတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး လို့လည်း ပြောဆို နေကြပါတယ်။


ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ '' ကျွန်တော်တို့ NLD အနေနဲ့ ဒီလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဟောပြောပွဲတွေ ပြုလုပ်ဖို့ ကြိုတင် စီစဉ်ထားခြင်း မရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်လို ထောက်ခံအားပေးမှု အလွန်များတဲ့ လူထုခေါင်းဆောင်တစ်ယောက် အနေနဲ့လည်း ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ဟောပြောပွဲပြုလုပ်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး " လို့ ဖြေကြားပါတယ်။


ဖျာပုံမြို့ခံ ပြည်သူလူထုတွေကတော့ ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို အတတ်နိုင်ဆုံး နှောက်ယှက်မယ်ဆိုတဲ့ မသမာတဲ့ အကြံအစည်မျိုးနဲ့ လုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ယူဆ ပြောဆိုနေကြကြောင်းပါဗျာ ... ... .... ။




ထူးခြားဖြစ်စဉ်များ (အပိုင်း-၂)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲခရီးစဉ်ကို ဖျာပုံမြို့ပေါ်ကသာမက ဖျာပုံမြို့နယ်အတွင်းမှာ ရှိကြတဲ့ ကျေးရွာများက လူထုပရိသတ်များကပါ တက်ရောက်လာကြမှာဖြစ်ပါတယ်။


အခုလက်ရှိအချိန်မှာကို တချို့သော ကျေးရွာများက အားပေးသူပရိတ်သတ်တွေဟာ ရေလမ်း၊ ကုန်းလမ်းများကနေ တဖွဲဖွဲရောက်ရှိလို့ လာနေခဲ့ပါပြီ။ အဲ .... ဒီအချိန်မှာပဲ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို ကြားသိခဲ့ရပါတယ်ဗျာ။


ဖြစ်ပုံကတော့ ခါးပြတ်ဒေါ်ငြိမ်းကျေးရွာအုပ်စုတွေက ကျေးရွာသူကျေးရွာသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို လာရောက်နိုင်ဖို့အတွက် ကားလေးစီး ကြိုတင် ငှားရမ်းထားခဲ့ကြပါတယ်။ အဲဒီကားတွေဟာ ခါးပြတ်ဒေါ်ငြိမ်းကျေးရွာတွေကနေ ဖျာပုံမြို့ကို ပုံမှန်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းက ကားတွေပဲဖြစ်ပါတယ်။


ကားတွေက ပုဂ္ဂလိကပိုင်တွေဖြစ်ပေမယ့် ယာဉ်လိုင်းကတော့ ကြံ့ဖွံ့ပိုင်ယာဉ်လိုင်းတစ်ခုပဲရှိတာပါ။


ကားတွေကို ငှားရမ်းစဉ်အခါက မော်တော်ယာဉ်ပိုင်ရှင်တွေကိုယ်တိုင်က ၀မ်းသာအားရနဲ့ ကူညီပေးဖို့ လက်ခံခဲ့ကြပါတယ်။ ဈေးနှုန်းကိုလည်း ပုံမှန်ထက်လျှော့ယူပြီး သူတို့တတ်နိုင်တဲ့ဘက်က ကူညီမယ်လို့ ပြောခဲ့ကြပါတယ်တဲ့။


အခုလက်ရှိအချိန်မှာတော့ အဲဒီကားပိုင်ရှင်တွေအပေါ်မှာ အဘက်ဘက်က ဖိအားပေးမှုတွေ ရှိလာခဲ့ပြီး၊ ငှားရမ်းဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ၀မ်းနည်းစိတ်ပျက်စွာနဲ့ အကြောင်းပြန်လာကြပါတယ်တဲ့။ အခုလက်ရှိအချိန်မှ ရေလမ်းခရီးကလာဖို့အတွက်ကလည်း ဘေးအန္တရာယ်တွေ အမျိုးမျိုး၊ အခက်အခဲတွေ အမျိုးမျိုး ရှိနေတာကြောင့် ခါးပြတ်ဒေါ်ငြိမ်းကျေးရွာအုပ်စုတွေက တက်ရောက်လာမယ့် ကျေးရွာသူကျေးရွာသားတွေထဲက တစ်ဝက်နီးပါးလောက်သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို တက်ရောက်လာနိုင်တော့မှာ ဖြစ်ပါတယ်။


ဒီအဖြစ်အပျက်တွေကို ကိုယ်ပိုင်မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာကြတဲ့ ကျေးရွာသူကျေးရွာသားတွေဆီကနေ ကြားသိရတာပါ။
ဟောပြောပွဲကို တက်ရောက်လိုတဲ့ လူဦးရေအားလုံးအတွက် မော်တော်ဆိုင်ကယ်တွေ ဘယ်လိုနည်းနဲ့မှ မလုံလောက်နိုင်ပါဘူး။ ယခုလက်ရှိ နိုင်ငံတစ်ဝှမ်းလုံးမှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေ အများအပြား စီးနင်း အသုံးပြုနေကြတာ အားလုံးအသိဖြစ်ပေမယ့် ... ဖျာပုံမြို့နယ် အနီးတ၀ိုက်ကနေ တက်ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အားပေးသူတွေကို ဟန့်တားတဲ့အနေနဲ့ လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူမယ်လို့ လည်း ကြားသိနေရတဲ့အတွက် ကျေးရွာသူ ကျေးရွာသားများအနေနဲ့ များစွာအခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။


တစ်ဆက်တည်းမှာပဲ .... ဖျာပုံမှာ အစိုးရ၀န်ထမ်း အားလုံးကို ၉ နာရီ ရုံးအရောက် တက်ပြီး တနေ့လုံး အပြင် မထွက်ရ အမိန့်ထုတ်ပြန်ထားတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ် ..... ..... ..... ။


ကဲ .... အခုတင်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ ဖျာပုံမြို့မှာ လတ်တလောဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်ဗျာ .... ။

15 comments :

  1. Anonymous said... :

    အကျင့်တွေက မပျောက်သေးဘူးလား အစိုးရကကောင်တွေမှာ သိပ်အောက်တန်းကျလွန်းတယ်

  1. Anonymous said... :

    အစိုးရက အောက်တန်းကျတာ မဟုတ်ပါဘူး၊ မဲလိမ်ပြီးတက်လာတဲ့ အစိုးရအဖွဲ့ဝင် ကြံ့ဖွတ်တွေကသာ အရမ်းအောက်တန်းကျတာပါ။

  1. လုပ်ကြပါစေ ပတ္တမြားလှိုင်ဂူနံရံကြီးပိုပြီး ညစ်ပတ်အောင် ၀က်ကသူ့ခန္ဓာကိုယ်ကြီးနဲ့ပွတ်လေ ပတ္တမြားလှိုင်ဂူကြီးက ပိုအေ၇ာင်တောက်လေပေါ့

  1. Anonymous said... :

    This is too bad sign for peace.
    Later and later continuous likes that.
    Occupy some where in Burma is not far.

  1. Anonymous said... :

    ဖျာပုံက ပြည်သူလူထုရဲ့  ဇွဲနဲ့  ဒေါ်စုလိုမျိုး ခေါင်းဆောင်ကောင်း တယောက်ကို လက်တွေ့ နဲ့ ရွေးချယ်လိုက်တဲ့အပေါ်မှာ ရော အခက်အခဲမျိုးစုံကြားက ဟောပြောပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်ပေးကြတဲ့ ဖျာပုံသူ၊ သား များကို တကယ်လေးစားပါတယ်။

  1. Anonymous said... :

    အရင်တုန်းတတည်းက ဒါမျိုးတွေ လုပ်နေကြပဲ။ အခုမှ အင်တာနက်နှင့် web site တွေကြောင့် တနိုင်ငံလုံးက သိကုန်တာ။ ရုက်ဘို့တော့ကောင်းတယ်။

    ခိုင်းတိုင်းလိုက်လုပ်တဲ့လူကိုလည်း သနားတယ်။ အခုအချိန်အထိ အောက်တန်းကျတဲ့ အလုပ်တွေ ကို လုပ်နေတုန်းပဲလား။

  1. Anonymous said... :

    လေးစားထိုက်ပါတယ် ဖျာပုံ သူ သားရယ်

  1. Anonymous said... :

    congratulation to Phyar Pone Tsh: people.
    very shameful for these dirty peoples.
    this incident may reflect to mmr people spirits if foreigners know about that.

  1. Anonymous said... :

    ဧရာဝတီဆိုတာ ညွတ်ညွတ်မှု့ရဲ့ အမှတ်အသားပါ
    မြန်မာပြည်ရဲ့ အသက်သွေးကြောပါ
    ဧရာဝတီသားတို့ရဲ့ ညီညွတ်မှု့ကို
    ချီးကျူး လေးစား ဂုဏ်ပြုပါတယ်

  1. soe88 said... :

    NLD က အရေးပေါ်ဆောက်လုပ်ရေးအဖွဲ့တောင် ဖွဲ့ထားသင့်နေပြီး..

  1. Anonymous said... :

    ရှက်တတ်စမ်းပါယျောက်ျားကြီးများ ထမိန်ဝတ် ဖို့တောင်မတန်တဲ့ယျောက်ျားများပဲ

  1. အောင်ငဲ said... :

    စုတ်ပဲ့တဲ့ နိုင်ငံရေး လုပ်စား နေသူတွေ ကို ရွံပြီး .. မွန်မြတ် တဲ့စိတ်ထားနဲ့ နိုင်ငံ့အရေး လုပ်ဆောင် နေသူ တွေ ကို ဦးညွတ်ပါတယ် ခင်ဗျား ..

  1. Anonymous said... :

    လူထုကို နှောက်ယှက်သူတွေရဲ့ ဓါတ်ပုံ နှင့် ရာထူးများကို အများပြည်သူမြင်ရအောင်တက်နိုင်သမျှ တင်ပေးစေချင်ပါတယ်။ အမျိုးသားခေါင်းဆောင်ကို နှောက်ယှက်တာ တိုင်ပြည်ကို နှောက်ယှက်တာပါ။ လူထုကို နှောက်ယှက်ဟန့် တားတာပါ။ ဖျာပုံ ကြံ့ဖွတ်နဲ့ ဖျာပုံ အုပ်ချူပ်ရေးအဖွဲထဲက ကြံ့ဖွတ်တွေကို စောင့်ကြည့် အရေးယူသင့်ပါတယ်။

  1. Anonymous said... :

    ကိုယ်စားလှယ်လောင်းကိုယ်စား
    လာမဲဆွယ်ပေးတဲ့ အမေစုကို
    လေးစားပါတယ်
    ကိုယ်စားလှယ်လောင်းလဲ
    အရည်အချင်းရှိပါစေ

  1. Anonymous said... :

    ကိုယ်စားလှယ်လောင်းတွေအတွက်
    မဲဆွယ်ပေးတဲ့ အမေကို အားကျပါတယ်
    အမေသားတွေ တကယ်တော်ပါစေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved