ဒေါ်နေရီဗဆွေ NLD နဲ့ ပေါင်းပြီ

Thursday, February 23, 2012




ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု (Photograph: Jack Davies for the Guardian)

NLD က ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်နေရီဗဆွေအား ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း သိရသည်။

''သူ့ကို လက်ခံပြီးပြီ။ သူ ပါတီဝင် မလျှောက်ခင်ကတည်း က ကျွန်တော်တို့နဲ့ တွေ့ပါ တယ်။ ကျွန်တော်တို့က သူ့ကို လျှောက်လွှာတင်တာနဲ့ တစ်ခါတည်း လက်ခံလိုက် တယ်'' ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဥာဏ်ဝင်းက တနင်္လာနေ့ NLD သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ကြောင်း
ပေါ်ပြူလာနယူးစ် ဂျာနယ် facebook စာမျက်နှာတွင် ယနေ့ညနေပိုင်းက ဖော်ပြထားသည်။

ဒေါ်နေရီဗဆွေသည် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တွင် ခေါင်းဆောင်ပိုင်းနေရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ယခု ထိုပါတီတာဝန်များ ဆက်လက် ထမ်းဆောင်ခြင်း ရှိမရှိ မသိရသေးပေ။

၎င်းသည် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီးဖြစ်ပြီး ၁၉၇၀ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။

၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲတို့တွင် ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။

မြန်မာပြည်နိုင်ငံရေးတွင် အမြဲပါဝင်လေ့ရှိသူ
ဒေါ်နေရီဗဆွေက NLD နှင့် ပူးပေါင်းလိုက်သော်လည်း သူ၏ လုပ်ဖော်ကိုင်ဘက်များ ဖြစ်သော ဒေါ်သန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး) တို့ NLD ပါတီ ၀င်ရန် အစီအစဉ် ရှိမရှိ မသိရသေးပေ။

NLD က ထင်ရှားသည့် နိုင်ငံရေးသမား
တဦး ဖြစ်သော ဒေါက်တာမြတ်ဉာဏစိုးဒါက်တာမြတ်ဉာဏစိုးအား ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။

ညွှန်း - http://moemaka.blogspot.com/

1 comments :

  1. Anonymous said... :

    Burma Media Wash ပြော-
    (၁)ဗမာပြည်မှာ နာရီတွေကများ အချိန်တွေမှန်နိုင်ပါတော့မလား..

    (၂)ဗမာပြည်မှာ ပါတီတွေကများ..အား..ဟာ့..ဟာ...
    (၃)နိုင်ငံရေးပါတီအသေးအမွှား..မှင်စာလေးတွေများ..။
    (၄)မှင်စာနိုင်ငံရေးပါတီလေးတွေ..ဒီမိုကရေစီ..ဟိတ်..ဆိုပြီး..အလွန်အကျွန်မွစာကျဲတာအလုပ်ဖြစ်သလား..။
    (၅)နိုင်ငံကိုဦးဆောင်နိုင်တဲ့အား၊ဘယ်သူ့မှာရှိသလဲ။
    ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ၊အလကားရတိုင်းခြေရှုပ်ကြတာ..စဉ်းစားကြပါဗျာ..။
    (၆)အချိန်ရှိပါသေးတယ်..။မှင်စာလေးတွေ..သတိတရားရပြီး၊လမ်းပေါ်ကဆင်းပေးရင်၊လူသာဒုခေါ်..
    နတ်..သာဓုခေါ်ကြမှာပါခင်ဗျာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved