ဒီလ ၂ ရက်နေ့မှာ KIA က မြစ်ကြီးနားဒေသခံလူငယ် ၁၂ ဦးကို တပ်သားသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်၊ ဒီလူငယ်တွေထဲက အမျိုးသမီး ၄ ဦး အဓမ္မကျင့်ခံခဲ့ရတယ်လို့ ဒေသခံရွာသားများကို ကိုးကားပြီး NMG ခေါ် သတင်းနှင့်မီဒီယာကွန်ယက် အင်တာနက် စာမျက်နှာ http://www.nmg-news.com/bur/index.php?option=com_content&view=article&id=407&catid=5&Itemid=12 မှာ ရေးသားထားပါတယ်။“ကျနော်တို့လည်း အဲဒါအခု ရှေ့တန်းကို လှမ်းပြီးမှ စစ်နေတယ်ခင်ဗျ။ သတင်းတွေ ထွက်လာလို့လေ။ တခါတလေမှာ ရှေ့တန်းမှာ အဲလိုမျိုး ဖြစ်တတ်တာမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ ရဲဘော်တွေ မူးပြီိးတော့ ဖြစ်တာတို့ တခါတလေမှာ စိတ်လိုက် မာန်ပါ လုပ်တာတို့ အမှား အယွင်းတွေ ရှိတတ်ပါတယ်။ ကျနော်တို့လည်း ဒါကို အခု စိစစ်နေတုန်းပါပဲခင်ဗျ။” လို့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုကြောင်း သတင်းမှာ တွေ့ရပါတယ်။
ဘါအမှားလဲ။
ဒီအမှားက ပြင်လို့မရတဲ့အမှားဆိုတာနားလည်လါး။
မူးတဲ့ကေါင်ကို ချီးကျွေးကြည့်ပါလါး။