ထောင်ဝတ်စုံနဲ့ နိုင်ငံရေးသမား ၂ ဦး

Tuesday, February 14, 2012

ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲတခုမှာ ခွန်ထွန်းဦး၊ ဦးဝင်းတင် တို့ကို ထောင်ဝတ်စုံနဲ့ အခုလို တွေ့ရပါတယ်။ http://www.kawli.info/ မှာ ဖော်ပြထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ခွန်ထွန်းဦးဘေးမှာ ထိုင်နေတဲ့ ဦးဝင်းတင်က အကျဉ်းသားတွေဝတ်ဆင်တဲ့ အပြာရောင်အင်္ကျီပေါ်မှာ အနွေးထည် ထပ်ဝတ်ထားပါတယ်။
သူတို့၂ဦးစလုံးဟာ အထင်ကရ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြပါတယ်။

ဒီလို ၀တ်ဆင်တာနဲ့ ပတ်သက်ပြီး ဇိုမီးအမျိုးသား ကွန်ကရက်ဥက္ကဌ ပူကျင့်ရှင်းထန်က “ကျန်ရှိနေသေးတဲ့ အကျဉ်းသားများကို အောက်မေ့တဲ့အနေနဲ့ ဝတ်တာလို့ ယူဆတယ်” ဆိုပြီး ပြောဆိုကြောင်း သျှမ်းသံတော်ဆင့် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved