CNN မှာ တွေ့ရတဲ့ နေပြည်တော် မြင်ကွင်း

Thursday, February 23, 2012

Everyone is happy, you see!

ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ ဝေးနေခဲ့ရတယ်၊ ခုတော့ ပွင့်လင်းလာပြီ။ ကြိဆိုရမှာပဲ။ အားလုံး ဟက်ပီး ဖြစ်နေကြပြီ၊ တွေ့တယ်မဟုတ်လား တဲ့။ ဦးခင်မောင်ကြီးက ပြောတာပါ။

CNN ရုပ်သံရဲ့ ၃ မိနစ်ကြာ ရုပ်သံမှာ သူက ပြောသွားတာပါ။ လွှတ်တော်ထဲက စစ်အရာရှိများကိုလည်း မှတ်တမ်းတင် ရိုက်ကူးသွားပါတယ်။ (နိုင်ငံရေးသမား) အများစုက စစ်ဗိုလ်တမတ်သား အစီအစဉ်ကို သဘောမကျကြဘူးလို့ ရုပ်သံမှာ ထုတ်လွှင့်သွားပါတယ်။

ရုပ်သံမှာ ထုတ်လွှင့်သွားတဲ့ တမတ်သားတချို့ရဲ့ မြင်ကွင်း

စစ်ဗိုလ်တွေ လွှတ်တော်ထဲ အိပ်နေ အဲ ရှိနေတာဟာ နိုင်ငံတကာ ပရိသတ်အတွက် ထူးခြားနေမှာပါ။ မြန်မာပြည် နိုင်ငံရေးမှာ ဒီအချက်က အရေးကြီးပါတယ်၊ ဒီထက် အရေးကြီးတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအကြောင်းကိုတော့ ထည့်ပြောမသွားပါ။


ဒီရုပ်သံကတော့ နေပြည်တော်ရောက် CNN သတင်းထောက်ရဲ့ ၃ မိနစ်စာ သတင်းပေးပို့ချက် ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved