KIA တပ်ရင်းသစ်အတွက် လူစုဆောင်းခြင်း

Monday, February 20, 2012


ဒေသခံ သျှမ်းလူမျိုးများမှာ KIA ရဲ့ လူသစ် စုဆောင်းခြင်းကို ခံနေရပါတယ်။

KIA ဆိုတာ ကချင်လွတ် မြောက်ရေးတပ်မတော်လို့ အမည်ရပြီးတော့ ကချင်ပြည်နယ်က ကချင်မျိုးနွယ်စုတွေနဲ့ ဖွဲ့ထားတာပါ။

ဒီလိုမျိုး ဆိုင်ရာဆိုင်ရာမျိုးနွယ်စုတွေနဲ့ ဖွဲ့ထားတဲ့ တိုင်းရင်းသားအဖွဲ့ အမျိုးမျိုးဟာ ဒေသအလိုက် ရှိကြပါတယ်။ သျှမ်းမျိုးနွယ်စုတွေနဲ့ သျှမ်းပြည်အတွက်လည်း သျှမ်းပြည်တပ်မတော်ဆိုတာ ရှိပါတယ်။ ဒီအဖွဲ့ဟာအစိုး ရနဲ့ အပစ်အခတ်ရပ်စဲဖို့အတွက် သဘောတူညီပြီးလို့ လက်မှတ် ရေးထိုးပြီးပါပြီ။

သျှမ်းပြည်နယ်အတွင်းမှာလည်း အပစ်အခတ်များမရှိတော့လို့ အေးဆေးစွာနဲ့ ရောင်းဝယ်ဖောက်ကား သွားလာနိုင်နေကြပါပြီ။

သျှမ်းပြည်တပ်မတော်မှာ ကချင်မျိုးနွယ်စုတွေမရှိပါဘူးလို့ ပြောနိုင်ပေမဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာတော့ အ စိုးရနဲ့ အပစ် အခတ်မစတင်မီ အချိန်များကပင် ဘိုးဘွား များ အဆက်ဆက် နေထိုင်လာခဲ့ကြသော ကချင်ပြည် နယ်မှာနေထိုင်တဲ့ သျှမ်းမျိုးနွယ်စုများအား KIA တပ်ဖွဲ့ တွင်းအမှုထမ်းရန် အတင်းအဓမ္မ ခြိမ်းခြောက်ဝင်ရောက် ခိုင်းပြီး စစ်သင်တန်းများ တက်ခိုင်းနေကြောင်း သိရပါတယ်။

KIA မုန်လိုင်ချက်သင်တန်း ကျောင်းတွင် စစ်သင်တန်းဖွင့်လှစ်ရန်အတွက် ကျေးရွာ များမှ လူလတ်ပိုင်း အမျိုးသားများကို အဓိကထား စုဆောင်းနေကြောင်း သိရပါတယ်။ သျှမ်းလူမျိုးများ အများဆုံးနေထိုင်တဲ့ တာ လောကြီး၊ ရွှေညောင်ပင်၊ အောင်မြေ (၁) ရွာများမှ ရွာသား ၈၀ ဦး စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

KIA တပ်ရင်း(၃) ဆိုင်းအောင်မှာလည်း သင်တန်းပေးဖို့ အတွက် စီစဉ်ထားပြီး သင်တန်းအတွက်ရွာသား ၈၆ ဦး ဖမ်းဆီးခံ ထားရကြောင်းသိရပါတယ်။

လူသစ်စုဆောင်း ဖမ်းဆီးခံရတဲ့ ရွာသားအများစုဟာ သျှမ်းမျိုးနွယ်စု များဖြစ်ကြပြီး ကြောက်လန့်သည့်အတွက်ကြောင့်သာ စစ်သင်တန်း တက်နေကြရတယ်လို့ သိရပါတယ်။

မုန်လိုင်ချက်နှင့် ဆိုင်းအောင်မှာ ဖွင့်ထားတဲ့ KIA စစ်သင်တန်း ပြီးဆုံးပါက တရုတ်မြန်မာနယ်စပ်တွင် ကချင်ပြည်နယ်မှ သျှမ်းမျိုးနွယ်စုများဖြင့် တပ်ရင်းတစ်ရင်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါ တယ်။

KIA တပ်ရင်းအသစ်ဖွင့်လှစ်နိုင်ရန် ဇန်န၀ါရီလလဆန်းပိုင်းမှစတင်ပြီး မြေယာရှင်းလင်းခြင်းလုပ်ငန်း များကို စတင် လုပ်ကိုင်ခဲ့ကြောင်းသိရပါတယ်။


ပေးပို့သူအမည်ဖော်ပြထားခြင်းမရှိသော ပေးစာ ဖြစ်သည်။

22 comments :

  1. Anonymous said... :

    ဘိန်းဓပြကေအိုင်အေရဲ့ဇတ်သိမ်းကတော့မဝေးတော့ပါဘူး
    စောင့်ကြည့်ကြပါ

  1. Anonymous said... :

    "ကချင်" ဆိုတဲ့ ဝေါဟာနဲ့ ပတ်သက်လို့ နဲနဲ ရှင်းပြချင်ပါတယ်။ မြန်မာပြည်မှာ ကချင်ဆိုရင် ဂျိန်းဖောလူမျိုးကို ပြောတာဖြစ်ပါတယ်။ ကချင်စကား/ ကချင်လူမျိုးဆိုတာ ဂျိန်းဖောတွေကို ပြောတာဖြစ်ပါတယ်။ နောက်ပြီးတော့ KIA ဆိုတာလဲ ဂျိန်းဖောလူမျိုးတွေရဲ့ စစ်တပ်ဖြစ်ပါတယ်။ တခြားလူမျိုးစုအချို့မှာလဲ စစ်တပ်တွေရှိကြပါတယ်။ KIA ဆိုတာ ကချင်မျိုးနွယ်စုအားလုံးနဲ့ ဖွဲ့ထားတာ မဟုတ်ပါဘူး။

    ကချင်မျိုးနွယ်စုဆိုတာ အမှန်တကယ်မရှိပါဘူး။ ဒေသတွင်းနေထိုင်တဲ့ လူမျိုးတွေကို ပေါင်းပြီး "ကချင်မျိုးနွယ်စု" ဆိုပြီး မြန်မာပြည်မှာသာ ရှိတာပါ။ တရုတ်ပြည်မှာ စိန်းဖော (ဂျိန်းဖော) ဆိုတာပဲရှိပြီး လီဆူးတို့ တခြားမျိုးနွယ်တွေက သတ်သတ်စီဖြစ်ပါတယ်။

    နယ်မြေဒေသအရ မိုးကောင်း၊ မိုးညှင်း၊ ဝိုင်းမော်၊ နမ္မတီး၊ မိုးမောက်၊ ဟိုပင်၊ အင်းတော်ကြီး ကအစ ဒေသတော်တော်များများဟာ ရှမ်းနီများရဲ့ ဒေသဖြစ်ပါတယ်။ ဂျိန်းဖောတွေက လိုင်ဇာနဲ့ ရှမ်း/ကချင်နယ်စပ်မှာ နေတာ ဖြစ်ပါတယ်။

    နောက်တခါ အတိတ်အဖြစ်အပျက်တွေအရ KIA က တခြားလူမျိုးအပေါ်မှာ (ရှမ်းနီ၊ လီဆူး၊ ရဝမ်) လူမျိုးတွေအပေါ်မှာ အစုအပြုံလိုက် လူသတ်မှု ကျူးလွန်ခဲ့တဲ့ သမိုင်း အထောက်အထား ရှိပါတယ်။

    နောက်ပြီးတော့ KIA က ဖားကန့်/တနိုင်းဒေသ ကျောက်တွင်းအရေးအခင်းတွေရယ်၊ ဘိန်းနဲ့ ပတ်သက်တဲ့ မူးယစ်ဆေးဝါး (လိုင်ဇာမှာ ကျင်းပခဲ့တဲ့ ပွဲတွေမှာ လူငယ်တွေ လွတ်လပ်စွာဘိန်းရှူခွင့်ရှိပါတယ်။ ကေအိုင်အေက မဖမ်းပါဘူး) မှုတွေမှာ ပါဝင်ပတ်သက်နေပါတယ်။

    KIA နဲ့ "ကချင်" ဆိုတာ ဝေါဟာရအကြောင်းကို နဲနဲရှင်းပြချင်လို့ပါ။ နောက်ပြီးတော့ ကချင်ပြည်နယ်ရဲ့ politics အကြောင်း နဲနဲပါ။

  1. Anonymous said... :

    ဇာတ်သိမ်းလား ဇာတ်မျောလား ကိုယ့်လူ။ ဒီလိုအခြေအနေတွေ မြင်လာတာ ကျုပ်တသက်ပဲ။ အွန်လိုင်းမှာ ကွန်မန့် ပေးတဲ့လူတောင်မှ ငြိမ်းချမ်းရေးစကား မပြောနိုင်ရင် လက်နက်ရှိတဲ့ ဗမာစစ်တပ်က ဝေးသေးတယ်။

  1. Anonymous said... :

    KIA က ဘိန်းရှူတာ မဖမ်းဘူး။ လွတ်လပ်ခွင့် ပေးထားတယ်။ ရန်ကုန် တိုင်းဒေသကြီးက ရဲတွေ လွှတ်ပေးထားလို့ လူငယ်တွေ စိတ်ကြွဆေးသုံးပြီး ဆေးကြောင်တာမျိုးတွေ မကြားဖူးဘူးလား။

  1. ကိုယ့်လူတို့ရယ် သမိုင်းကို introduction လောက်တော့ဖတ်ပြီးဝေဖန်ကြပါ။ anonymous အစား ကိုယ့်နာမည်ကို ရေးရင်တော့ပိုကောင်းမယ်။

  1. Anonymous said... :

    xxxx irrawady your blog is xxxx

  1. Anonymous said... :

ိအထက်ကစာကိုေ၇းတဲ့သူဟာအနည်းဆုံးစစ်အစိုးရရဲ့လက်ကိုင်တုတ်ထဲကပဲ
    ဖြစ်ပါလိမ်မယ်။(သိုမဟုတ်က)အမြင်ကျင်ပြီးစစ်အာဏာရှင်းစနစ်လက်အောက်မှာနေပျော်၊နေထိုက်သူတွေရဲ့စကားသံပါ။

  1. Seng said... :

    Well ...IF you don't want to serve for Kachin Land and it's people you can leave anytime you want from Kachin State. As long as you live and get benefit from Kachin Land you must serve it. That is every citizen Duty. NOT JUST SHAN, Burman, Indian, Chinese everyone in Kachin State must sever and protect Kachin Land.
    Kachin in Shan State has been serving for Shan State for hundreds of years already.

  1. Anonymous said... :

    ကချင်ပြည်နယ်ကြီးက ကချင်တိုင်းရင်းသားတွေကိုဘဲ အကျိုးပြုနေတာမဟုတ်ဘူးဆိုတာ လူတိုင်းသိမယ်လို့ထင်ပါတယ် ။ ဘယ်သူကိုမှ ဘက်လိုက်တယ်ဆိုတာမရှိခဲ့ပါဘူး ။ ကချင်ပြည်နယ်က အသီးအပွင့်တွေကိုလည်း ကချင်ပြည်နယ်သားတွေက ဘယ်တော့လက်ဝါးကြီးအုပ်ထားတယ်ဆိုတာလဲ မရှိခဲ့ပ...ါဘူး ။ ဒါကြောင့်မို့ ကျွှန်တော်တို့ ကချင်ပြည်နယ်ကြီးကို အခြားက လက်ဝါးကြီးလာအုပ်ရင်လဲ မကြိုက်ပါဘူး ။ကချင်ပြည်နယ်တိုက်ပွဲဖြစ်တော့ ဒုက္ခသည်တွေကို ထမင်းလေးတလုပ်တောင် မသထာတဲ့ လောပန်းဆိုတဲ့ လူတွေ နောက်တစ်ကြိမ် ကချင်ပြည်နယ်ကို လာအုံးမှာလားလို့ မေးလိုက်ပါရစေ . . . ခင်ဗျားတို့က တော့ ကချင်ပြည်နယ်ရဲ့ အဖူးအညွန့်တွေ ခူးပြီးကြီးပွားနေချိန်မှာ ကချင်ပြည်နယ်ကြီး ဒုက္ခဝေနေချိန်မှာ ပန်းလေးတစ်ပင်တောင်စိုက်ပေးဖော်မရတဲ့ ခင်ဗျားတို့ စိတ်ဓါတ်တွေက

  1. Lisu lay said... :

    စစ်အစိုးရထက်KIAကပိုဆိုးနေတာကခက်နေတာကိုယ့်လူတို့ရေး...အဖြစ်မှန်ကိုတကယ်သိချင်ရင်ကချင်ပြည်နယ်မှာနေတဲ့..ဒါမှမဟုတ်မှောထဲရောက်ဖူးတဲ့လူတိုင်းကိုသွားမေး..မပြောရဲလို့မပြောတာသာရှိမယ်..စာမျက်နှာပေါ်ရောက်တယ်ဆိုတာမခံနိုင်လွန်းလို့ရောက်တာတွေပါ..

  1. Anonymous said... :

    မသိပဲနဲ့  မအာရင်ကောင်းမယ်. KIA လုပ်နေတာတွေ အားလုံးထာက်ခံတယ် . ဘာကြောင့်လုပ်တယ်ဆိုတာမေးစရာမလိုဘူး.
    သူတို့ လုပ်စရာရှိတာလုပ်သွားလိမ့်မယ်. သူတို့ မှာ ပြည်သူတွေရဲ့ ထောက်ခံမှုတွေ အများကြီးရနေပြီးသားပါးး ပြည်သူတွေ လည်းသိပ်ခံပြင်းနေတယ်..မြန်မာပြည်လို့ ခေါ်တဲ့ အစိုးရလုပ်တဲ့အဖွဲ့ တွေတောင် ဒီလိုလုပ်နေတော့ KIO ကလဲဒီလိုတော့ကြည့်မနေသင့်ဘူးလေ.. ..

  1. Naw Kareng said... :

    ဧရာဝတီ လည်း အထောက်ထားမဲ့ ကုန်းချော်၊ လူမျိုးရေး ပဋ္ဌိပက္ခ ဖြစ်အောင် များဖန်တီးနေတာလား၊

  1. Anonymous said... :

    ဧရာဝတီ လည်း စစ်အစိုးရရဲ့လက်ကိုင်တုတ်ထဲကပဲ
    ဖြစ်လာပါပြီအားမ ပေ:ချင် တော့ဘူး

    စစ်အစိုးရက လူမျိုးစု တွေအပေါ်မှာ အစုအပြုံလိုက် လူသတ်မှု ကျူးလွန်ခဲ့တဲ့ သမိုင်း အထောက်အထား ရှိပါတယ်။
    ကျနော် ဗမာ မုန်းပါသလား။ မမုန်းပါဘူး.။ ဗမာ မှ မဟုတ် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကိုမှ မမုန်းပါဘူး။ ဒါပေမယ့် ဗမာမဟုတ်တဲ့လူနည်းစု တိုင်းရင်းသားလူမျိုးတွေမှာ ရှိတတ်တဲ့ Anti-Burmese Sentiment လေးတော့ ရှိတယ်ဆိုတာ ၀န်ခံပါတယ်… ဒါကလည်း ဘ၀အတွေ့အကြုံ၊ ဖြတ်သန်းလာတဲ့ခေတ်စနစ်နဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သွားကြတဲ့ (အုပ်ချုပ်နေဆဲဖြစ်တဲ့) ဗမာကြီးစိုးတဲ့ အစိုးရအဆက်ဆက်ရဲ့ မှားယွင်းပြီး တရားမျှတမှုမရှိတဲ့ အမျိုးသားရေး မူဝါဒလမ်းစဉ်တွေကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ ယိုးစွပ်ပါရစေ။ ကိုယ်နဲ့ မျိုးနွယ်မတူ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာမတူ၊ စာပေဘာသာစကား မတူတဲ့ အတွက် တိုင်းတပါးသားလို့ သုံးနှုံးလိုက်ကြောင်းပါ။ ဒီလိုပဲ ကချင်လွတ်မြောက်ရေးအစိုးရ/တပ်မတော်မှ အမှုထမ်းတွေ အများစုဟာလဲ ကချင်မျိုးနွယ်စုဝင်တွေပါ .. ဒီတော့ ဗမာစစ်တပ်က ကချင်နယ်မြေကို ကျူးကျော်စစ်ဆင်လို့ ကချင်စစ်တပ်က တွန်းလှန် တိုက်ခိုက်ရတယ်လို့ပဲ ယေဘုယျ မှတ်ယူရမှာပါ.. တိုင်းတပါးသားတွေ ကျူးကျော်တိုက်ခိုက်လို့ ပြန်လည်ခုခံနေရတဲ့ အနေအထားပါ .. နောက်တစ်ချက်က ကေအိုင်အေကို

    စစ်ဆင်ရေးလုပ်တယ်ဆိုရင် ကေအိုင်အေစခန်းတွေ၊ ကေအိုင်အေစစ်သားတွေကိုပဲ တိုက်ပါလားဗျာ။ ဘာလို့ အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အဦတွေကိုပစ်မှတ်ထားရတာလဲ။ ကချင်တွေကို မျိုးဖြုတ် သတ်ဖြတ်ချင်လို့လား။ အစိုးရတပ်တွေလုပ်တာ တို့ဗမာတွေနဲ့ ဘာဆိုင်လို့တုန်းလို့ ထပ်မေးပါလိမ့်မယ်.. ကျနော် ဥပမာ တစ်ခုပေးပါရစေ။ ဆိုပါတော့ယိုးဒယားစစ်တပ်က ရန်ကုန်မြို့ကို သိမ်းဖို့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်စစ်ဆင်နေတယ်ဆိုပါစို့။ ဘယ်ဗမာ မဆို ဒီယိုးဒယားတွေ ငါတို့ကို ကျူးကျော်စော် ကားနေတယ်လို့ပဲ ယေဘုယျတွေးကြမှာပဲ မဟုတ်လား။ တလောကမှ ဖြစ်သွားတဲ့ ဗမာအမျိုးသမီး တစ်ယောက်ကို ဂျပန်တစ်ယောက်ပါးရိုက်တဲ့ ဖြစ်စဉ်ကိုပဲ ကြည့်ပါလား။ ဂျပန်စော်ကား သွားတယ်လို့ပဲ မြင်ကြတာပဲမဟုတ်လား။ ကျနော် ဗမာမုန်းတီးလို့ ဒီလိုပြောနေတာ မဟုတ်ဘူးနော်.. ကချင်လူမျိုးတစ်ယောက်ရဲ့ ခံစားချက်ကို ကချင်အမြင်ဘက် (from a Kachin’s point of view or perspective) ကနေနဲ့ ထုတ်ဖော်ပြနေတာပါ.. စစ်ပွဲမှာ သေဆုံးသွားတဲ့ ဗမာစစ်သည်တစ်ယောက်ရဲ့ မိသားစုဝင်တွေလဲ ငါ့သား၊ ငါ့ခင်ပွန်း၊ ငါ့အဖေကို ကချင်သတ်သွားတယ်လို့ပဲ မြင်မှာပဲလေ.. ဒီတော့ဆိုလိုရင်းက ကျနော်တို့ ကချင်တွေကို ဗမာတွေတိုက်နေတယ်လို့ ယေဘုယျသတ်မှတ်မယ်ဆိုရင် လွန်မယ်မထင်ဘူးလို့ ပြောချင်တာပါ။



    ဒီတော့ မေးစရာ ရှိလာပါလိမ့်မယ် အစိုးရက ကချင်တွေကို စစ်ဆင်ရေးလုပ်တာပဲ၊ ဗမာလူမျိုးတွေ ကချင်တွေကို သွားတိုက်နေတာမှ မဟုတ်တာလို့ ဖြေကောင်း ဖြေပါလိမ့်မယ်.. ကချင်လူမျိုးတွေကို တိုက်နေတာမှ မဟုတ်တာ။ ကချင်သူပုန် ကေအိုင်အို/ကေအိုင်အေကို တိုက်နေတာပါလို့ ပြောကောင်းပြောပါလိမ့်မယ်။ ဟုတ်ကဲ့ပါ အတိုင်းအတာတစ်ခုထိ မှန်ပါတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ဖွဲ့စည်းပုံ အဆင့်ဆင့်မှာ တာဝန်ရယူထားကြတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအားလုံးနီးပါးဟာ ဗမာလူမျိုးတွေ ဖြစ်တယ်ဆိုတာ သတိပြုစေလိုပါတယ်။

  1. မြန်မာပြည်သား said... :

    ဒလန် သတင်းအား ယခုလို တင်ပေးခြင်းအတွက် ဧရာဝတီအားကျေးဇူးတင်ပါတယ်။ ဖြစ်ရပ်အမှန်မှာကတော့ ယခုသတင်းနှင့်ပြောင်းပြန်ဖြစ်ပါ တယ်။ ယမန်နှစ် အစိုးရမဒိမ်းတပ်နှင့်စစ်ပွဲများ စတင်ချိန်ကာလတွင် မဒိမ်းတပ်မတော်မှ တာလောကြီးမှ ရှမ်းလူငယ်တစ်ဦး အား ကေအိုင်အေ ဟု ယိုးစွပ်ကာ ဖမ်းဆီးသတ်ဖြတ်ခဲ့၇ာမှ သျှမ်းလူငယ်များမှ မကျေမနပ်ဖြစ်ကာ ကေအိုင်အေထံ စစ်သင်တန်းလာရောက်သင်ယူနေခြင်းဖြစ် တယ်ဆိုတာပါ။ သင်တန်းယူပြီး အဲဒီနယ်မှာ မဒိမ်းတပ်ကိုပြန်ပြီး ခုခံကာကွယ်နေကြ တာပါ။ အဲဒါကာ အစိုးရ ဒလန်များက ပုံကြီးချဲ့နေကြတာ ရယ်တော့ အတော်ရယ်ရပါကြောင်းပါ။ အပေါ်က Anonymous said...

    "ကချင်" ဆိုတဲ့ ဝေါဟာနဲ့ ပတ်သက်လို့ နဲနဲ ရှင်းပြချင်ပါတယ်။ မြန်မာပြည်မှာ ကချင်ဆိုရင် ဂျိန်းဖောလူမျိုးကို ပြောတာဖြစ်ပါတယ်။ ကချင်စကား/ ကချင်လူမျိုးဆိုတာ....

    ကွန်မန့်ပေးသူကတော့ သွေးခွဲစကားကိုတွင်တွင်ပြောနေတာ အထင်အရှားပါ။ ကိုယ့်လူ အခုခေတ်မှာ လူတွေအဲဒီလောက်မအတော့ပါဘူး။ ဒီလို ၀ါဒဖြန့်တာတွေ ခေတ်နောက်ကျသွားပါပြီ။

  1. khin mg oo said... :

    I think that kind of ethnic problems news must not be posted in Irrawaddy poost,and the writer is unknoun person.

  1. Anonymous said... :

    Irrawaddy news media finally turned into full of propaganda and bias. I just wanted to suggest that before posting any news, it is better to do validation. Or you, Irrawaddy news, will lose your popularity and trust from readers.

  1. I really hate the person who wrote the above letters. Because , he is not 100 % of Kachin or he teachers are 100% away of Kachin people. People who were born the area of Kachin, they must service for birth land. This is call motherland of Kachin. If General Thanswe was born in China , he must give he life for China people or motherland. You need to understand who are your parents had felt for you.

  1. Anonymous said... :

    Irrawaddy ...wow ..i don't know either you just become a Junta alliance or just a trashy media site. you posted all kind of funny stuffs.. If you don't have anything better to post ..try copy from others

  1. မင်းသူ said... :

    ဒီ site က network error ဖြစ်သွားတာ ကြာပြီ
    အခုမှ ကြည့် လို့ ရတာပါ။
    ပြန် ဖွင့်လို့ ရတဲ့ နောက်ပိုင်း အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း တွေ ကို တိုက်ခိုက်တဲ့ post တွေ မြင်လာရတယ်။
    စစ် အစိုးရ ရဲ့ hack လုပ်ခြင်းခံ ရတာဘဲနေမယ်။

  1. Anonymous said... :

    ပင်လုံစာချုပ်တစ်ခုရဖို့အတွက် အရင် Proper Burma မှာပါခဲ့တဲ့နယ်တွေကို ကချင်ပြည်နယ်ဖြစ်လာအောင် ပေးခဲ့တော့ ဒေသခံရှမ်းတွေ ဗမာတွေ ဘုံပျောက်ခဲ့ရဖူးပါတယ်။ အရင်က ပြည်နယ်ဖွဲ့မရလောက်အောင်ခေါင်တဲ့ တောင်တန်းအချို့သာ ကချင်(ဂျိမ်းဖော)ပိုင်နက် ဖြစ်ခဲ့တယ် လို့ သမိုင်းအရသိရပါတယ်။ ခုတော့ ဒီလူတွေ လူတွေနယ်ချဲ့နေတာ သိလိုက်ရပါပြီ။

  1. Anonymous said... :

    ဟုတ်ပါသည် ။ မှန်ပါသည်။ KIA က လူသစ်တွေစုဆောင်းနေတာမှန်ပါသည်။ ကျနော်ကမြစ်ကြီးနားကမို့ ဒီသတင်းအမှန်ဖြစ်ကြောင်းထောက်ခံပါသည်။စစ်အစိုးရမကောင်းသလို KIA/KIO ကလည်းမကောင်းပါ တရုတ်တွေကို ပြည်ထဲခေါ်လာပြီး ကချင်ပြည်နယ်ရဲ့ အသီးအပွင့်တွေကိုဆွတ်ခူးခိုင်းဖို့ကလွဲရင်ဘာမှမလုပ်တတ်ပါ။ ဒေသဖွံဖြိုးရေးထက် သူတို့ ချမ်းသာဖို့ံ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ကြတာပါ။ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ အစည်းနှစ်ဖွဲ့ ဖြစ်တဲ့ ဦးဇခုန်တိန့်ယိမ်း နှင့် ဦးလဆန်အောင်ဝါ တို့ကိုပဲကြည့်ပါ ဘာမှဒေသဖွံဖြိုးရေးအတွက်မလုပ်ပါ ။ သူတို့ချမ်းသာဖို့အတွက်တရုတ်တွေနဲ့ပေါင်းပြီးရသမျှ ထွက်သမျှအကုန်ယူနေကြပါတယ်။ ဒေသဖွံဖြိုးရေးဆိုတာဘာလဲ ဆိုတာကိုကောင်းကောင်းသိပုံမရပါဘူး ။ စစ်ပြေးတွေလဲအရမ်းများလာပြီ တိုးတက်ဖို့  အပြိုင်အဆိုင်လုပ်ရတော့မယ့်ကာလပါ။ စစ်ပွဲတွေအဆုံးသတ်ပါတော့လို့ပြောချင်ပါတယ်။ ဒေသဖွံဖြိုးတယ်ဆိုတာ ပြည်နယ်ထဲမှာ တရားမ၀င်တရုတ်တွေ စီးပွားရေးမှာလက်ဝါးကြီးအုပ်ဖို့ံ့အခွင့်အရေးပေးတာမဟုတ်ဘူး။ ကျောက်စိမ်းတွေရွှေတွေကျွန်းသစ်တွေ တရုတ်ကိုရောင်းစားတာမဟုတ်ဘူး။လိုင်စင်မဲ့ကားတွေပေါများနေတာမဟုတ်ဘူး ။ မီတာခတွေဈေးကြီးတာ မီးမမှန်ပဲ မီတာခတက်တာမှန်နေတာမဟုတ်ဘူး။ ပျက်ဆီးလေလွင့် နေတဲ့လူငယ်တွေများတာမဟုတ်ပါဘူး။ဘိန်းစားတွေများလာတာပြည်နယ်တိုးတက်တယ်မခေါ်ပါဘူး လို့ တာဝန်ရှိသူတွေသိအောင် ပြောပေးကြပါဦး...........

  1. mg lay said... :

    ကချင်လူငယ်တွေကိုလဲမေးကြည့်ပါ အခုအချိန်မှာKIA ထဲဝင်မလားလို့ မေးကြည့်ပါ ။ ကချင်လူငယ်တွေကြောက်ပြီးတောကျတဲ့ရွာတွေဖက်တောင်မသွားရဲကြပါ။ ကချင်ပြည်နယ်မှာ စစ်တပ်ကိုကြောက်ရ KIA ကိုကြောက်ရ စီးပွားရေးလုပ်မယ်ဆိုရင်လဲ ဟိုလူပေးရ ဒီလူပေးရ နဲ့ တော်တော်လုပ်ရကိုင်ရကြပ်ပါတယ်။ ကချင်ပြည်နယ်မှာသယံဇာတတွေမြေပေါ်မြေအောက်အလွန်ပေါကြွယ်လှပါတယ်။ ဒါတွေကို တရုတ်တွေကိုပဲအခွင့်အရေးပေးပြီးလုပ်ခွင့်ပေးနေတာကိုလုံးဝမကြိုက်ပါဘူး တိုင်းရင်းသား company နာမည်နဲ့ တရုတ်တွေကိုပေးမလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်။တိုင်းရင်းသားတွေသာအခွင့်အရေးရမယ်ဆိုရင် ကချင်ပြည်နယ်သူပြည်နယ်သားတွေ ကောင်းစားလာမှာပါ ။ တရုတ်တွေကိုအခွင့်အရေးမပေးပါနဲ့ လို့ ပြောချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved