လွှတ်တော်မှာ NLD တနေရာ ရပြီ

Tuesday, February 21, 2012



ဓာတ်ပုံ - 7Day ဂျာနယ်

လူထုထောက်ခံမှု အများဆုံး ဖြစ်သော NLD သည် ကြားဖြတ်ရွေးကောက်ပွဲ မ၀င်မီမှာပင် လွှတ်တော်ကိုယ်စားလှယ် တဦး ရရှိသွားသည်။

ထိုသူမှာ မကြာသေးမီက NLD နှင့် ပူးပေါင်းလိုက်သော ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၄) လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုး ဖြစ်သည်။

သူ့အား NLD က လက်ခံလိုက်ပြီ၊ဖြစ်ကြောင်း ယနေ့ ပြုလုပ်သော ရန်ကုန်ရုံးချုပ် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

ဒေါက်တာမြတ်ဉာဏစိုးသည် ယခင်က NDF ပါတီဝင် ဖြစ်သည်။ သက်တမ်း တနှစ်ပြည့်တော့မည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတွင် အဖွဲ့ဝင်တဦး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD က ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ဟု ကြေညာပြီး တလ အကြာ ဒီဇင်ဘာလလယ်ပိုင်းတွင် ဒေါက်တာမြတ်ဉာဏစိုးက သူ၏ မိခင်ပါတီမှ နုတ်ထွက်ခွင့်တောင်းရာ ပါတီက ချက်ချင်း ခွင့်ပြုခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ခန့်တွင် သူ နှင့် NDF ပါတီဝင်ဟောင်း လသာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်တို့ NLD ပါတီဝင်ရန် လျှောက်လွှာ တင်လိုက်ကြသည်။

သို့သော်လည်း ဦးကြည်မြင့်အား NLD က အဖွဲ့ဝင်ခွင့်ပေးပြီဟု မကြေညာသေးပေ။

ဝင်ခွင့်ပြုပါက NLD သည် ကြားဖြတ်ရွေးကောက်ပွဲ မ၀င်မီမှာပင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ရမည် ဖြစ်သည်။

NLD က လစ်လပ်နေရာ ၄၈ နေရာရှိသော ကြားဖြတ်ရွေးကောက်ပွဲအတွက် အစပြု မဲဆွယ်လျက်ရှိသည်။

ညွှန်း - http://moemaka.blogspot.com/

7 comments :

  1. Ko Ba Khet said... :

    Well done.
    Well done.

    Your Honourable Myat NyarNa Soe.

  1. မျိုးမြန်မာ said... :

    ဒါဆို ကြားဖြတ်ရွေးကောက်ပွဲပြီးရင် NLD က လွှတ်တော်မှာ အမတ် 49 နေရာဖြစ်ပြီပေါ့း))))

  1. လူလေး said... :

    NDF က NLD ပြန်တည်ထောင်ရင် ပြန်ပူးပေါင်းမယ်ဆို
    ပြီး တစင်ထောင်ရတဲ့အရာသာနဲ့ အာဏာရစ်မူးသွားပြန်
    ပြီထင်တယ်။ NDF လူကြီးတွေလည်း NLD ပြန်သွားရင်
    နေရာမရမှာကြောက်နေကြတယ်ထင်တယ်။ သမိုင်းမှာ တချို့နိုင်ငံရေးသမားကြီးတွေက နောက်ဆုံးမှာအာဏာရစ်မူးကုန်ကြတယ်။ အာဏာနဲ့အခွင့်အရေးရရင်ပြောင်းလဲကုန်
    ကြတယ်။ NDF လည်းအတူတူဘဲ...

  1. Tomahawk said... :

    thar kuu myat nyan soe ,
    you are just traitor and a follower of big traitor khin mg swe & than nyein.
    i don't care of a traitor but you jumped from one boat to another now you jump back again.
    we do not need traitor like you in future politic of Burma.
    shameless guy !

  1. Anonymous said... :

    welcome to NLD!
    You R doing the right way DR. MNNSoe.
    If he is Tharguu, he might choose Pyi Khaing Phyo other than NLD.
    Now, NLD can count ur seat in the parliament!
    and you can tell NLD voice in parliament. Thanks!

  1. Soe Lwin said... :

    Before election he joined Ta-Sa-Nya party first. Ta-sa-nya deny him and he joined NDF.
    At လွှတ်တော် you and Khin Shwe are
    very good relation. Now you jumped to NLD.
    If you trust DASSK, why you enter 2010 election?
    You are very ideal Tharguu.

  1. jungleguy said... :

    Well done Bro. I admire your very decisive decision. Be good luck.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved